၂၈ မေ ၂၀၁၇ - ၁၅:၀၆
စစ်ကိုင်းတိုင်းအတွင်း တင်ဒါလုပ်ကိုင်ဆောင်ရွက်မည့် ကုမ္ပဏီများကို ကြိုတင်စာရင်းကောက်ယူ စိစစ်မည်

စစ်ကိုင်းတိုင်းအတွင်း တင် ဒါလုပ်ကိုင်ဆောင်ရွက်မည့် ကုမ္ပဏီများကို ကြိုတင်စာရင်း ကောက်ယူပြီး အချိန်ယူစိစစ်မည် ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ မြင့် နိုင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စစ်ကိုင်းတိုင်းအတွင်း တင် ဒါလုပ်ကိုင်ဆောင်ရွက်မည့် ကုမ္ပဏီများကို ကြိုတင်စာရင်း ကောက်ယူပြီး အချိန်ယူစိစစ်မည်  ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ မြင့် နိုင်က ပြောသည်။

‘‘ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ တင်ဒါဖိတ်ခေါ်တဲ့ ကာလ မှာ လျှောက်ထားလာတဲ့ ကုမ္ပဏီ တွေကို စိစစ်ရွေးချယ်တဲ့အခါ အချိန်အကန့်အသတ်နဲ့ ဆောင် ရွက်ရတာဖြစ်လို့ ကုမ္ပဏီများကို စနစ်တကျစိစစ်ရန် အခက်အခဲ ဖြစ်ရပါတယ်။ ဒါကြောင့် ဒီဘတ် ဂျက်နှစ်ကစပြီး စစ်ကိုင်းတိုင်းအ တွင်းမှာ တင်ဒါလုပ်ကိုင်ဆောင် ရွက်လိုတဲ့ နိုင်ငံတစ်ဝန်းမှ ကုမ္ပဏီတွေကို တင်ဒါအမည်စာရင်းဝင် ကုမ္ပဏီများအဖြစ် ကြိုတင်စာရင်း ကောက်ယူထားပြီး အချိန်ယူစိစစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု မုံရွာခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး မြသလ္လာခန်းမ တွင် မေလ ၂၇ ရက်က ကျင်းပ သော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တင်ဒါလုပ်ငန်းဆိုင် ရာ ပွင့်လင်းမြင်သာမှုရှိရေး အ လုပ်ရုံ ဆွေးနွေးပွဲ၌ ဒေါက်တာ  မြင့်နိုင်က ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည် ဆောက်ရေး၊ ပစ္စည်းဝယ်ယူရေး၊ ၀န်ဆောင်မှုနှင့် ငှားရမ်းရောင်းချ ရေးလုပ်ငန်းများလုပ်ကိုင်ရန် တင်ဒါအမျိုးမျိုးကို နှစ်စဉ်ခေါ်ယူရာ တွင် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ များ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ အဂတိလိုက်စားမှုမရှိရေး၊ လက် ၀ါးကြီးအုပ်ဈေးကစားခြင်းမပြု ဘဲ မျှတသော ယှဉ်ပြိုင်မှုဖြစ်စေ ရေး၊ နိုင်ငံတော်နှင့် အများပြည်သူ များအတွက် ထိရောက်အကျိုးရှိ စေရေးစသည့်အချက်များကို ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်ကြောင်း ဒေါက်တာ မြင့်နိုင်က ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ခေါ်ယူမည့် တင်ဒါလုပ်ငန်း များအတွက် သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများက တင်ဒါကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းဒေ သကြီး၊ ပြည်နယ်ဌာနဆိုင်ရာအ ကြီးအကဲများနှင့် ပြည်ထောင်စုအ ဆင့်ဌာနများမှ ကိုယ်စားလှယ် များဖြင့် ပါဝင်ဖွဲ့စည်းမည် ဖြစ် သည်။ တင်ဒါကော်မတီဖွဲ့စည်း ဆောင်ရွက်ပြီးပါက ကြမ်းခင်း ဈေးတွက်ချက်ရေး ကော်မတီ၊ တင်ဒါ လက်ခံရေးနှင့် စိစစ်ရေး ကော်မတီ၊ အရည်အသွေးစစ် ဆေးရေးနှင့် လက်ခံရေးကော်မ တီတို့ကို စနစ်တကျဖွဲ့စည်း တာဝန်ပေးအပ်မည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက တင်ဒါဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

 အဆိုပါ အလုပ်ရုံဆွေးနွေး ပွဲသို့  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် တာ ၀န်ရှိသူများ၊ နိုင်ငံတစ်ဝန်းမှ တင် ဒါလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီ လုပ်ငန်းရှင် ၂၀၀ ကျော် တက် ရောက်ခဲ့သည်။

===================
251/End