အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သမိုင်းတွင် ကျန် ရစ်မည့် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်မှုအတွင်း မပါဝင်သေး သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ် များပါဝင်ရေး နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဖိတ်ခေါ်ခဲ့သည်။
‘‘ကျွန်မတို့လက်ထက် စွန့် လွှတ်မှု၊ စွန့်စားမှုတွေနဲ့ ချလိုက် တဲ့ အုတ်မြစ်အပေါ်မှာ နောင်လာ မယ့် သားသမီးမြေးမြစ်တွေက ခိုင်မာတင့်တယ်တဲ့ နိုင်ငံကြီးကို ဆက်လက်တည်ဆောက် မွမ်းမံ သွားနိုင်စေချင်ပါတယ်။ ဒီညီလာ ခံကြီးထဲကို မရောက်ရှိကြသေး တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ် တွေကိုလည်း ကျွန်မတို့နဲ့အတူတ ကွ လက်တွဲပူးပေါင်းပြီး သမိုင်း တွင် ကျန်ရစ်ခဲ့မယ့် လုပ်ငန်းအ တွင်းမှာ ပါဝင်ကြဖို့ အလေးအ နက်ဖိတ်ခေါ်ပါကြောင်း ပြောကြားလို ပါတယ်’’ဟု ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မ တီ(UPDJC) ဥက္ကဋ္ဌလည်းဖြစ် သည့် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မေလ ၂၉ ရက်က ပြုလုပ် သည့် နိုင်ငံရေးအပါအ၀င် သဘောတူညီမှု ၃၇ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းအဖြစ် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါ တီနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအကြား ချုပ်ဆိုခဲ့ သည့် ၂၁ ရာစုပင်လုံညီလာခံ ပိတ်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင် စ ကားပြောကြားရာ၌ ယခုကဲ့သို့ ဖိတ်ခေါ်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် တစ်နှစ်ကျော် အတွင်း ဆွေးနွေးညှိနှိုင်းမှုများ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ကာ နောက်ဆုံးတွင်ညီလာခံ၌ သဘောတူညီချက်များကို လက်မှတ်ရေးထိုးသည့်အဆင့် စတင်ရောက်ရှိပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ညီလာခံတွင် သဘောထား ကွဲလွဲမှုများ၊ ရှုမြင်ချက်ကွာခြား မှုများ ရှိသော်လည်း ဘုံသဘော ထားအမြင်များဖြစ်လာရန် ဆွေး နွေးငြင်းခုံညှိနှိုင်းမှုများသည် အားတက်ဖွယ်ရာ ကောင်းသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။
‘‘တိုင်းရင်းသားပြည်သူတွေ နှစ်ပေါင်းများစွာ မျှော်လင့်နေခဲ့ရတဲ့ ငြိမ်းချမ်းရေးအိပ်မက်ဟာ ပထမဆုံးအနေနဲ့ ကောက်ကြောင်း တွေ စတင်ရေးဆွဲနိုင်ခဲ့ပါပြီလို့ ပြောနိုင်ပါတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ လုပ်ဆောင်မှုနှင့်ပတ်သက်၍ ‘‘တာတိုခရီးတွေမှာ ခွန်အားကြီး သူတွေက သာလွန်တတ်ကြပေ မယ့် တာဝေးခရီးတွေမှာ စိတ် ဓာတ်ခိုင်မာသူတွေက အဓိက အောင်ပွဲဆင်လေ့ရှိကြပါတယ်။ ရှေ့ဆက်လျှောက်လှမ်းရဦးမယ့် ငြိမ်းချမ်းရေး ခရီးရှည်ကြီးမှာ ကျွန်မတို့ အားလုံးအတွက် ဒီစိတ် ဓာတ်ဟာ ခွန်အားဖြစ်လာပါလိမ့်မယ်’’ ဟုလည်း ဒေါ်အောင်ဆန်း စုကြည်ကဥပမာပေး၍ ပြောကြား သည်။
‘‘ကျွန်မတို့အားလုံးမှာ အ တိတ်ရဲ့ ဒဏ်ရာ ဒဏ်ချက်တွေ ကိုယ်စီကိုယ်စီ ရှိကြပါတယ်။ ဒီ ဒဏ်ရာ ဒဏ်ချက်တွေကို နောင် လာမယ့် မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းလိုခြင်း မရှိတော့ ဘဲ ကုစားနိုင်မယ့် နည်းလမ်းကို ရှာဖွေမှုစတင်ခဲ့ပါပြီ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ထို့အပြင် အာဃာတများ၊ နာကြည်းချက်များ၊ အနာတရ များကိုသာ အာရုံထားနေမည်ဆို ပါက ခြေထောက်ကို သံလုံးဆွဲပြီး လမ်းလျှောက်သူကဲ့သို့ ဖြစ်နေ မည်ဟုလည်း ၎င်းက ပြောကြားသည်။
‘‘ကျွန်မတို့ရဲ့ ခြေလှမ်းတွေ ကို နှေးကွေးလေးလံယိုင်နဲ့စေမယ့် အဲဒီအာဃာတတရားတွေကို စွန့် ပစ်နိုင်မှသာ ကျွန်မတို့ အနေနဲ့ သွက်သွက်လက်လက် အားမာန် အပြည့်နဲ့ ရှေ့ကိုလျှောက်လှမ်းနိုင် မှာ ဖြစ်ပါတယ်’’ဟု ၎င်းကပြော သည်။ ထို့ပြင် နေ့စဉ်နေ့တိုင်း စွန့် စားမှုများနှင့် ရင်ဆိုင်နေရပြီး ငြိမ်းချမ်းရေးရရှိရေး မည်သည့် စွန့်စားမှုမျိုးကိုမဆို နောက်တွန့်မ နေရန်လည်း ဒေါ်အောင်ဆန်းစု ကြည်က မှာကြားခဲ့သည်။
ဆက်လက်၍ နောင်လာ နောက်သားများအတွက် ပြည် တွင်းစစ်နှင့် ထားခဲ့မည်လားဆို သည်ကို စဉ်းစားကြရန်လည်း ၎င်းက ပြောကြားသည်။
‘‘၂၁ ရာစုပင်လုံ ဒုတိယအ ကြိမ် အစည်းအဝေးကနေ ငြိမ်း ချမ်းရေးရှာပုံတော်လမ်းကြောင်း ပေါ်မှာ နောက်တစ်လှမ်းလှမ်းခဲ့ ပါပြီ။ ဒီအစည်းအဝေးပြီးဆုံးခြင်း က ငြိမ်းချမ်းတဲ့ ဖယ်ဒရယ်ပြည် ထောင်စုဆီ ဦးတည်တဲ့နောက် ခြေလှမ်းရဲ့အစကို သတ်မှတ်လိုက် ခြင်းပဲ ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။
‘‘ဒီပြည်တွင်းစစ်ကို ကျွန်မ တို့ စတင်ခဲ့ကြတာမဟုတ်ပေမယ့် လည်း အဆုံးသတ်နိုင်အောင် ကြိုးစားနေကြတာ ဘယ်သူတွေ အတွက်လဲ၊ ပြည်တွင်းစစ်မှာ အတိဒုက္ခ ရောက်နေကြရတဲ့၊ ကိုယ်ရောစိတ်ပါ လုံခြုံအေးချမ်း စွာ နေချင်တဲ့ ပြည်သူတွေအတွက် ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူ၊ ပြည်သားများရဲ့ စိတ်ချမ်းသာမှု အတွက် ရှေ့ကိုဆက်ပြီး လျှောက် လှမ်းကြရဦးမှာ ဖြစ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက် လက်ပြောကြားသည်။
နိဂုံးချုပ်တွင် ငြိမ်းချမ်းရေး ဖန်တီးရှင်များ ဖြစ်လာအောင် သန္နိဋ္ဌာန်ချကြပါစို့ဟု တိုက်တွန်း ခဲ့သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အရ ကျင်းပသည့် ၂၁ ရာ စုပင်လုံညီလာခံကို ခြောက်လ တစ်ကြိမ် ကျင်းပရန်သတ်မှတ် ထားပြီး ယခုညီလာခံ၌ သဘော တူညီမှု မရရှိသည့် အချက်အ လက်များကို လာမည့် ညီလာခံ များတွင် ဆက်လက်ဆွေးနွေးမည် ဖြစ်သည်။
===================
251/End
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း မပါဝင်သေးသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ ပါဝင်ကြရန် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်
၃၀ မေ ၂၀၁၇ - ၁၇:၀၀
News ID: 833068
သမိုင်းတွင် ကျန် ရစ်မည့် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်မှုအတွင်း မပါဝင်သေး သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ် များပါဝင်ရေး နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဖိတ်ခေါ်ခဲ့သည်။