အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပဲခူးတိုင်းဒေသကြီး ပြည် မြို့နယ် စည်ပင်သာယာကော်မတီများကို အသစ်ပြန်လည်ရွေး ချယ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယခင်အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့သည့် စည် ပင်သာယာကော်မတီဝင်များအ စား အသစ်ပြန်လည်ရွေးချယ် မည်ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာ အုပ်စုအဆင့်မှ မြို့နယ်အဆင့်အထိ ပွင့်လင်းမြင်သာစွာ ပြည်သူကိုဗဟိုပြုသည့် ဆန္ဒမဲပေးစနစ်ဖြင့် ရွေးချယ်မည်ဖြစ်ကြောင်း ပြည်မြို့နယ် စည်ပင်သာယာအဖွဲ့မှ သိရသည်။
‘‘စည်ပင်ကော်မတီဝင် အ ဖြစ် လျှောက်ထားလိုသူက မိမိ ကိုယ်တိုင် ဆန္ဒပြုပြီး သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ မှတ်ပုံတင် ကြေးတစ်သောင်းကျပ်ပေးသွင်း ရမယ်။ မေလ ၂ ရက်ကို နောက် ဆုံးထားလျှောက်ထားနိုင်ပါတယ်’’ ဟု ပြည်မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိသူရဦးမြင့်သူကပြောသည်။
စည်ပင်သာယာကော်မတီ ၀င်များ၏ အရည်အချင်းနှင့် စည် ကမ်းချက်၊ နည်းဥပဒေများကို သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြည့်ရှုလေ့လာနိုင်ပြီး တာဝန်ရှိ သူများက ကြေညာချက်များကို အများပြည်သူသိရှိစေရန် အသံချဲ့စက်ဖြင့် လိုက်လံကြေညာနေ သည်။
အသစ်ပြန်လည် ရွေးချယ် မည့် ပြည်မြို့နယ် စည်ပင်သာ ယာကော်မတီတွင် ဥက္ကဋ္ဌ၊ အ တွင်းရေးမှူးနှင့် အဖွဲ့ဝင် သုံးဦး စုစုပေါင်း ငါးဦးပါဝင်မည်ဖြစ်ပြီး ဌာနဆိုင်ရာ နှစ်ဦး၊ အရပ်ဘက် မှ သုံးဦးပါဝင်မည်ဖြစ်သည်။
ပြည်မြို့နယ် စည်ပင်သာ ယာကော်မတီဝင်များ အသစ်ပြန်လည်ရွေးချယ်ရန် ပြည်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် ၁၀ ခု၊ ပေါင်းတလည်မြို့ ပေါ်ရပ်ကွက်လေးခုနှင့် ၀က်ထီးကန်ကျေးရွာအုပ်စု တစ်ခု အပါ အ၀င် စုစုပေါင်း ၁၅ ခု၌ ကော် မတီကိုယ်စားလှယ်လောင်းများ ရွေးချယ်မည် ဖြစ်သည်။ တစ်အိမ်ထောင်စုလျှင် ဆန္ဒမဲတစ်မဲပေးကာ ရပ်ကွက်တစ်ခုလျှင် ကိုယ်စားလှယ်လောင်းသုံးဦး ရွေးချယ်နိုင်သည်။
ပြည်သူများက ရွေးချယ်ပေး ခဲ့သည့် ရပ်ကွက်တစ်ခု၏ ကိုယ် စားလှယ်လောင်း သုံးဦးစီ၊ ရပ် ကွက် ၁၅ ခုမှ စုစုပေါင်း ကိုယ်စား လှယ် ၄၅ ဦးရရှိလာမည်ဖြစ်သည်။ ၎င်းတို့အနက်မှ မြို့နယ်အဆင့်သုံးဦးကို ဆက်လက်ဆန္ဒပြုရွေးချယ်မည် ဖြစ်သည်။
မေလ ၈ ရက်တွင် ကိုယ်စား လှယ်လောင်းကို သက်ဆိုင်ရာမဲ ဆန္ဒနယ်မြေအလိုက် ကြေညာ ခြင်း၊ ၂၁ ရက်တွင် ပြည်သူများက မဲဆန္ဒပေးရွေးချယ်ခြင်းနှင့် ၂၆ ရက်တွင် စည်ပင်သာယာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နှစ်ဦး အတည်ပြု သတ်မှတ်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
===================
251/End
၂၉ ဧပြီ ၂၀၁၇ - ၁၂:၂၄
News ID: 826704
ပဲခူးတိုင်းဒေသကြီး ပြည် မြို့နယ် စည်ပင်သာယာကော်မတီများကို အသစ်ပြန်လည်ရွေး ချယ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။