၂၈ ဧပြီ ၂၀၁၇ - ၁၃:၄၅
မကွေးဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၁ ဒသမ ၇ ဘီလီယံ ပြန်ရတော့မည်ဟု တိုင်းဝန်ကြီးချုပ် ပြောကြား

ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ရေနံလက် ယက်တွင်းတိမ်လုပ်ငန်းများမှ ရ ရှိသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံကျော် ပျောက်ဆုံးနေမှုမှ ကျပ် ၁ ဒသမ ၇ ဘီလီယံပြန်လည်ရရှိတော့မည် ဖြစ်ကြောင်း မကွေးတိုင်းဝန်ကြီး ချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ရေနံလက် ယက်တွင်းတိမ်လုပ်ငန်းများမှ ရ ရှိသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံကျော် ပျောက်ဆုံးနေမှုမှ ကျပ် ၁ ဒသမ ၇ ဘီလီယံပြန်လည်ရရှိတော့မည် ဖြစ်ကြောင်း မကွေးတိုင်းဝန်ကြီး ချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

ဧပြီ ၂၆ရက် ညနေတွင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက် တာအောင်မိုးညိုအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ယခုရက် ပိုင်းအတွင်း ကျပ် ၁ ဒသမ ၇ ဘီလီယံပြန်လည်ရရှိမည်ဟု ၀န်ကြီးချုပ်က ပြောသည်။

‘‘သန်း ၁,၇၀၀ ပြန်ပေးမယ် တဲ့။ ဒီရက်ပိုင်းအတွင်း ပြန်ပေး တော့မှာပါ။ ပြည်ထောင်စုအစိုးရ က လှမ်းနာမည်တပ်ထားတဲ့ ဦး ဘုန်းမော်ရွှေ၊ ဦးကြည်ထွန်းတို့ က ပြောတာ။ ပေးမယ်ဆိုတဲ့ ပမာ ဏကတော့  ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ပေးလိုက်တဲ့ ပိုက်ဆံပမာဏပဲ၊ ဦး ကြည်ထွန်းဆီက ရသလား၊ ဦး ဘုန်းမော်ရွှေဆီက ရသလားဘယ် သူပေးတယ်။ ဒါတော့ မသိဘူး။ ကျွန်တော့်ကို ပြောတာကတော့ တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး ဖြစ်တဲ့ တိုင်းမင်းကြီးတိုင်းအုပ်ချုပ် ရေးမှူးဦးဝေဇင်ထွန်းက ပြော တာ။ ဖုန်းဆက်ပြောတာ’’ ဟု ဒေါက်တာအောင်မိုးညိုက ပြော သည်။

ဦးဘုန်းမော်ရွှေနှင့် ဦးကြည် ထွန်းတို့က ဆက်သွယ်၍ပြန်လည် ပေးမည်ဆိုသည့် ငွေပမာဏသည် ပြည်ခိုင်ဖြိုးပါတီသို့ လှူဒါန်းခဲ့ သည်ဆိုသည့် ငွေပမာဏနှင့် တူ ညီနေသော်လည်း ပြည်ခိုင်ဖြိုး ပါတီက ပြန်လည်ပေးအပ်မည်ဟု ပြောခြင်းမဟုတ်ကြောင်း ၀န်ကြီး ချုပ်က ဆက်လက်ပြောသည်။

‘‘ဒီငွေတွေ ပြန်ပေးရင်လည်း ပဲ ကျွန်တော်တို့ကတော့ အဲဒီပိုက် ဆံတွေကို သုံးလို့မရသေးဘူး။ ၂၀၁၇-၁၈ အသုံးစရိတ်ကချ လိုက်ပြီးသားဆိုတော့ တန် ဆောင်မုန်း၊ နတ်တော်လလောက် ကျမှ ဖြည့်စွက်ရန်ပုံငွေတောင်း ပြီးတော့ တိုင်းအတွက်က သုံးလို့ ရမယ်။ ဘဏ္ဍာရေးစည်းမျဉ်းစည်း ကမ်းအရပါ’’ ဟု ၎င်းက ဆက် ပြောကြားသည်။

ကျပ်ငွေ ၁ ဒသမ ၇ ဘီလီယံ ပြန်လည်ပေးမည်ဟု သိရသော် လည်း အကြမ်းဖျင်းအားဖြင့် ဥပ ဒေနှင့် မညီညွတ်ကြောင်း မကွေး တိုင်းဒေသကြီးဥပဒေချုပ်ဦးဆန်း လင်းက ပြောသည်။

 ‘‘ငွေပြန်ပေးမယ်ဆိုရင် လည်း အစိုးရအဖွဲ့နဲ့ဆွေးနွေး တိုင်ပင်ပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ ရာဇ ၀တ်ကြောင်းနဲ့ ငြိစွန်းနေတယ်လို့ မြင်ပါတယ်’’ ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် အစိုးရလက် ထက် မကွေးတိုင်းရေနံလက် ယက်တွင်းမှရရှိသည့် ဒေသဖွံ့ဖြိုး ရေးရန်ပုံငွေကျပ် ၇ ဒသမ ၄၅၉ ဘီလီယံပျောက်ဆုံးမှုနှင့် ပတ် သက်ပြီး သမ္မတရုံးညွှန်ကြားချက် များကို လိုက်နာလုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူလူထုရှင်းရှင်းလင်းလင်းသိသာစေရန် မကွေးတိုင်းအစိုးရအဖွဲ့အနေဖြင့် ဆက်လက်ဆွေးနွေး၍ အရေးယူဆောင်ရွက်မည်ဖြစ်သည်။

===================
251/End