အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
(၇၂) နှစ်မြောက် တပ်မတော်နေ့တွင် ပေါ်ထွက်ခဲ့ သည့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အငြိမ်းစားတပ် မတော် အရာရှိကြီးများ တွေ့ဆုံ နေသည့်ပုံသည် ယမန်နှစ်ကပုံများ သာဖြစ်ကြောင်း အဆိုပါဓာတ်ပုံ များ ရိုက်ကူးခဲ့သူက အတည်ပြု ပြောကြားသည်။
နေပြည်တော်ရှိ ဦးသန်းရွှေ ၏ ကြီးကျယ်ခမ်းနားသောနေအိမ် ၌ တပ်မတော်အငြိမ်းစားအရာရှိ ကြီးအချို့အား ဖိတ်ကြားဧည့်ခံခဲ့ သည့် အဆိုပါဓာတ်ပုံကို (၇၁) နှစ်မြောက် တပ်မတော်နေ့တွင် လက်ကိုင်ဖုန်းကင်မရာဖြင့် ရိုက် ကူးခဲ့ကြောင်း ဓာတ်ပုံရိုက်ကူးသူ ဦးအောင်ကျော်စိုးက 7Day Daily အား ပြောသည်။
ဦးအောင်ကျော်စိုးသည် ယင်းတွေ့ဆုံပွဲတွင် ပါဝင်သူ အငြိမ်းစား စစ်ထောက်ချုပ် ဗိုလ် ချုပ်အောင်ခင်၏ သားဖြစ်သည်။
ဗိုလ်ချုပ်အောင်ခင်သည် ဦးသန်းရွှေထက် စီနီယာကျသူ ဖြစ်သည်။ သို့သော် ယင်းတွေ့ ဆုံပွဲတွင် ပါဝင်သူ ဗိုလ်ချုပ်စော ဖြူက စီနီယာအကျဆုံးဖြစ်သည်။
‘‘မနှစ်ကတည်းက ရိုက်ထား တာ။ ဒါပေမဲ့ ဒီနှစ်မှတင်ဖြစ်တာ’’ ဟု ဦးအောင်ကျော်စိုးက ပြော ကြားသည်။
ယခုနှစ်တွင်မူ ဖခင်၏ ကျန်းမာရေးအခြေအနေကြောင့် တပ်မတော်နေ့အခမ်းအနားသို့ မတက်ရောက်နိုင်၍ ယမန်နှစ် ကပုံများကို တင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ အဆိုပါ တွေ့ဆုံပွဲသည် တစ်နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး သာ ကြောင်းမာကြောင်းနှင့် ရှေး ဟောင်းနှောင်းဖြစ်များ ပြောခဲ့ သည်ဟု ဦးအောင်ကျော်စိုးက ပြောသည်။
‘‘ကျန်းကျန်းမာမာကြီးပဲ။ ကိုယ့်အဖေထက်တောင် ဒေါင် ဒေါင်မြည်တယ်’’ဟု ဦးသန်းရွှေ ၏ ကျန်းမာရေးအခြေအနေကို ၎င်းက ပြောပြသည်။ သို့ဖြစ်၍ အဆိုပါဓာတ်ပုံသည်၂၀၁၁ မတ် လက ရာထူးမှ အနားယူပြီးနောက် လူမြင်ကွင်းတွင် တွေ့ရလေ့မရှိ သော ဦးသန်းရွှေကို ၎င်း၏နေ အိမ်အတွင်း ရိုက်ကူးခွင့်ရသော ရှားပါးဓာတ်ပုံဖြစ်သည်။
ဦးသန်းရွှေသည် ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံခဲ့သော်လည်း ဓာတ်ပုံပေါ် ထွက်ခဲ့ခြင်းမရှိပေ။
၂၀၁၆ သြဂုတ် ၁၂ ရက် ညနေက တရုတ်နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟိုကော်မတီနိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး Mr Song Tao နှင့် တွေ့ဆုံခဲ့သည့်ဓာတ်ပုံကို ဟောင်ကောင်အခြေစိုက် Phoenix Info News က ဖော်ပြခဲ့ ရာ အငြိမ်းစားယူပြီးနောက် ရိုက် ကူးခဲ့သောဓာတ်ပုံသည် Mr Song Tao နှင့် တွေ့ဆုံသော ဓာတ်ပုံ ထက် လေးလကျော် စောခဲ့ သည်။ဦးသန်းရွှေနှင့် ၎င်း၏မြေး ငယ်တစ်ဦး အိုင်ပက်ကြည့်ရှုနေ သော ဓာတ်ပုံထွက်ပေါ်ခဲ့သော် လည်း မည်သည့်အချိန်က ရိုက်ကူးခဲ့သည်ကို အတည်မပြုနိုင် ပေ။ထို့အပြင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ကိုယ် စားလှယ်အဖွဲ့ကို နိုဝင်ဘာ ၂၅ ရက်ညက နေပြည်တော်၌တွေ့ဆုံ ခဲ့သည့်ပုံလည်း တပ်မတော်နေ့ မတိုင်မီ ထွက်ပေါ်လာခဲ့သည်။
အငြိမ်းစားယူပြီးနောက် အချိန်ကာလမတူဘဲ ထွက်ပေါ်ခဲ့ သည့် ဓာတ်ပုံလေးပုံတွင် ဦးသန်း ရွှေသည် ရှပ်အင်္ကျီလက်ရှည်နှင့် ပုဆိုးကိုသာ ဝတ်ဆင်ထားသည်။
===================
251/End
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အငြိမ်းစားတပ်မတော်အရာရှိကြီးများ၏ပုံမှာ ယမန်နှစ်ကပုံများသာဖြစ်
၃၀ မတ် ၂၀၁၇ - ၁၂:၂၂
News ID: 820868
(၇၂) နှစ်မြောက် တပ်မတော်နေ့တွင် ပေါ်ထွက်ခဲ့ သည့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အငြိမ်းစားတပ် မတော် အရာရှိကြီးများ တွေ့ဆုံ နေသည့်ပုံသည် ယမန်နှစ်ကပုံများ သာဖြစ်ကြောင်း အဆိုပါဓာတ်ပုံ များ ရိုက်ကူးခဲ့သူက အတည်ပြု ပြောကြားသည်။