အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေးအခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များနှင့် အမေရိကန်ကုန်သည်များအသင်း (မြန်မာ)တို့ ပူးပေါင်း၍ မေလ ၂၅ ရက်တွင် ပထမဆုံးအကြိမ် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ ပြု လုပ်ခဲ့သည်။
‘‘အမေရိကန်ကုန်သည် အသင်းဆိုတော့ နိုင်ငံခြားမှာ ရုံး စိုက်တဲ့ မြန်မာတွေလည်းပါတယ်။ အမေရိကန်နိုင်ငံသားတွေလည်း ပါတယ်။ အကုန်ပါတဲ့ အဖွဲ့နဲ့ မန္တလေးက လုပ်ငန်းရှင်အဖွဲ့တွေ တွေ့ဆုံပြီးတော့ အပြန်အလှန် လုပ်ငန်းတွေ မိတ်ဆက်ဆွေးနွေး ကြတာဖြစ်ပါတယ်။ ဒါက ပထမ ဆုံးအကြိမ် လာတာဖြစ်တဲ့ အတွက် စပြီးတော့ ပျိုးတဲ့သဘော ပေါ့’’ဟု မန္တလေးတိုင်း ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ (၂) ဦးကျော် မင်းက ပြောသည်။
မန္တလေးမြို့သည် စီးပွား ရေး၊ ကျန်းမာရေးနှင့် ပညာရေး တို့တွင် အရေးပါသော နေရာတစ် ခုအဖြစ် တည်ရှိနေ၍ အမေရိကန် ကုန်သည်များအသင်း(မြန်မာ)က လာရောက်တွေ့ဆုံခြင်းဖြစ် သည်။
‘‘နောက်ပိုင်းမှာ အသင်းနှစ် ခု MoU ထိုးဖို့လည်းစီစဉ်နေပါ တယ်။ သဘောတူညီချက် မူကြမ်းတွေကိုတော့ တစ်ယောက် နဲ့တစ်ယောက် ညှိရမှာပေါ့။ သူတို့က ဆန်ရှင်အခုမှလွတ်တော့ သူများထက်ပိုပြီး လုပ်ရမှာပေါ့။ လာတွေ့တဲ့အထဲမှာ လူငယ်လုပ် ငန်းရှင်တွေများတော့ သူတို့က လုပ်ချင်ကိုင်ချင်တဲ့လူတွေများ တယ်’’ဟု ဦးကျော်မင်းက ဆို သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ တွင် ကုန်သည်အသင်းနှစ်ခုစလုံးမှ စီးပွားရေးလုပ်ငန်းရှင် ခြောက် ဆယ်ခန့် လာရောက်ခဲ့ပြီး ၎င်းတို့ ၏ လုပ်ငန်းများကို အပြန်အလှန် မိတ်ဆက်ကာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တွေ့ ဆုံဆွေးနွေးခဲ့သည်။
===================
251/End
၂၇ မေ ၂၀၁၇ - ၁၅:၁၀
News ID: 832294
မန္တလေးအခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များနှင့် အမေရိကန်ကုန်သည်များအသင်း (မြန်မာ)တို့ ပူးပေါင်း၍ မေလ ၂၅ ရက်တွင် ပထမဆုံးအကြိမ် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ ပြု လုပ်ခဲ့သည်။