၁၈ မေ ၂၀၁၇ - ၁၃:၀၇
အာဆီယံတပ်ချုပ်များ အစည်းအဝေး တက်ရောက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိလစ်ပိုင်နိုင်ငံသို့သွားရောက်

အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အ လွတ်သဘောအစည်းအဝေးသို့ တက်ရောက်ရန် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ဦးဆောင် သော မြန်မာ့တပ်မတော်ကိုယ် စားလှယ်အဖွဲ့သည် မေလ ၁၆ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ထွက် ခွာသွားကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အ လွတ်သဘောအစည်းအဝေးသို့ တက်ရောက်ရန် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ဦးဆောင် သော မြန်မာ့တပ်မတော်ကိုယ် စားလှယ်အဖွဲ့သည် မေလ ၁၆ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ထွက် ခွာသွားကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။

(၁၄) ကြိမ်မြောက်အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်များ အလွတ်သဘောအစည်း အဝေးကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာ မြို့တွင်ကျင်းပမည်ဖြစ်သည်။

ယင်းအစည်းအဝေးကို မေ လ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်း ပမည်ဖြစ်ပြီးအစည်းအဝေးကာ လအတွင်း တပ်မတော်ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဆီယံတပ် မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ နှစ်နိုင်ငံသီးခြားတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိ သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် ပြီးခဲ့သည့် ဧပြီက သြ စတြီးယားနှင့်ဂျာမနီနိုင်ငံများသို့ သွားရောက်ခဲ့သည်။ မြန်မာနိုင်ငံ နှင့် သြစတြီးယား တပ်မတော် ခေါင်းဆောင်များသည် ဧပြီ ၂၄ ရက်တွင် တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် ဂျာမနီတပ်မတော်စစ်ဦး စီးချုပ် General Volker Wieker တို့သည် ဧပြီ ၂၇ ရက်တွင် တွေ့ဆုံ ဆွေးနွေးရာ တပ်မတော်နှစ်ရပ်အ ကြား ဆက်ဆံရေးနှင့်ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ် ဆောင်ရန်နှင့် အကြမ်းဖက်မှုနှိမ် နင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သတင်းအချက်အ လက် ဖလှယ်ခြင်းများဆောင်ရွက် လိုကြောင်း မြန်မာဘက်က ဆွေး နွေးခဲ့သည်။

ဂျာမနီတပ်မတော်ဦးစီးချုပ် ကို မြန်မာနိုင်ငံသို့ တရားဝင်ချစ် ကြည်ရေးခရီးစဉ်လာရောက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဖိတ်ကြားခဲ့သည်။

===================
251/End