အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်ရှိအခြေ အနေတွင် မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် (NAFTA) အ
ဆုံးသတ်မည်မဟုတ်ဟု ကနေဒါ နှင့် မက္ကဆီကိုခေါင်းဆောင်များ အား ပြောကြားခဲ့ကြောင်း ဧပြီ ၂၆ ရက်တွင် အိမ်ဖြူတော်က ပြော သည်။
သို့သော်ဒေါ်နယ်ထရန့်က (NAFTA) သဘောတူညီချက်နှင့် ပတ်သက်၍ ပြန်လည်ညှိနှိုင်းဆွေး နွေးမှု စတင်ရန် အလျင်အမြန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။
ဒေါ်နယ်ထရန့်နှင့် ၎င်း၏အ ကြံပေးများသည် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး ပူးပေါင်းမှုတစ်ခု ဖြစ်သည့် (NAFTA) သဘောတူ ညီချက်မှ အမေရိကန်နိုင်ငံ နုတ် ထွက်ရေး ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ရန် စဉ်းစားနေကြောင်း အိမ်ဖြူတော်အရာရှိများက ပြောကြားပြီးနောက် ထိုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
(NAFTA) သည် အမေရိ ကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံ တို့ လက်မှတ်ရေးထိုးထားသည့် လွတ်လပ်စွာ ကုန်သွယ်ရေး သ ဘောတူညီချက်ဖြစ်သည်။
ဒေါ်နယ်ထရန့်သည် မက္ကဆီ ကိုသမ္မတ ပင်ညာနီယက်တိုနှင့် ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒူးတို့ထံ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ကြောင်း အိမ်ဖြူတော် က ပြောသည်။
လက်ရှိအချိန်တွင် သမ္မတ ဒေါ်နယ်ထရန့်က မြောက်အမေ ရိကလွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် (NAFTA) အ ဆုံးမသတ်သေးရန် သဘောတူခဲ့ ပြီး မက္ကဆီကိုသမ္မတနှင့် ကနေဒါဝန်ကြီးချုပ်တို့ကလည်း ပြန်လည် ညှိ နှိုင်းဆွေးနွေးမှု အလျင်အမြန်စ တင်ရန် သဘောတူခဲ့ကြကြောင်း အိမ်ဖြူတော်က ပြောသည်။
ဒေါ်နယ်ထရန့်သည် ရွေးကောက်ပွဲမဲဆွယ်စည်း ရုံးစဉ်အ တွင်း (NAFTA) သဘောတူညီ ချက်ကို ပြန်လည်ညှိနှိုင်းရန် ပြော ကြားခဲ့သည်။
ဇန်န၀ါရီ ၂၃ ရက်ကလည်းပစိဖိတ်ရပ်ဝန်း ကုန်သွယ်ရေး သဘောတူညီချက် (TPP)မှ အမေရိကန်နိုင်ငံ နုတ်ထွက်သည့် ညွှန် ကြားချက်ကို ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုးခဲ့သည်။
===================
251/End
၂၇ ဧပြီ ၂၀၁၇ - ၁၃:၄၃
News ID: 826322
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်ရှိအခြေ အနေတွင် မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် (NAFTA) အ ဆုံးသတ်မည်မဟုတ်ဟု ကနေဒါ နှင့် မက္ကဆီကိုခေါင်းဆောင်များ အား ပြောကြားခဲ့ကြောင်း ဧပြီ ၂၆ ရက်တွင် အိမ်ဖြူတော်က ပြော သည်။