အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျေးလက်လူငယ် များ၏ ငြိမ်းချမ်းရေးစကားဝိုင်း ကိုဧပြီ ၁၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ကြောင်း သမ္မတ ရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူဦးဇော်ဌေးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့်လူငယ်များ ငြိမ်းချမ်းရေးစကားဝိုင်းကို တတိယအကြိမ် မြောက် ပြုလုပ်ခြင်းဖြစ်ပြီး လူငယ် ၁၂ ဦးအား ရွေးချယ်ပြီးဖြစ်ရာ အမျိုးသားခြောက်ဦး၊ အမျိုး သမီးခြောက်ဦးဖြစ်သည်။
‘‘လူငယ်တွေက ကျေးလက် တောရွာကလူတွေ အဓိကထားရွေးတာ။ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ ဒေသကလူတွေကို အလေးပေးပြီးရွေးတာ။ ကျန်တဲ့ဒေသတွေ လည်း ပါအောင်လို့ပေါ့’’ဟု ဦး ဇော်ဌေးက ပြောသည်။
ဆက်လက်၍ ၎င်းက ‘‘အောက်ခြေကို လိုက်လံစုံစမ်း မေးမြန်းပြီး ရွေးထားတာ ဖြစ်တယ်။ အဓိကတော့ လယ်သမားတို့၊ ကျေးလက်နေ ပြည်သူတောရွာက ရွာသူရွာသားဖြစ်ရ မယ်ဆိုတဲ့ ဟာမျိုးနဲ့လိုက်ရွေးတာ ဖြစ်တယ်’’ ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ၏ငြိမ်းချမ်းရေးစကား ဝိုင်းကို ၂၀၁၇ ဇန်နဝါရီ ၁ ရက်က ပထမဆုံးအကြိမ် စတင်ခဲ့ရာ ၂၀၁၇ သည် ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်နိုင်အောင် ဝိုင်းဝန်းကူ ညီရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့သည်။
‘‘ငြိမ်းချမ်းရေးဆိုတာ ရသင့် တာ ကြာပါပြီ။ အခုအချိန်ဟာ နောက် မစောင့်သင့်တော့ပါဘူး။ အားလုံး ဝိုင်းပြီးတော့ ၂၀၁၇ ဟာ ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်နိုင် အောင်လို့ အားလုံးဝိုင်းဝန်းကူညီ ကြပါ’’ဟု ၎င်းက ပြောသည်။
ဒုတိယအကြိမ် ငြိမ်းချမ်းရေး စကားဝိုင်းကို ရှမ်းပြည်နယ် ပင်လုံ မြို့၌ ဖေဖော်ဝါရီ ၁၂ ရက်က ကျင်းပခဲ့ရာ ယင်းစကားဝိုင်းတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသား ရှစ်မျိုးမှ လူငယ်များပါဝင်ခဲ့ပြီး ငြိမ်းချမ်းရေးအပေါ် သဘောထား အမြင်များကို အပြန်အလှန်ဆွေး နွေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်လူငယ်များ၏ ငြိမ်းချမ်းရေးစကားဝိုင်းကို နှစ်လတစ်ကြိမ်(သို့မဟုတ်) သုံးလတစ်ကြိမ် ပုံမှန်ပြု လုပ်မည်ဖြစ်သည်။
===================
251/End
၉ ဧပြီ ၂၀၁၇ - ၁၉:၂၉
News ID: 822932
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျေးလက်လူငယ် များ၏ ငြိမ်းချမ်းရေးစကားဝိုင်း ကိုဧပြီ ၁၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ကြောင်း သမ္မတ ရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူဦးဇော်ဌေးက ပြောသည်။