၁၀ မေ ၂၀၁၇ - ၁၆:၂၃
ရခိုင်တိုင်းရင်းသားများ၏အသံကို အစီရင်ခံစာတွင်ထည့်သွင်းထားကြောင်း ကိုဖီအာနန်ဦးဆောင်သောကော်မရှင် ရှင်းလင်း

ရခိုင်ပြည်နယ်လွှတ် တော်နှင့် ရခိုင်အရပ်ဘက်အဖွဲ့ အစည်းအချို့သည် ကိုဖီအာနန်ဦး ဆောင်သည့် ရခိုင်ပြည်နယ်ဆိုင် ရာ အကြံပေးကော်မရှင်ကို အသိ အမှတ်ပြုလက်ခံတွေ့ဆုံခြင်းများ မရှိခဲ့သော်လည်း ကော်မရှင်အ နေဖြင့် ရခိုင်တိုင်းရင်းသားများ၏ အသံများကို အစီရင်ခံစာထဲတွင် ပါရှိအောင် ထည့်သွင်းရေးသားခဲ့ ကြောင်း ကော်မရှင်အဖွဲ့ဝင် မစ္စတာဂါဆန်ဆလမ်က ပြော ကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်ပြည်နယ်လွှတ် တော်နှင့် ရခိုင်အရပ်ဘက်အဖွဲ့ အစည်းအချို့သည် ကိုဖီအာနန်ဦး ဆောင်သည့် ရခိုင်ပြည်နယ်ဆိုင် ရာ အကြံပေးကော်မရှင်ကို အသိ အမှတ်ပြုလက်ခံတွေ့ဆုံခြင်းများ မရှိခဲ့သော်လည်း  ကော်မရှင်အ နေဖြင့် ရခိုင်တိုင်းရင်းသားများ၏ အသံများကို အစီရင်ခံစာထဲတွင် ပါရှိအောင် ထည့်သွင်းရေးသားခဲ့ ကြောင်း ကော်မရှင်အဖွဲ့ဝင် မစ္စတာဂါဆန်ဆလမ်က ပြော ကြားသည်။

ပြီးခဲ့သည့် မတ်လကထုတ် ပြန်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာရှင်းလင်းတင်ပြခြင်း နှင့် အပြီးသတ်အစီရင်ခံစာထုတ် ပြန်နိုင်ရေးအတွက် မေလ ၉ ရက် က စစ်တွေမြို့ရှိ စစ်တွေဟိုတယ် တွင် ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ မစ္စတာဂါဆန်ဆလမ်က ပြောကြားသည်။

‘‘ကော်မရှင်က ရခိုင်ပြည် နယ်လွှတ်တော်နဲ့ မတွေ့ရတာ တော့ ဟုတ်တယ်။ ဒါပေမဲ့ရခိုင် လူထုနဲ့ အဆက်ပြတ်သွားတာ တော့ မဟုတ်ဘူး။ စစ်တွေ၊ ရန် ကုန်တို့ကရခိုင်တိုင်းရင်းသားတွေ နဲ့တွေ့တယ်။ လူမှုအဖွဲ့အစည်း တွေနဲ့ တွေ့တယ်။ ပြည်ထောင်စု လွှတ်တော်မှာလည်း တွေ့တဲ့အခါ ကျတော့ ရခိုင်နဲ့အဆက်ပြတ်တာ တော့ မဟုတ်ပါဘူး’’ ဟု ၎င်းက ဆို သည်။

စစ်တွေမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင် ဥက္ကဋ္ဌမစ္စတာကိုဖီအာနန်မပါဝင်ဘဲ အဖွဲ့ဝင်များကသာ ပြု လုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံ ပေးကော်မရှင်သည် ပြီးခဲ့သည့်လ များက ပြည်ထောင်စုလွှတ်တော် တွင် ရခိုင်တိုင်းရင်းသား လွှတ် တော်အမတ်အချို့ကို တွေ့ဆုံခွင့် ရရှိခဲ့၍ ၎င်းတို့တင်ပြသည့် စာ တမ်းများကို အလေးအနက်ထား ဖတ်ရှု လေ့လာခဲ့သည်ဟု ပြော သည်။

စစ်တွေမြို့သို့ ရောက်ရှိနေ သည့် ကော်မရှင် အဖွဲ့ဝင်များ သည် မေလ ၉ ရက်ကရခိုင်ပြည် နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦး ညီပုနှင့် တွေ့ဆုံကာ ကြားဖြတ် အစီရင်ခံစာပါ အကြံပြုချက်များ အပေါ် အစိုးရ၏ ဆောင်ရွက်နေမှု ကိုမေးမြန်းခဲ့သည်။

ကော်မရှင်သည် မေလ ၁၀ ရက်တွင် စစ်တွေမြို့ရှိ အိုင်ဒီပီ စခန်းများနှင့်  ရပ်ကွက်အချို့ကို သွားရောက်လေ့လာမည်ဖြစ် သည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံ ပေးကော်မရှင်သည် မေလ ၈ ရက်က ရခိုင်ဆရာတော်များအပါ အဝင် သံဃာတော်များနှင့်ရန်ကုန် မြို့တွင် တွေ့ဆုံခဲ့သည်။ အကြံ ဉာဏ်များပေးနိုင်ရန် ရခိုင်အဖွဲ့ အစည်းများအနေဖြင့် ၎င်းတို့ကော် မရှင်နှင့်တွေ့ဆုံရန် ကော်မရှင်အ ဖွဲ့ဝင်များက မေတ္တာရပ်ခံခဲ့သည်။

သို့ရာတွင် မေ လ ၉ ရက်နေ့လယ်အထိ ကော်မရှင်ကို သပိတ်မှောက်ထားသည့် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများနှင့် အကြံပေးကော်မရှင် တွေ့ဆုံရေး  မသေချာသေးပေ။

ကိုဖီအာနန်ကော်မရှင်ကြား ဖြတ် အစီရင်ခံစာကို ပြီးခဲ့သည့် မတ်လက ထုတ်ပြန်ပေးခဲ့၍အ ပြီးသတ်အစီရင်ခံစာကို လာမည့် သြဂုတ်လတွင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်ကို နိုင်ငံတော်၏အ တိုင်ပင်ခံ ပုဂ္ဂိုလ်က မြန်မာနိုင်ငံ သား ခြောက်ဦး၊ နိုင်ငံတကာမှ ပုဂ္ဂိုလ်သုံးဦးဖြင့် ၂၀၁၆ သြဂုတ် လက ဖွဲ့စည်းခဲ့သည်။

===================
251/End