၆ မေ ၂၀၁၇ - ၁၅:၃၂
လိပ်ကျွန်းအမှု နောက်ဆုံးအယူခံ အထူးအကြံပြုချက်တစ်ရာကျော်ကို မြန်မာကိုယ်စားလှယ်အဖွဲ့ ပေးအပ်

လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော မြန်မာ လုပ်သားနှစ်ဦး အမှုအတွက် နောက်ဆုံးတင်သွင်းရမည့် အယူ ခံတွင် ထည့်သွင်းအသုံးပြုရန် မြန်မာဥပဒေအကြံပေး ကိုယ်စား လှယ်အဖွဲ့က စာမျက်နှာ ခုနစ်မျက်နှာပါရှိသည့် အထူးအကြံပြု ချက်များကို မေလ ၅ ရက်တွင် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ ထံ ပေးအပ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော မြန်မာ လုပ်သားနှစ်ဦး အမှုအတွက် နောက်ဆုံးတင်သွင်းရမည့် အယူ ခံတွင် ထည့်သွင်းအသုံးပြုရန် မြန်မာဥပဒေအကြံပေး ကိုယ်စား လှယ်အဖွဲ့က စာမျက်နှာ ခုနစ်မျက်နှာပါရှိသည့် အထူးအကြံပြု ချက်များကို မေလ ၅ ရက်တွင် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ ထံ ပေးအပ်ခဲ့သည်။

မြန်မာသံရုံး အထူးအဖွဲ့မှ ကိုယ်စားလှယ်များသည် မြန်မာ ဥပဒေအကြံပေးအဖွဲ့က ပေးပို့ သည့် အချက်များကို ထိုင်းနိုင်ငံ ရှေ့နေများကောင်စီထံ ပေးပို့ခဲ့ကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ကိုမင်းဦးကပြောသည်။

‘‘စာမျက်နှာ ခုနစ်မျက်နှာဆို ပေမယ့် အချက်တွေကတော့ ၁၀၀ကျော်ပါတယ်။ အဲဒီထဲက DNA နဲ့ ပတ်သက်ပြီး အဓိကထား ထောက်ပြထားတာပေါ့။ DNA စစ်ဆေးတာမှာ ပေါ့လျော့ခဲ့တာတွေ၊ တချို့အရာတွေကို DNA စစ်ဆေး ခြင်း မရှိခဲ့တာတွေ၊ အဲဒါတွေပါတာပေါ့။ ဘာသက်သေအ ထောက်အထားမှ ခိုင်ခိုင်မာမာ မတင်ပြဘဲ သေဒဏ်ဆိုတာကို ချလိုက်တာကိုလည်း ထောက်ပြ ထားတာပေါ့’’ဟု ကိုမင်းဦးက ပြောသည်။

 မြန်မာအကြံပေးအဖွဲ့က ပေးပို့လာသည့် အချက်နှင့် ထိုင်း နိုင်ငံရှေ့နေများကောင်စီက ရွေးချယ်ထားသည့်အချက်များ စု ပေါင်းကာ တင်ပြမည်ဖြစ်ကြောင်း ကိုမင်းဦးက ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ မြန်မာဥပဒေအ ကြံပေးအဖွဲ့မှ လိပ်ကျွန်းအမှုနှင့် ပတ်သက်၍ ဥပဒေအကြံပြုချက် ပေးပို့ခြင်းသည် ပထမဆုံးဖြစ်ပြီး ယခင်က အမှုအမိန့်ချခဲ့သည့် အ ဆင့်ဆင့်တွင် ဥပဒေအကြံပြုချက် ပေးပို့ခဲ့ခြင်းမရှိပေ။ သေဒဏ်အ ပြစ်ပေးခံထားရသော မြန်မာလုပ် သားနှစ်ဦးကို အပြစ်မှ လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် ထိုင်းလူမျိုး များ ယုံကြည်အားထားကြသော အကြားအမြင်ဆရာမ အီးတီက မေလ ၃ ရက်တွင် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ်ကြီးနှင့် တွေ့ဆုံ၍ အသနားခံစာ ပေးပို့ခဲ့ သည်။

 လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော မြန်မာ လုပ်သားနှစ်ဦးအတွက် အယူခံ တင်သွင်းမှုကို ထိုင်းအစိုးရက မေလ ၂၃ ရက်အထိ အချိန်တစ် လ ထပ်တိုးထားရာ နောက်ဆုံးအ ယူခံကို မေလအတွင်း ထိုင်းနိုင်ငံ ဗဟိုတရားရုံးချုပ်သို့ တင်သွင်း မည်ဟု မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က ပြော သည်။

အယူခံတင်သွင်းမှုကို ထိုင်း အစိုးရက မတ်လ ၂၃ ရက်အ တွင်း တင်သွင်းရန် မူလက သတ် မှတ်ထားသော်လည်း ပြင်ဆင်ချိန် မလုံလောက်မှုကြောင့် အချိန်တိုးပေးရန် မြန်မာသံရုံးအထူးအဖွဲ့က ပထမဆုံးအကြိမ် တောင်းဆိုရာ ဧပြီ ၂၃ ရက်အထိ အချိန်တိုးပေးခဲ့သည်။

 ယင်းသတ်မှတ်ချိန်သည် လည်း မလုံလောက်သောကြောင့် ဒုတိယအကြိမ် ထပ်မံတောင်းဆို ရာ မေလ ၂၃ ရက်အထိ ထပ်တိုး ပေးခြင်းဖြစ်သည်။

မြန်မာလုပ်သား နှစ်ဦး၏ သေဒဏ်အမိန့်နှင့် ပတ်သက်၍ အယူခံတင်သွင်းမှုကို ထိုင်းနိုင်ငံ အယူခံအောက်တရားရုံးက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပယ်ချခဲ့ပြီး သေဒဏ်ကို ဆက်လက်အ တည်ပြုခဲ့သည်။

===================
251/End