၂၃ ဧပြီ ၂၀၁၇ - ၁၉:၁၂
ကိုဆွေဝင်းအား ဘာသာသာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုမှုကို ကျောက်တံတားတရားရုံး ပလပ်

မြန်မာနောင်းသတင်း ဌာန၏ အယ်ဒီတာချုပ်ကိုဆွေဝင်း ကို တရားစွဲဆိုထားမှုများအနက် မန္တလေးမြို့၌ စွဲဆိုထားသည့် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)တစ်ခုသာ ကျန်ရှိ၍ ရန်ကုန်မြို့၌ ဘာသာသာသနာညှိုးနွမ်းစေမှုဖြင့် စွဲဆိုရန် ကျောက်တံတားတရားရုံးသို့ ဦးတိုက်လျှောက်ထားခြင်းကို တရားရုံးက ပလပ်လိုက်ကြောင်း ကို ဆွေဝင်း၏ ဥပဒေအကြံပေးဦးခင်မောင်မြင့်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မြန်မာနောင်းသတင်း ဌာန၏ အယ်ဒီတာချုပ်ကိုဆွေဝင်း ကို တရားစွဲဆိုထားမှုများအနက် မန္တလေးမြို့၌ စွဲဆိုထားသည့်  ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)တစ်ခုသာ  ကျန်ရှိ၍ ရန်ကုန်မြို့၌ ဘာသာသာသနာညှိုးနွမ်းစေမှုဖြင့် စွဲဆိုရန် ကျောက်တံတားတရားရုံးသို့ ဦးတိုက်လျှောက်ထားခြင်းကို တရားရုံးက ပလပ်လိုက်ကြောင်း ကို ဆွေဝင်း၏ ဥပဒေအကြံပေးဦးခင်မောင်မြင့်က ပြောသည်။

‘‘ပလပ်တယ်ဆိုတာက ကို သက်မျိုးဦးရဲ့ တိုင်တန်းချက်တွေ က စစ်ဆေးရန် လုံလောက်မှုမရှိ ဘူးလို့ သုံးသပ်ပြီးတော့ စွဲဆိုပုံ မှားယွင်းတယ်ပေါ့။ ဦးဝီရသူ တစ် ဦးအနေနဲ့တော့ အသရေဖျက်ရင် ဖျက်တယ် ပြောနိုင်တဲ့စကားလုံး တွေ ပါသော်လည်းပဲ ဘာသာ သာသနာတစ်ခုကို ရည်ညွှန်းပြီး ပြောတာမဟုတ်တဲ့အတွက် သူစွဲ ဆိုခိုင်းတဲ့ ဘာသာသာသနာညှိုး နွမ်းစေမှုနဲ့ မလုံလောက်ဘူးဆိုပြီး ပလပ်လိုက်တာပေါ့’’ ဟု ၎င်းက ရှင်းပြသည်။ အဆိုပါအမှုကို မတ်လ ၁၉ ရက်က ကျောက်တံတားတရားရုံးတွင် တရားလိုဖြစ်သူ ကိုသက်မျိုးဦးက ဦးတိုက်လျှောက်ထားခြင်းဖြစ်ပြီး ဧပြီ ၂၁ ရက်၌ တရားရုံးက ပလပ်လိုက် သည်။

မန္တလေးတွင် စွဲဆိုထားသည့် ၆၆ (ဃ)နှင့်ပတ်သက်၍ ရဲအရေး ပိုင်အမှုဖြစ်၍ ရဲက စုံစမ်းစစ်ဆေးသည့်အဆင့် ပြီးမြောက်ကြောင်းနှင့် ယခုအထိအဆက်အသွယ်မရသေးကြောင်း ဦးခင်မောင်မြင့်က ပြောသည်။

ဆရာတော်ဦးဝီရသူ၏ စေခိုင်းချက်အရ မဘသအဖွဲ့ဝင် ကို ကျော်မျိုးရွှေက ကိုဆွေဝင်းအား မန္တလေး၌ ၆၆(ဃ)ဖြင့် တရားစွဲ မှုအပေါ် ကိုဆွေဝင်းက ကျောက် တံတားမြို့နယ်ရှိ ၎င်း၏ရုံးခန်း တွင် သတင်းစာရှင်းလင်းပွဲ ပြု လုပ်စဉ် ဘာသာ၊ သာသနာကို ညှိုးနွမ်းစေသည့် စကားများပြော ဆိုခဲ့သည်ဟုဆိုကာ အရေးယူပေးရန် ကိုသက်မျိုးဦးက ကျောက်တံတားတရားရုံး၌ ဦးတိုက် လျှောက်ထားခဲ့သည်။ လက်ရှိတွင် အမှုကို တရားရုံးက ပလပ်လိုက်သော်လည်း ကိုသက်မျိုးဦးက တရားရုံးအမိန့်ကို လက်မခံဘဲ ခရိုင်တရားရုံးသို့ ဆက်တက်မည်ဟု မီဒီယာများအား ဖြေကြားထားသည်။

ကိုဆွေဝင်း၏ ပြောဆိုရေး သားချက်များသည် ဦးဝီရသူကို အသရေဖျက်ရာမရောက်ဟု သုံး သပ်ကြောင်းနှင့် သာသနာကို ငြိစွန်းသည့်အချက်များ မပါရှိ ကြောင်း သာသနာရေးဝန်ကြီး ဌာနက ဧပြီ ၅ ရက်တွင် ကိုဆွေ ၀င်းထံ လိပ်မူ၍ အကြောင်းပြန် ကြားထားသည်။

ထို့အပြင် ဒေါပုံမြို့နယ်နေ ကိုမင်းလှိုင်ဆိုသူကလည်း ဆရာ တော်ဦးဝီရသူကို ဘာသာ၊ သာ သနာညှိုးနွမ်းသည့် တရားများ ဟောပြောမှုဖြင့် တရားစွဲဆိုရန် ဒေါပုံမြို့နယ် တရားရုံးသို့ဦးတိုက် လျှောက်ထားမှုကို ဒေါပုံမြို့နယ် တရားရုံးက ဧရာဝတီတိုင်းတွင် ဟောပြောခြင်းဖြစ်ပြီး ဒေါပုံမြို့ နယ်၌ ဟောပြောခြင်းမဟုတ်၍ ရာဇ၀တ်မှုကျင့်ထုံးဥပဒေပုဒ်မ ၁၇၇ နှင့် ညီညွတ်ခြင်းမရှိသော ကြောင့်ဟုဆိုကာ ဧပြီ ၄ ရက်တွင် ပယ်ချခဲ့သည်။

ကိုမင်းလှိုင်ကလည်း တရား ရုံးအဆုံးအဖြတ်ကို လက်မခံဘဲ ဥပဒေအတိုင်း အထက်သို့ အဆင့် ဆင့်တက်ရန် စဉ်းစားနေဆဲဟု ဆိုသည်။

ကိုဆွေဝင်းသည် လူမှုကွန် ရက်ပေါ်တွင် ဆရာတော်ဦးဝီရသူ နှင့် ပတ်သက်သည့် ‘‘၀ီရသူ ပါရာ ဇိကကျပြီး ရဟန်းဘ၀နိဋ္ဌိတံသွား ပြီဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိက အခုမှကျတာတော့ မ ဟုတ်လောက်ဘူး’’ ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့ရာမှ စ၍ တရားစွဲခံရခြင်းဖြစ်သည်။

ဆရာတော်ဦးဝီရသူသည် ဘာသာတစ်ခုနှင့်တစ်ခုအကြား အမုန်းတရားပွားပြီး ဘာသာရေး အဓိကရုဏ်းများဖြစ်စေနိုင်သော ဟောပြောမှုများ၊ အမုန်းတရား ကြီးထွားစေရန် လှုံ့ဆော်ဟော ပြောမှုများ၊ တရားဥပဒေစိုးမိုးရေး ကို အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါ တီများအကြား ဘက်လိုက်ဝေဖန် ဟောပြောမှုများကို ဒေသအနှံ့ ကြိမ်ဖန်များစွာ ပြုလုပ်၍ နိုင်ငံ တော်သံဃမဟာနာယက အဖွဲ့ က ထုတ်ပြန်သော ညွှန်ကြားလွှာ အမှတ် (၈၃)၊ (၉၁)၊ (၉၃) နှင့် (၉၄) တို့ကို ဖောက်ဖျက်ကျူးလွန် ခဲ့သောကြောင့် တစ်နိုင်ငံလုံးတွင် တရားဟောခွင့်တစ်နှစ်ပိတ်ရန် မတ်လ ၁၀ ရက်စွဲဖြင့် နိုင်ငံတော် သံဃမဟာနာယက  အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

===================
251/End