အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသောအားဖြင့်တရုတ်နိုင်ငံတွင် ဖန်တီးထား သည့် နှင်းဆီပန်းမျိုးစိတ်သစ်ကို အောင်ဆန်းစုကြည်နှင်းဆီဟု အ မည်ပေးခဲ့သည်။
ဘေဂျင်းမြို့တွင် ပြုလုပ် သော ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၁၇ ရက်၌ ကူမင်းမြို့သို့ သွားရောက်ခဲ့ပြီး အဆိုပါနှင်းဆီအမည်ပေးအပ်ပွဲသို့ ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး မစ္စတာချန်ဟောင်နှင့်အတူ တက်ရောက်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သည်။
ကူမင်းမြို့ Hai Geng ဂါးဒင်းဟိုတယ်၌ ပြုလုပ်သည့် အဆိုပါပွဲ တွင် မျိုးစိတ်ပညာရှင်က နှင်းဆီ ပန်းမျိုးစိတ်သစ် ဖန်တီးခဲ့မှုနှင့် ယင်းမျိုးစိတ်သစ်ဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြား ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ နှင်းဆီပန်းမျိုးစိတ်သစ် အမည်ပေးအပ်ခြင်း အထိမ်းအ မှတ် မှတ်တမ်းကိုလည်း ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်သည် မစ္စတာချန်ဟောင်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး၊ နယ်စပ်ဒေသနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး၊ စီးပွားရေးပူး ပေါင်းဆောင်ရွက်ရေး၊ အခြေခံ အဆောက်အအုံ၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ကျန်း မာရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးတို့ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များ သည် ကူမင်းမြို့မှ မြန်မာအမျိုး သားလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရာ ယူ နန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေး မှူး၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးပိုင် တို့က ကူမင်းလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ် ပြီးဆုံးခြင်းအဖြစ် မေလ ၁၇ ရက် ညနေက နေပြည် တော် အပြည်ပြည်ဆိုင်ရာ လေ ဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ သည်။
===================
251/End
၁၈ မေ ၂၀၁၇ - ၁၄:၃၁
News ID: 830505
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသောအားဖြင့်တရုတ်နိုင်ငံတွင် ဖန်တီးထား သည့် နှင်းဆီပန်းမျိုးစိတ်သစ်ကို အောင်ဆန်းစုကြည်နှင်းဆီဟု အ မည်ပေးခဲ့သည်။