၂၅ ဧပြီ ၂၀၁၇ - ၁၆:၄၆
၂၁ ရာစုပင်လုံညီလာခံကို မေလ ၂၄ ရက်တွင် ကျင်းပပြီး အားလုံးလက်ခံသည့် နိုင်ငံရေးရလဒ် ထုတ်ပြန်ရန် ဆုံးဖြတ်

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို မေလ ၂၄ ရက်ကစ၍ ငါးရက်ကြာ ကျင်းပပြီး အားလုံး လက်ခံသည့် နိုင်ငံရေးရလဒ်ထုတ် ပြန်ရန် ဧပြီ ၂၄ ရက်က နေပြည် တော်၌ ကျင်းပခဲ့သည့် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအ စည်းအဝေး (JICM) က ဆုံးဖြတ် ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို မေလ ၂၄ ရက်ကစ၍ ငါးရက်ကြာ ကျင်းပပြီး အားလုံး လက်ခံသည့် နိုင်ငံရေးရလဒ်ထုတ် ပြန်ရန် ဧပြီ ၂၄ ရက်က နေပြည် တော်၌ ကျင်းပခဲ့သည့် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအ စည်းအဝေး (JICM) က ဆုံးဖြတ် ခဲ့သည်။

မူလက ၂၁ ရာစုပင်လုံညီ လာခံကို မေလ ၁၉ ရက်တွင် ကျင်းပရန် နှစ်ဖက်သဘောတူ ထားသော်လည်း ညီလာခံသို့ တက်ရောက်မည့်အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များ အားလပ်မှုအပေါ် မူတည်ပြီး ယခု မေလ ၂၄ ရက်ကို စတင်ရန် ဆုံး ဖြတ်ခဲ့သည်။

‘‘သဘောတူလိုက်တာက တော့ ၂၄ ရက်နေ့ မေလ။ အစိုးရ၊တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးစုံစုံညီညီတက်ရောက်နိုင်ပြီး တော့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးတို့ တက်နိုင်တဲ့ ရက်က ၂၄ ။ အဲဒါတော့ မနက် ပိုင်းမှာ အကြိတ်အနယ်ဆွေးနွေး ပြီးတော့ သဘောတူလိုက်တယ်’’ ဟု JICM အစည်းအဝေးသို့တက် ရောက်ခဲ့သည့် ပအိုဝ်းအဖွဲ့ PNLOဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

‘‘ဒီတစ်ပတ်တော့ အ၀တ် အစားလာပြတဲ့ ပုံမျိုးမဟုတ်ဘဲနဲ့ အကြိတ်အနယ်ဆွေးနွေးညှိနှိုင်း ပြီးတော့ နိုင်ငံရေးဆုံးဖြတ်ချက် ရလဒ်တစ်ခု ထွက်တဲ့အထိ လုပ်မှာဖြစ်တဲ့အတွက် ဒါကြောင့် ငါးရက် တော့ လုပ်မယ်’’ဟု ၎င်းက ဆို သည်။

JICM အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုး ၀င်းအပါအ၀င် အစိုးရခေါင်း ဆောင်များ၊ NCA လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်ရှစ်ဖွဲ့မှ ခေါင်းဆောင် ကိုယ်စားလှယ်များ တက်ရောက် ခဲ့သည်။

အစည်းအဝေးတွင် ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေး ကျင်းပရန် နေ့ရက်သတ်မှတ်ခြင်း နှင့် ၂၁ ရာစုပင်လုံဒုတိယအစည်း အဝေးတွင် အားလုံးလက်ခံနိုင် သော အခြေခံမူဝါဒဖော်ထုတ်နိုင် ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရုံးက သတင်းထုတ်ပြန်သည်။

ထို့အပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပ ရသေးသော အဖွဲ့များဆိုင်ရာ ကိစ္စ၊ ကြားကာလစီမံမှု အစီအစဉ်ဆိုင်ရာကိစ္စ၊ အပစ်ရပ်နယ်မြေ၊ အပစ်ရပ်ဒေသ သတ်မှတ်ရေး ကိစ္စ၊ တိုင်းရင်းသားဒေသများ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် လိုအပ် ချက်များကို ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ (JCB) သို့ တင် ပြ၍ ညှိနှိုင်းဆောင်ရွက်ရေးကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပိုမိုပါဝင်လာ ရေးကိစ္စတို့ကို ဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် အစိုး ရနှင့် တိုင်းရင်းသားအဖွဲ့ခေါင်း ဆောင်များအကြား အမြင်မတူမှု များရှိခဲ့ကြောင်း သတင်းရရှိ သည်။

ဒေါ်အောင်ဆန်းစုကြည်က ‘‘တစ်ယောက်နဲ့ တစ်ယောက် သဘောမတူတာတွေရှိပါတယ်။ သဘောမတူချက်တွေကို ပွင့်ပွင့် လင်းလင်းပိုပြီးတော့ ပြောနိုင်တာ ကိုက အတိုင်းအတာတစ်ခုအထိ ယုံကြည်ချက် တည်ဆောက်ရေး ဟာ အောင်မြင်လာတယ်လို့ ကျွန်မဒီလိုပဲ သတ်မှတ်ပါတယ်’’ ဟု အစည်းအဝေးအပြီးတွင် ပြော ကြားသည်။

ဆက်လက်၍ ၎င်းက‘‘ယဉ် ယဉ်ကျေးကျေးနဲ့၊ ရန်မဖြစ်ဘဲနဲ့ သဘောမတူပါဘူးလို့ ပြောနိုင်တဲ့ ဟာက သဘောတူညီချက်ရတဲ့ အဆင့်ကို ရောက်ဖို့ လမ်းဖွင့်ပေး လိုက်တယ်လို့ ကျွန်မဒီလိုပဲ ထင် ပါတယ်။ ငါပြောတာရမှ၊ ငါလို ချင်တာရမှ အလုပ်ဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်တွေကနေ ပြောင်းလဲ လာတယ်လို့ ကျွန်မဒီလိုပဲမြင်ပါ တယ်။ ကျွန်မအနေနဲ့ အခုအစည်း အဝေးဟာ သဘောမတူတဲ့ ကိစ္စ တွေ ဆွေးနွေးနိုင်ခဲ့ခြင်းကိုက အောင်မြင်ခြင်းတစ်ခုပဲလို့ ယူဆ ပါတယ်’’ဟု ပြောသည်။

 နိုင်ငံပြန်လည်ထူထောင် ရေးတွင် အမြင်မတူသည်များကို ညှိနှိုင်းမည့် တရားဝင်စင်မြင့်ရှိရန် လိုအပ်ပြီး JICM တွင် အဖြေရှာ ရန် လိုကြောင်း၊ အမြင်သဘော ထားများကို အသေကိုင်မထားဘဲ ဘုံသဘောထားများ ရှာကြံကြရန် လိုကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားခဲ့သည်။

===================
251/End