၆ ဇွန် ၂၀၁၇ - ၁၄:၄၀
The Voice အယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင်ကို ရုံးပိတ်ရက်တွင် ရမန်ယူခဲ့ခြင်းမှာ ဥပဒေနှင့်ညီညွတ်ခြင်း ရှိ၊ မရှိ စစ်ဆေးပေးရန် တင်ပြ

The Voice အယ်ဒီတာ ချုပ်နှင့်ဆောင်းပါးရှင်တို့၏ အမှု ကို ရုံးပိတ်ရက်အတွင်းသီးသန့် တရားရုံးဖွင့်လှစ်ကာ ရမန်ယူခဲ့ သည့် မြို့နယ်တရားရုံး၏လုပ်ရပ် သည် ဥပဒေကိုကျော်လွန်နေ၍ စစ်ဆေးအရေးယူပေးရန် ဇွန်လ ၅ ရက်က အနောက်ပိုင်းခရိုင်တရား ရုံးသို့ တင်ပြခဲ့ကြောင်း အဆိုပါ သတင်းစာ၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်ကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


The Voice အယ်ဒီတာ ချုပ်နှင့်ဆောင်းပါးရှင်တို့၏ အမှု ကို ရုံးပိတ်ရက်အတွင်းသီးသန့် တရားရုံးဖွင့်လှစ်ကာ ရမန်ယူခဲ့ သည့် မြို့နယ်တရားရုံး၏လုပ်ရပ် သည် ဥပဒေကိုကျော်လွန်နေ၍ စစ်ဆေးအရေးယူပေးရန် ဇွန်လ ၅ ရက်က အနောက်ပိုင်းခရိုင်တရား ရုံးသို့ တင်ပြခဲ့ကြောင်း အဆိုပါ သတင်းစာ၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်ကပြောသည်။

ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲ ခံထားရသည့် The Voice Daily သတင်းစာ အယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင်တို့ကို အထူးအရေး ကြီးအမှု များသာ ရုံးထုတ်စစ်ဆေး ခွင့်ရှိသည့် စနေနေ့ရုံးပိတ်ရက် ဇွန်လ ၃ ရက်က တရားရုံးသီးသန့် ဖွင့်လှစ်ကာ ရမန်ယူခဲ့ခြင်းအပေါ် မြို့နယ်တရားရုံး၏ လုပ်ရပ်သည် ဥပဒေနှင့်အညီ ညီညွတ်မှု ရှိ၊ မရှိ အဆုံးအဖြတ်ပေးရန်၊ မညီညွတ်ပါက အရေးယူပေးရန် ဦးခင်မောင်မြင့်က အနောက်ပိုင်း ခရိုင်တရားရုံးသို့ တင်ပြစာပေးပို့ခဲ့ သည်။

‘‘တင်ပြချက်အပေါ် ခရိုင်တ ရားသူကြီးက ကျွန်တော့်တင်ပြစာ ကို ဆက်လက်ပြီး စိစစ်အရေးယူ ဆောင်ရွက်ပေးပါ့မယ်လို့ ပြော တယ်။ နောက်တစ်ချက်က ဇွန်လ ၈ ရက်မှာ ချုပ်မိန့်ရမန်ယူမယ့် ရုံးချိန်းမှာ ကျွန်တော်တို့က အာမခံ လျှောက်ထားခဲ့ရင် အာမခံပေးနိုင် တဲ့ ဥပဒေနဲ့ ညီညွတ်တယ်ဆိုရင် အာမခံပေးဖို့ သူညွှန်ကြားပေးပါ့ မယ်လို့ ပြောတယ်’’ ဟု ၎င်းက ပြောသည်။

၎င်းတို့နှစ်ဦးကို ဇွန်လ ၂ရက်က ဗဟန်းမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထားခြင်းဖြစ်သည်။ တရားရုံး ၏ ချုပ်ရမန်မရှိဘဲ ၂၄နာရီထက်ပို ကာ ရဲစခန်းတွင် ဖမ်းဆီးထားခွင့် မရှိ၍ တရားရုံးပိတ်ရက်ဖြစ်သည့်  ဇွန်လ ၃ ရက်၌ ဗဟန်းမြို့နယ် တရားရုံးဖွင့်ကာရုံးထုတ်ရမန်ယူခဲ့ ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ၂၄နာရီ ထက် ပိုမိုချုပ်နှောင်ထားပြီး စစ် ဆေးခွင့် ရယူခြင်းဖြစ်သည်။

ရုံးပိတ်ရက်တွင်ဥပဒေပြ ဋ္ဌာန်းချက်များကို ဆန့်ကျင်ပြီးတ ရားရုံးဖွင့်ကာ ရမန်ပေးခဲ့ခြင်း သည် ဥပဒေနှင့်မညီညွတ်ခြင်း ကြောင့် စိစစ်အရေးယူဆောင် ရွက်ပေးရန်နှင့် တည်ဆဲဥပဒေပြ ဋ္ဌာန်းချက်နှင့် တရားရုံးညွှန်ကြား စာများတွင် ဆက်သွယ်ရေးဥပဒေ  ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသူကို အာမခံမပေးရဟု တိကျသည့်ပြဋ္ဌာန်းချက်မရှိဘဲ အာမခံငြင်းပယ်လိုက်ခြင်းကို စိစစ်အ ရေးယူပေး ရန် ဦးခင်မောင်မြင့်က အနောက်ပိုင်းခရိုင် တရားရုံးသို့ တင်ပြခဲ့သည်။ လာမည့်ဇွန်လ  ၈ ရက်ရုံးချိန်းတွင် အာမခံရရှိရန် အချက်အလက်ခိုင်ခိုင်လုံလုံဖြင့် တင်ပြမည်ဖြစ်ပြီး မြို့နယ်တရားရုံးမှ ယင်းအာမခံချက်ကို ငြင်းပယ်ပါက ဥပဒေပြဋ္ဌာန်းချက်များ၊ တည်ဆဲဥပဒေများနှင့် ညီညွတ်ခြင်း ရှိ၊ မရှိအကြောင်းပြချက် တောင်းခံကာ အနောက်ပိုင်း ခရိုင်တရားရုံးသို့ ရာဇဝတ်ပြင်ဆင်မှု ဆက်လက် တင်ပြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မတ်လ ၂၆ ရက်ထုတ် The Voice Daily သတင်းစာ၌ ဖော် ပြခဲ့သည့် ‘ကျည်ထောင်စုသစ္စာ’ ဟု အမည်ပေးထားသည့် သရော်စာဆောင်းပါးကြောင့် သတင်းစာ အယ်ဒီတာချုပ်ဦးကျော်မင်းဆွေ နှင့် ဆောင်းပါးရှင်ဗြိတိသျှကိုကို မောင်တို့ကို ရန်ကုန်တိုင်းစစ်ဌာန ချုပ် ဒုတိယဗိုလ်မှူးကြီး လင်း ထွန်းကတရားလိုပြုပြီး အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

‘ကျည်ထောင်စုသစ္စာ’ သ ရော်စာဆောင်းပါးနှင့် ပတ်သက် ၍  The Voice Daily သတင်းစာ တွင် တောင်းပန်စာဖော်ပြရန် တပ် မတော်ကတောင်းဆိုသော်လည်း The Voice Daily သတင်းစာက ယင်းဆောင်းပါးနှင့် ပတ်သက်၍ အထူးစိတ်မကောင်း ဖြစ်မိ ကြောင်း ဖြေရှင်းချက်ကို မေလ ၁၄ ရက်ထုတ်ယင်းသတင်းစာ၌ထည့် သွင်းဖော်ပြခဲ့သည်။ ထို့နောက် တပ်မတော်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ယခင်အစိုးရလက်ထက်က စ၍ ၂၀၁၇ဇွန်လ ၅ ရက်အထိ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားရုံးတင်ပြီး တရားစွဲဆိုမှု ၆၈မှုရှိကြောင်း ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့ စာရင်းများအရသိရသည်။

===================
251/End