အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရတ်နိုင်ငံ၏လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ကြေညာချက်အရအကြမ်းဖက်သူပုန် အုပ်စု အစ္စလာမ် ခုတုံးလုပ် အုပ်စု ဖြစ်သည့် IS (ခ) ဒါအေရှ် အဖွဲ့မှ မိုစေလ်မြို့နေအိမ်ထောင်စု ဝင်များ မှ ကလေးငယ် ၃၀၀ ကို ဖမ်းယူပြီး ၎င်းတို့ကို ဓားစာခံ အဖြစ် အသုံးချနေပါကြောင်း သိရှိ ခဲ့ရပါတယ်။
မိုစေလ်မြို့ ရှိ ရပ်ကွက် ကျန်းမာရေး အမှုထမ်းများမှ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ကို ၅ ဦး သို့မဟုတ် ၇ ဦးပါဝင်သည့် IS (ခ) ဒါအေရှ် အဖွဲ့ မှ ရပ်ကွက်များရှိနေအိမ် များတွင် ကလေးများ ကို လိုက်ရှာခဲ့ကြောင်း မတ်လ ၂၉ ရက်နေ့ တွင် ကျန်းမာရေး ရပ်ကွက် မှ ကလေး ၁၇ ဦး ဓားစာခံ အဖြစ် ဖမ်းဆီးခဲ့ကြောင်း ပြီးနောက် ကလေးရှင်များ ကို အီရတ် စစ်တပ် ၏ ဆန့်ကျင်ဖက် လှုပ်ရှား မှုများ ပြုလုပ်ကြရန် ၊မလွဲမသွေ ပေးတဲ့တာဝန်ကို လုပ်ကြရန် လက်နက်ကိုင်များ အနီးတွင် လှုပ်ရှား မှု များကို ပြု လုပ်ကြရန် ပြောကြားခဲ့ကြောင်း တင်ပြခဲ့ပါတယ်။
ဆက်လက်ပြီး ၎င်းတို့ အနေဖြင့် ကလေးငယ်များ မှာ ၁၁နှစ်နှင့် ၁၇ နှစ်ကြား ဖြစ်ကြောင်း ၊ ကလေး ၁၀ ဦးမှာ မသန်စွမ်း သူများ ဖြစ်ကြောင်း ၊၎င်း ကလေးငယ်များ ကို သေနတ် ပစ်လာလျှင် ဗုံးကွဲလာရင် ပထမဆုံးထိရန် ပြုလုပ်ထားကြောင်း လည်းပြောကြားခဲ့ပါတယ်။
မှတ်သားစရာမှာ မိုစေလ် မြို့ သည် အီရတ် နိုင်ငံ ၏ ဒုတိယ အကြီးဆုံး မြို့ ဖြစ် ပြီး ၃ရက် ၆လ ၂၀၁၄ ခုနှစ်တွင် IS (ခ) ဒါအေရှ် အဖွဲ့ မှ ကျူးကျော် သိမ်းပိုက် ခဲ့ကြောင်း ၊ ၂၀၁၆ ခုနှစ် အောက်တို ဘာလတွင် မြို့ ၏ အရှေ့ ဖက် ပိုင်းကို အီရတ် ပြည်သူ့ တပ်မတော် မှ စစ်ဆင်ခဲ့ကြောင်း ၊ မြို့ ၏ အနောက်ဖက်ပိုင်း ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ လ၁၉ ရက်နေ့တွင် စစ်ဆင် ပြီး IS (ခ) ဒါအေရှ် အဖွဲ့ လက်မှ လွတ်မြောက် အောင် ပြု ပေးခဲ့ကြောင်း သိရှိ ရပါတယ်။
====================
251 /End