အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယနေ့မေလ၂၃ရက်နေ့တွင်အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံတော်၏နိုင်ငံခြားရေးဝန်ကြီးဒေါက်တာမိုဟမ္မဒ်ဂျဝါဒ်စရီးဖ်အနေဖြင့်ဘာရိန်းနိုင်ငံရှိဟဇရသ်အာယာသွလ္လာဟ်အီစာကာစင်မ်၏နေအိမ်ကိုအာလေခလီဖွာအစိုးရ မှတိုက်ခိုက်မှုအပေါ်တုံ့ပြန်ပြောကြားရင်း ဤလုပ်ရပ်အားရက်စက်ကြမ်းကြုတ်မှုနှင့်အကြမ်းဖက် မှုသက်သက်ဖြစ်ကြောင်းပြောကြား ခဲ့ပါတယ်။
ပြီးနောက် ဆော်ဒီ နိုင်ငံ၏ မြို့တော် ရေရာဇ် မြို့တော်တွင် အမေရိကန် သမ္မတ အနေဖြင့် မိမိ ၏တပည့် များနှင့် မဟာမိတ် ဆွေးနွေး တွေ့ဆုံ ပွဲပြီးနောက် ထွက်ရှိလာသည့် ပထမဆုံး ရလာဒ် မှာ ဘာရိန်း နိုင်ငံ ရှိ ငြိမ်ဝပ်ပိပြားစွာ ဆန္ဒ ပြ ဆိုသည့် ဖိနှိပ်ခံ ဘာရိန်း ပြည်သူ များကို အမေရိကန်လက်ပါးစေ အာလေ ခလီဖွာ မှ သတ်ဖြတ် အကြမ်းဖက် တိုက်ခိုက် မှု ကို ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဘာရိန်း မင်းစိုး အာလေခလီဖွာ အစိုးရ ညစ် အနေဖြင့် ယနေ့ အလ်ဒရာဇ် ဒေသရှိ ဟဇရသ်အာယာသွလ္လာဟ်အီစာကာစင်မ်၏နေအိမ်ကိုတိုက်ခိုက်ခဲ့ပြီးအယာယာသွလ္လာဟ်၏ ဘက်တော်သားများမှတစ်ဦးကိုရှဟီးဒ်လုပ်ခဲ့ပြီး၁၀ဦးကျော်ကိုထိခိုက် ဒဏ်ရာ ရအောင် ပြုလုပ် ခဲ့ပါတယ်။
ဘာရိန်း အခြေစိုက် လူအခွင့်ရေး အဖွဲ့ ခေါင်းဆောင် ယူစွဖ် ရဘီးအ် အနေဖြင့် အာလေ့ ခလီဖွာ အနေဖြင့် ဟဇရသ် အာယာသွလ္လာဟ် အီစာ ကာစင်မ် အား နေအိမ် တွင်အကျယ်ချုပ် လုပ်လိုက် ပြီး ဖြစ် ကြောင်း ကြေညာ ပြောဆိုခဲ့ပါတယ်။
=====================