အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်၊ မေ ၈ ။ ။ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို မြန်မြန်အကောင်အထည်ဖော်ရေး အစိုးရကိုတိုက်တွန်းပေးဖို့ ရခိုင်အကြံပေးကော်မရှင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ဆရာတော်တွေ ကတောင်းဆိုလိုက်ပါတယ်။
မစ္စတာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်နဲ့ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသားရေးခေါင်းဆောင်တွေဟာ မေလ ၈ရက်က ဆူးလေရှန်ဂရီလာဟိုတယ်မှာ တွေ့ဆုံခဲ့တာပါ။
"အဓိကဆရာတော် အကြံပေးခဲ့တာကတော့ ၈၂ ဥပဒေနဲ့အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်းကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ အစိုးရကို တိုက်တွန်းပေးဖို့ ဒါကိုပထမဆုံး အကြံပေးပါတယ်။ ဒုတိယတစ်ချက်က ရခိုင်ဒေသမှာ နယ်မြေလုံခြုံရေး တရားဥပဒေစိုးမိုးရေးကို အဓိက နိုင်ငံတော်အစိုးရရဲ့ အမိန့်အာဏာမှန်ကန်တဲ့ ဥပဒေကို ရခိုင်ပြည်နယ်မှာရှိတဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ လိုက်နာဖို့ ဒါကိုလည်းပဲ ကော်မရှင်မှာပါတဲ့လူတွေကို တခြားဖက်ကသူတွေကို တိုက်တွန်းဖို့ ဒါကိုအကြံပေးခဲ့ပါတယ်" လို့ စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်ဆရာတော် ဘဒ္ဒဒ္တအရိယထာ သဒ္ဓမ္မဇေတိကဓဇကမိန့်ပါတယ်။
ရခိုင်အကြံပေးကော်မရှင်နဲ့ တွေ့ဆုံရာမှာ ဗုဒ္ဓဘာသာက ရခိုင်ပြည်နယ်က ဆရာတော် ၄ ပါး၊ ရန်ကုန်က ဆရာတော် ၂ ပါး၊ မန္တလေးက ဆရာတော် ၂ ပါးတို့နဲ့ အစ္စလာမ်ဘာသာကခေါင်းဆောင်တွေ တစ်လှည့်စီ သီးခြားတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ဘာသာကြီးနှစ်ခုကခေါင်းဆောင်တွေရဲ့ အကြံပြုချက်တွေကို ရခိုင်အကြံပေးကော်မရှင်ရဲ့နောက်ဆုံးအစီရင်ခံစာမှာ ထည့်သွင်းသွားမယ်လို့ ရခိုင်ကော်မရှင်အဖွဲ့ဝင် ဦးဝင်းမြကပြောပါတယ်။
"ကိုယ့်နိုင်ငံမှာဆိုလို့ရှိရင် ကိုယ့်စည်းကမ်းရှိတဲ့အတွက်ကြောင့် လေးစားလိုက်နာပြီး ဆောင်ရွက်ဖို့အချက်ဒီလိုအချက်မျိုးတွေဆွေးနွေးပါတယ်။ ဒါကတော့ ကျွန်တော်တို့ အနေနဲ့အများကြီးအလေးနက်ထားပြီးတဲ့အခါမှာ စဉ်းစားပြီးတော့ အပြီးသတ်အစီရင်ခံစာ ရေးတဲ့အခါ ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ပါတယ်။ " လို့ ၎င်းကပြောဆိုသည်။
ကော်မရှင်ရဲ့ကြားဖြတ် အစီရင်ခံစာနဲ့ပတ်သက်ပြီး ကြိုက်တာတွေရှိသလို၊ မကြိုက်တာတွေလည်းရှိတယ်လို့ ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ ဗုဒ္ဓဘာသာဘက်က ဆရာတော်တစ်ပါးက မဇ္ဈိမကို မိန့်ကြားပါတယ်။
ဒီပွဲမှာ ရခိုင်အကြံပေးကော်မရှင် ခေါင်းဆောင် မစ္စတာကိုဖီအာနန်တော့ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် ရခိုင်အကြံပေးကော်မရှင်အနေနဲ့ သြဂုတ်လထဲမှာ အပြီးသတ်အစီရင်ခံစာကို တင်ပြဖို့ရှိနေပါတယ်။
===================
251/End
၈ မေ ၂၀၁၇ - ၁၆:၂၅
News ID: 828573
ရန်ကုန်၊ မေ ၈ ။ ။ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို မြန်မြန်အကောင်အထည်ဖော်ရေး အစိုးရကိုတိုက်တွန်းပေးဖို့ ရခိုင်အကြံပေးကော်မရှင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ဆရာတော်တွေ ကတောင်းဆိုလိုက်ပါတယ်။