အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယနေ့ ဇဟိုရ်အချိန် မတိုင်မီ ပါကစ္စတန် နိုင်ငံ အနောက်မြောက်ပိုင်း ဒေသရှိ ရှီအာမွတ်စလင်မ် များ နေထိုင်သည့် ပါရာဂျနာရ် မြို့ ရှိ ရှီအာ အေမာမ်ဘာရာ တစ်ခု အနီး ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဤ ဖြစ်ရပ်ဆိုးကြောင့် ၂၂ ဦး ထက်မနည်း ရှဟီးဒ် ဖြစ် အလ္လာဟ် ဟို အရှင်မြတ် အမိန့်တော် ခံယူခဲ့ ပြီး အယောက် ၉၀ကျော် ဒဏ်ရာရခဲ့ကြောင်း သိရှိ ရပါတယ်။
ရှဟီးဒ်ဖြစ်သူ အရေအတွက်မှာ ပို၍များနိုင်ဖွယ် ရှိပါတယ်။ ထို့အတူ ဒဏ်ရာရသူများကို ဆေးရုံးများ သို့ ပို့ဆောင်ခဲ့ကြပါတယ်။ ဒေသဆိုင်ရာ သတင်းဌာနများ ၏ သတင်း အထောက်အထား အရ ပါကစ္စတန် နိုင်ငံ အနောက်မြောက်ပိုင်း ဒေသရှိ ရှီအာမွတ်စလင်မ် များ နေထိုင်သည့် ပါရာဂျနာရ် မြို့ ရှိ နူးရ် မရ်ကသ် ရပ်ကွက် ရှိ အေမာမ်ဘာရာ တစ်ခု အနီး ရှိ ကားတွင်ဗုံးထောင်ထားခဲ့ ခြင်း ဖြစ်ကြောင်း သိရှိုခဲ့ရပါတယ်။ ဗုံးပေါက်ကွဲမည့်သတင်း ကို အချို့ ဤဒေသဆိုင်ရာ ပါလီမန် ကိုယ်စားလှယ်များ အနေဖြင့် သတင်း ပေး အသိပေးထားကြောင်း လည်း သိရပါတယ်။ ဗုံးပေါက်ကွဲမှု သည် အေမာမ်ဘာရာ ၏ အမျိုးသမီးများဝင်ပေါက် အနီး ဖြစ်ခဲ့သည့် အတွက်ကြောင့် ရှဟီးဒ် ဖြစ်သူ အများစု မှာ အမျိုးသမီးများ နှင့် ကလေးများ ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။
ဤ ဒေသအားအရေးပေါ် အခြေအနေ အဖြစ်ကြေညာခဲ့ပါတယ်။ ဆရာဝန်များ အဖွဲ့လည်း ရောက် လာခဲ့ ပါ တယ်။ဤဗုံးပေါက်ကွဲမှု အသံ ဟာ ကီလိုမီတာ အတော် အဝေးရှိ လူထု အတွက် ကြောက်လန်မှု ကို ဖြစ်နေကြောင်း အစီရင်ခံစာ များ အရ သိရှိရပါတယ်။ မျက်မြင်သက်သေများ အရ ဗုံးပေါက်ကွဲမှု သည် ကားတစ်စီးအတွင်း မှ ဖြစ်ကြောင်း သိရှိရပါတယ်။
ပါကစ္စတန် သမ္မတ မမ်နူးန်ဟိုစိန် ၊ ပါကစ္စတန် ဝန်ကြီးချုပ် မိုဟမ္မဒ် နဝါဇ်ရှရီးဖ် တို့မှ သီးခြားဆီ ဤ ပါရာဂျနာရ် မြို့ ရှိ ရှီအာ အေမာမ်ဘာရာဗုံးပေါက်ကွဲမှု အတွက် ထုတ်ပြန်စာ ကြေညာခဲ့ပြီး ဤ အကြမ်း ဖက်သမားများ၏ အကြမ်းဖက်မှု ကို ပြစ်တင် ရှုံ့ချကြောင်း ရှဟီးဒ် ဖြစ်သွားသူများ ၏ မိသားစု ဝင်များကို ဝမ်းနည်းကြောင်း ပြောကြားခဲ့ကြပါတယ်။ ပြီးနောက် သက်ဆိုင်ရာ တာဝန်ခံ များကိုလည်း အကောင်းတကာ အကောင်းဆုံး ဆရာဝန်များပို့သမှု နှင့် ဒဏ်ရာရ လူနာများ ကို ကုသမှု ပြုပေးရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။
မှတ်သားစရာအချက်မှာ ပါရာဂျနာရ်မြို့သည် ရှီအာမွတ်စလင်မ်များနေထိုင်သည့် မြို့များမှ တစ်မြို့ ဖြစ်ပြီး ပါကစ္စတန် နိုင်ငံ မြောက်ပိုင်း ရှိ တိုင်းသားဒေသများမှတစ်ခု ဖြစ်ပါတယ်။
ဤ အကြမ်းဖက်တိုက်ခိုက်မှု မှာ တာလီဘန် အစ္စလာမ်အမည်ခံ အစွန်းရောက် စစ်သွေးကြွများ နှင့်အခြား အစွန်းရောက် အစ္စလာမ် ခုတုံးလုပ်စစ်သွေးကြွများ ၏ လုပ်ချက် ဖြစ်ပါတယ်။ ယခုနှစ် ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၂၁ရက် နေ့တွင်လည်း ပါရာဂျနာရ် မြို့ရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ ထိုဖောက်ကွဲမှုတွင်လည်း ၂၅ဦးရှဟီးဒ် ဖြစ်ခဲ့ပြီး ဆယ်ဦးအထက် ဒဏ်ရာရခဲ့ပါတယ်။












=================
251/End