၂၉ မေ ၂၀၁၇ - ၁၇:၂၂
UNFC ညီလာခံ ဇွန်လအတွင်းကျင်းပမည် နုတ်ထွက်ခွင့်တောင်းဆိုထားသည့် အဖွဲ့ဝင်လေးဖွဲ့ကိစ္စ ဆွေးနွေးဆုံးဖြတ်မည်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) ညီလာခံ ကို ဇွန်လအတွင်းကျင်းပ၍ အဖွဲ့ မှ နုတ်ထွက်ခွင့်တောင်းဆိုထား သည့် လက်နက်ကိုင်အဖွဲ့ လေး ဖွဲ့အရေး ဆွေးနွေးဆုံးဖြတ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) ညီလာခံ ကို ဇွန်လအတွင်းကျင်းပ၍ အဖွဲ့ မှ နုတ်ထွက်ခွင့်တောင်းဆိုထား သည့် လက်နက်ကိုင်အဖွဲ့ လေး ဖွဲ့အရေး ဆွေးနွေးဆုံးဖြတ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘UNFC ညီလာခံက ရှေ့လ ထဲမှာ လုပ်မှာပါ။ ရှေ့လ တတိယ ပတ်လောက်ဖြစ်မယ်။ ဆွေးနွေးမှု က ရှေ့လုပ်ငန်းစဉ်တွေ ပြောကြ မယ်’’ဟု UNFC တွဲဖက်အထွေ ထွေအတွင်းရေးမှူး (၁) ဦးထွန်း ဇော်က ပြောသည်။

ညီလာခံတွင် UNFC မှ နုတ် ထွက်ခွင့်တောင်းဆိုထားသည့် အ ဖွဲ့အစည်းများကိစ္စလည်း ဆွေး နွေးဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်း က ဆိုသည်။

UNFC မှ နုတ်ထွက်ခွင့်ပေး ရန် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင် အဖွဲ့ (MNDAA)တို့က ၂၀၁၆ မေလတွင် တောင်းဆိုထားပြီး ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ၂၀၁၇ ဧပြီ ၂၉ ရက်တွင် လည်းကောင်း၊ ‘ဝ’အမျိုးသားအ ဖွဲ့ချုပ် (WNO)က ယခု မေလ ဆန်းတွင်လည်းကောင်း နုတ် ထွက်ခွင့်တောင်းဆိုထားသည်။

‘‘ကျွန်တော်တို့ဘက်က တော့ ပြီးခဲ့တဲ့နှစ်ကတည်းက နုတ်ထွက်ခွင့် တောင်းဆိုထားတာ ပေါ့။ ကျွန်တော်တို့ရဲ့ လက်ရှိအ နေအထားအရက UNFC မှာ ပါဝင်နေတာက တော်တော်လေး အကျပ်အတည်းဖြစ်တယ်။ အ ကျပ်အတည်းဖြစ်တဲ့အတွက် ကျွန်တော်တို့ နုတ်ထွက်ခွင့်တောင်းဆို ထားတာပေါ့’’ဟု TNLA တွဲဖက် အတွင်းရေးမှူး (၂) တာပန်လှက ပြောသည်။

UNFC မှ နုတ်ထွက်ခွင့် တောင်းထားသည့် TNLA, MNDAA, KIA နှင့် WNO အဖွဲ့ များကို လက်ရှိအချိန်ထိ အဖွဲ့ဝင် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားပြီး ယင်းအဖွဲ့များ နုတ်ထွက် ခွင့်တောင်းထားသည့်ကိစ္စကို လာ မည့် UNFC ညီလာခံတွင် ဆွေးနွေးဆုံးဖြတ်မည်ဟု ဦးထွန်းဇော် က အတည်ပြုပြောကြားသည်။

UNFC အဖွဲ့ကို ၂၀၁၁ တွင် အဖွဲ့ဝင် လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းပြီး ဥက္ကဋ္ဌ တာဝန်ကို KIO က နှစ်ကြိမ်ဆက် တိုက် တာဝန်ယူခဲ့သည်။ KIO အနေဖြင့် NCA စာချုပ်ရရှိရေး၊ NCA လက်မှတ်ရေးထိုးနိုင်ရေး ဦးဆောင်ဆွေးနွေးသည့် အဖွဲ့အ စည်းဖြစ်သော်လည်း လက်ရှိတွင် NCA မရေးထိုးဘဲ ‘ဝ’လက်နက်

ကိုင်အဖွဲ့ (UWSA)၏ ဦးဆောင်မှု ဖြင့် နိုင်ငံရေးဆွေးနွေးရန် ဆုံးဖြတ်ထားသည့် အဖွဲ့ဖြစ်သည်။ UNFC အဖွဲ့ဝင် ရှမ်းလက်နက်ကိုင်အဖွဲ့ (SSPP)သည်လည်း ထိုသို့ဆုံး ဖြတ်ထားသည်။

UWSA အပါအဝင် မြောက် ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ပါဝင် သော ပြည်ထောင်စုနိုင်ငံရေးဆွေး နွေးညှိနှိုင်းရေးကော်မတီကို ဖွဲ့ စည်းကာ အစိုးရနှင့် ဆွေးနွေးနိုင် ရေး ကြိုးစားနေသည်။

UNFC နုတ်ထွက်ခွင့်တောင်း ဆိုထားသည့် အဖွဲ့များကို တရား ဝင်နုတ်ထွက်ခွင့်ပြုပါက UNFC တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ ရခိုင်ပြည်အမျိုး သားကောင်စီ (ANC)၊ လားဟူဒီမို ကရက်တစ်အစည်းအရုံး (LDU) နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ (SSPP)တို့သာ ကျန်ရှိမည်ဖြစ် သည်။

သို့သော် SSPP အဖွဲ့သည် လည်း UWSA ဦးဆောင်ပြီး မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ကော်မတီတွင် ပါဝင်ထားသဖြင့် UNFC တွင် ဆက်ရှိရန် မသေချာ ပေ။

နေပြည်တော်၌ မေလ ၂၄ ရက်က စတင်ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံသို့ NCA မရေးထိုးရသေးသည့် အဖွဲ့များအား ဖိတ်ကြားခဲ့ရာ UNFC အဖွဲ့ဝင် အဖွဲ့အစည်းအများစု တက် ရောက်ခဲ့ခြင်းမရှိပေ။

===================
251/End