၁၀ ဧပြီ ၂၀၁၇ - ၁၆:၁၈
မြန်မာ့အစောဆုံး ကျွန်းစိုက်ခင်း ပြည်ကျွန်းကြိုးဝိုင်းသို့ ဒုသမ္မတဦးမြင့်ဆွေ လာရောက်ကြည့်ရှု

မြန်မာနိုင်ငံ၏ အစောဆုံး ကျွန်းစိုက်ခင်းဖြစ်သည့် ပြည်ကျွန်းကြိုးဝိုင်းသို့ ဧပြီ ၉ ရက်တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေလာရောက်ကြည့်ရှုပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မြန်မာနိုင်ငံ၏ အစောဆုံး ကျွန်းစိုက်ခင်းဖြစ်သည့် ပြည်ကျွန်းကြိုးဝိုင်းသို့ ဧပြီ ၉ ရက်တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေလာရောက်ကြည့်ရှုပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ကျွန်းကြိုးဝိုင်းအတွင်း ၁၈၅၇ ကစတင်၍ ကျွန်းပင်များကို သီးသန့်စတင်စိုက်ပျိုးခဲ့သည့် စိုက်ခင်းဖြစ်ပြီး သက်တမ်းအရင့်ဆုံးကျွန်းပင်သည် နှစ်ပေါင်း ၁၆၀ အထိရှိကာ ကျွန်းပင်၏ လုံးပတ်သည် ၁၅ပေ၊ ၈ လက်မအထိရှိ သည်။

‘‘ဒုတိယသမ္မတကြီးအနေနဲ့ ကတော့ ကျွန်းပင်တွေကို လာ ရောက်လေ့လာကြည့်ရှုတာဖြစ် ပါတယ်။ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့အပြင်  ပြည် ကျွန်းကြိုးဝိုင်းအတွင်း ပြည်တွင်း ပြည်ပခရီးသွားတွေ လာရောက်  လေ့လာလည်ပတ်အနားယူနိုင်မယ့် သဘာဝအခြေခံတဲ့ ခရီးသွားလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ မှာကြားသွားပါတယ်’’ဟု ပြည်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကျော်ဦးက ပြောသည်။ ကျွန်းပင်များထိန်းသိမ်း စောင့်ရှောက်ထားသည့်  ပြည် ကျွန်းကြိုးဝိုင်းသည် ရန်ကုန်-ပြည်ကားလမ်းဘေးတွင် တည်ရှိပြီး ကျွန်းပင်များသာ အဓိကထိန်း သိမ်းစောင့်ရှောက်ထားသည့် ဧရိ ယာအကျယ်အ၀န်း ၇၈ ဧကရှိ သစ်တောကြိုးဝိုင်း ဖြစ်သည်။

ဒုသမ္မတ၏ ပြည်မြို့ခရီးစဉ် တွင် ပြည်ကျွန်းကြိုးဝိုင်းအပြင် ကမ္ဘာ့အမွေအနှစ်ဝင် သရေခေတ္တ ရာပျူမြို့ဟောင်းရှိ ပြတိုက်နှင့် မြို့ဟောင်းဇုန်အတွင်း ကြည့်ရှုလေ့လာခဲ့ကြောင်း ဒေသ အာဏာပိုင်များမှ သိရသည်။

ပြည်မြို့နယ်အတွင်း သစ် တောဦးစီးဌာနက ထိန်းသိမ်းစောင့် ရှောက်ထားသည့် သစ်တောကြိုး ၀ိုင်း သုံးခုရှိပြီး ပြည်ကျွန်းကြိုးဝိုင်း၊တုံးရေသစ်တောကြိုးဝိုင်းနှင့် ရှား ပြင်ကြိုးဝိုင်းတို့ဖြစ်ကာ စုစုပေါင်း သစ်တောကြိုးဝိုင်းဧရိယာ ၁၅,၁၇၁နှင့် ကြိုးဝိုင်းပြင်ပ သစ်တောဧရိယာ ၁,၆၄၀ ဧကရှိသည်။

===================
251/End