၂၇ ဧပြီ ၂၀၁၇ - ၁၅:၀၁
မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေး မိတ္ထီလာမြို့၌ လူငယ်များ ဆန္ဒထုတ်ဖော်

တစ်နိုင်ငံလုံး၌ မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက် ရေး စနစ်တကျကိုင်တွယ်ဖြေရှင်း ရန် မိတ္ထီလာမြို့၌ ဧပြီ ၂၄ ရက်တွင် ဒေသခံများနှင့် ဆေးသုံးစွဲသူများ အပါအဝင် လူငယ် ၆၀ ခန့် ဆန္ဒ ဖော်ထုတ်တောင်းဆိုခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 တစ်နိုင်ငံလုံး၌  မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက် ရေး စနစ်တကျကိုင်တွယ်ဖြေရှင်း ရန် မိတ္ထီလာမြို့၌ ဧပြီ ၂၄ ရက်တွင် ဒေသခံများနှင့် ဆေးသုံးစွဲသူများ အပါအဝင် လူငယ် ၆၀ ခန့် ဆန္ဒ ဖော်ထုတ်တောင်းဆိုခဲ့သည်။

‘‘တစ်နိုင်ငံလုံးသုံးနေကြ တာ။ ကျွန်တော် မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်ခဲ့ဖူးတယ်။ ထောင်က ထွက်လာတဲ့နောက် ပိုင်းမှာ မူးယစ်ဆေးတွေက ပိုများ လာတယ်။ လူငယ်တွေအများစု ပျက်စီးနေကြပါတယ်။ ဒါကို အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းစေ ချင်တယ်။ ကျွန်တော်တို့ လူမျိုး အပေါ် စီးပွားပျက်၊ လူမျိုးတုံး အောင်လုပ်တဲ့ လူတွေကို သေ ဒဏ်အထိ ပေးစေချင်ပါတယ်’’ဟု ဆန္ဒပြဦးဆောင်သူ ကိုနန်းဝင်း အောင်က ပြောသည်။

မူးယစ်ဆေးဝါးကို   နေရာ အနှံ့သုံးစွဲနေကြပြီး အကျိုးဆက် အနေဖြင့် ခြိမ်းခြောက်၊ ပစ္စည်း လုယက်မှုများရှိခြင်းကြောင့် အစိုးရအနေဖြင့် စနစ်တကျဖြေရှင်းရန် လိုအပ်ကြောင်း ဒေသခံ ဦးညွန့် ဝင်းက ပြောသည်။

‘‘အခု ဆန္ဒပြတဲ့ထဲမှာ လူ ငယ်တွေပဲ၊ လက်ရှိဆေးသုံးနေတဲ့ သူတွေလည်း ပါဝင်ပါတယ်။ သူ တို့လည်း   တကယ်စိတ်ဆန္ဒနဲ့ ပါဝင်တယ်။ ကျွန်တော် မူးယစ် ဆေးဝါးရောင်းလို့ရတဲ့ ပိုက်ဆံ စီးပွားရေးလုပ်ခဲ့တယ်။ အရင်း ပြုတ်သွားပေမယ့် ဒီမူးယစ်ဆေး ကို ပြန်မလုပ်ပါဘူး။ ဆက်ပြီး ပပျောက်ဖို့အတွက် ကြိုးပမ်း ဆောင်ရွက်မှာပါ’’ဟု မူးယစ်ဆေး ဝါးအရောင်းအဝယ်ပြုလုပ်မှုဖြင့် ထောင်ဒဏ် ၁၅ နှစ်ကျခဲ့သူ ကိုနန်းဝင်းအောင်က ပြောသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ‘လူ ငယ်များ ဖွံ့ဖြိုးတိုးတက်ဖို့ မူးယစ် ဆေးဝါး ပူးပေါင်းတိုက်ဖျက်စို့’ ဟူသော စာသားများဖြင့် ဗီနိုင်း များ ချိတ်ဆွဲ၍ ဆန္ဒဖော်ထုတ်ခဲ့ သည်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်အ တွင်း ပေ ၆,၀၀၀ ကျော်အမြင့်ရှိ ဆင်တောင် တောင်မကြီးပေါ်တွင် ဖေဖော်ဝါရီ ၅ ရက်က ပိုင်ရှင်မဲ့ စိုက်ပျိုးထားသည့် ဘိန်းခင်းသုံး ဧကတွေ့ရှိ၍ ရဲတပ်ဖွဲ့က ဖျက် ဆီးခဲ့သည်။

===================
251/End