၃၀ မေ ၂၀၁၇ - ၁၇:၃၂
ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းရေးမစ်ရှင်အဖွဲ့ ကုလသမဂ္ဂခန့်အပ်

ရခိုင်ပြည်နယ်တွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ၃ ဦးပါ အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ကို ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီဥက္ကဋ္ဌက ဒီကနေ့ ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်ပြည်နယ်တွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ၃ ဦးပါ အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ကို ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီဥက္ကဋ္ဌက ဒီကနေ့ ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

ဒီမစ်ရှင်အဖွဲ့ကို အိန္ဒိယလူ့အခွင့်ရေးရှေ့နေ မစ္စ အင်ဒီရာ ဂျာအစ်ဆင်းက ခေါင်းဆောင်ပြီး အဖွဲ့ဝင်တွေအဖြစ် သီရိင်္လကာက ဟားဘတ်ကျောင်းဆင်းရှေ့နေ မစ္စ ရက်ဒ်ဟီကာ ကိုးမာရာဆွာမီ နဲ့ သြစတြေးလျနိုင်ငံသား အကြံပေးပုဂ္ဂိုလ် ခရစ်စတိုဖာ ဒေါမနစ် စီဒေါ့တီတို့ ပါဝင်ပါတယ်။

ဒီအဖွဲ့အနေနဲ့ လာမယ့်စက်တင်ဘာလ ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီ အစည်းဝေးမှာ နောက်ဆုံးအခြေအနေကို နှုတ်နဲ့တင်ပြရမှာဖြစ်ပြီး ၂၀၁၈ မတ်လမှာ အစီအရင်ခံစာ အပြည့်အစုံတင်သွင်းရမှာဖြစ်ပါတယ်။

===================
251/End