အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘတ်ဂျက်မစတင် မီ အစိုးရအဖွဲ့က လွှတ်တော်သို့ တင်ပြသည့် လျာထားချက် စာ အုပ်များကို သေချာဖတ်ရှုရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မေလ ၁၉ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး ၌ လွှတ်တော်ကိုယ်စားလှယ်များ အား သတိပေးခဲ့သည်။
အခွန်အကောက်၊ ဘတ် ဂျက်၊ စီမံကိန်း စသည့်ဥပဒေများ ကို မပြဋ္ဌာန်းမီ အစိုးရက လွှတ် တော်သို့ တင်ပြချိန်တွင် လွှတ် တော်ကိုယ်စားလှယ်များက သေ ချာဖတ်ရှုသင့်ကြောင်းနှင့် မဖတ် ရှုဘဲ ဘတ်ဂျက်ပြဋ္ဌာန်းပြီးချိန်၌စီမံကိန်းများကို ပြောင်းလဲရန် လုပ်ဆောင်ခြင်းသည် မိုးလွန်မှ ထွန်ချခြင်းဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက သတိပေး ခြင်းဖြစ်သည်။
‘‘တစ်နိုင်ငံလုံးရဲ့ အခွန်အ ကောက်၊ ဘတ်ဂျက်၊ စီမံကိန်း ဒီ အရေးကြီးတဲ့ သုံးခုက လွှတ်တော်ထဲရောက်လာပြီဆိုရင် တစ်နိုင်ငံ လုံးကို မကြည့်နိုင်ရင်တောင်မှ ကိုယ့်မဲဆန္ဒနယ်၊ ကိုယ့်မြို့နယ်မှာ ဖြစ်တဲ့၊ ကိုယ့်တိုင်းမှာဖြစ်တဲ့ ဘတ်ဂျက်ကိစ္စကိုတော့ ကြည့်ဖို့လို တယ်။ ပြီးသွားပြီးမှ ဒါတွေ ဒီလို ဖြစ်ပါတယ်ဆိုတော့ ခုနက ကျွန် တော်ပြောသလို မိုးလွန်မှ ထွန်လိုက်ချလို့ ဘယ်လိုလုပ်ရမှာတုံး’’ ဟု ဦးဝင်းမြင့်ကပြောသည်။
ပြီးခဲ့သည့် စတုတ္ထပုံမှန်အ စည်းအဝေးတွင် အထက်ပါဥပဒေ သုံးခုကို လွှတ်တော်က အတည် ပြုခဲ့ပြီး အစည်းအဝေးရပ်နားချိန် တွင် လွှတ်တော်ကိုယ်စားလှယ် အချို့က ၎င်းတို့၏ မဲဆန္ဒနယ်အ တွက် အမှန်တကယ်လိုအပ်သည့် စီမံကိန်းများကို လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ထံ တင်ပြမှုများရှိခဲ့၍ ယင်းဖြစ်ရပ်များကို သင်ခန်းစာယူ ကာ လာမည့်ဘတ်ဂျက်လျာထား ချက်များကို သေချာဖတ်ရှုရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ငွေက ၎င်း၏မြို့နယ် ပဲခူးရပ်ရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) တွင် တစ်ထပ်ကျောင်းဆောင်ကို ဖျက်သိမ်းခွင့်ပြု၍ နှစ်ထပ်ကျောင်း ဆောင်အတွက် ရန်ပုံငွေချထား ပေးရန် အစီအစဉ် ရှိ၊ မရှိ မေလ၁၉ ရက် လွှတ်တော်အစည်းအဝေး ၌ မေးမြန်းခဲ့သည်။
ယင်းမေးခွန်းကို ပညာရေး ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ဖြေကြားရာတွင် နှစ်ထပ် ကျောင်းဆောင်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ၌ ပါဝင်သော်လည်း ပြည် ထောင်စုအဆင့် အစိုးရထံမှ ခွင့်ပြုချက်မရသဖြင့် ကျောင်းတည် ဆောက်ပေးနိုင်ခြင်းမရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ယင်းမေးခွန်းဖြေကြားမှုအ ပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က အထက်ပါအတိုင်း သတိပေး ခဲ့ခြင်းဖြစ်သည်။
‘‘လာမယ့်နှစ် ဘတ်ဂျက်တွေ မှာ အချိန်လွန်တဲ့အထိ မစောင့်နဲ့။ ကိုယ့်ဆီ ဘတ်ဂျက်စာအုပ်တွေ ရောက်ကတည်းက သေချာကြည့် ထား။ အနိမ့်ဆုံးအဆင့် ကိုယ့်မဲ ဆန္ဒနယ်နဲ့ပတ်သက်တာ ရှာကြည့်ပေါ့။ သူ (ဦးဝင်းမြင့်)က အဲဒါပြောတာ’’ဟု ဆိပ်ကြီးခနောင်တို မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးတင်ထွန်းနိုင်က မှတ် ချက်ပြုသည်။
ဘတ်ဂျက်လျာထားချက် စာအုပ်ထဲတွင် မြို့နယ်အလိုက် ခွင့်ပြုသည့် ဘဏ္ဍာငွေ၊ အကောင် အထည်ဖော်မည့် စီမံကိန်းများ ပါဝင်၍ ယင်းလျာထားချက်များ သည် မိမိမဲဆန္ဒနယ်အတွက် အ မှန်တကယ် လိုအပ်ချက်မဟုတ်ပါ က လွှတ်တော်ကိုယ်စားလှယ်များ မှ လွှတ်တော်၌ ပြင်ဆင်နိုင်ခွင့်ရှိ ကြောင်း ဦးတင်ထွန်းနိုင်က ပြော ကြားသည်။
ပြဋ္ဌာန်းခဲ့သော ၂၀၁၇-၁၈ ဘတ်ဂျက်သည် ဒီချုပ်ကိုယ်စား လှယ်အများစု လွှမ်းမိုးသော လွှတ်တော်က ပထမဆုံးရေးဆွဲခွင့်ရရှိ ခြင်းဖြစ်သည်။
===================
251/End
၂၂ မေ ၂၀၁၇ - ၁၉:၂၉
News ID: 831269
ဘတ်ဂျက်မစတင် မီ အစိုးရအဖွဲ့က လွှတ်တော်သို့ တင်ပြသည့် လျာထားချက် စာ အုပ်များကို သေချာဖတ်ရှုရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မေလ ၁၉ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး ၌ လွှတ်တော်ကိုယ်စားလှယ်များ အား သတိပေးခဲ့သည်။