အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့(World Environment Day) ကို ကြိုဆိုသည့်အနေဖြင့် ဇွန်လ ၅ ရက်က တောင်ကြီးမြို့၌ စုပေါင်းစက်ဘီးစီးသည့် လှုပ်ရှားမှုပြုလုပ်ခဲ့သည်။
ယင်းလှုပ်ရားမှုတွင် ရှမ်း ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေး ၀န်ကြီးဒေါက်တာမျိုးထွန်း၊ သ ဘာဝသယံဇာတ၊ သတ္တုနှင့် သစ် တောဝန်ကြီး ဒေါက်တာ ညီညီ အောင်တို့ပါ တောင်ကြီးဒေသခံ စက်ဘီးစီးသမားများနှင့်အတူ ပူး ပေါင်း စက်ဘီးစီးနင်းခဲ့သည်။
‘‘သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအနေနဲ့ စက်ဘီးစီးတာ ဖြစ်ပါတယ်။ မော်တော်ကား၊ မော်တော်ဆိုင်ကယ်တွေ သုံးရင် လေထုညစ်ညမ်းမှုကို ဖြစ်စေတယ်။ စက်ဘီးစီးတာကို အားပေးတဲ့အ နေနဲ့ ဒီလှုပ်ရှားမှုလုပ်ရခြင်း ဖြစ်တယ်’’ဟု ဒေါက်တာညီညီအောင် က ပြောသည်။ ထို့အပြင် တောင်ကြီးမြို့ကို မီးခိုးငွေ့လျှော့ချသည့် အစိမ်းရောင်မြို့တော် ဖြစ်လာ စေရန် ရည်ရွယ်ထားသည်ဟု ဒေါက်တာညီညီအောင်က ဆက်လက်ပြောကြားသည်။
‘‘သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းတဲ့အနေနဲ့ရော၊ စက်ဘီးစီး တဲ့သူတွေများလာအောင်၊ စက် ဘီးစီးတဲ့အားကစားတိုးတက်လာ အောင် ဒီလှုပ်ရှားမှုကို လုပ်ရခြင်း ဖြစ်တယ်’’ဟု စက်ဘီးစီးလှုပ်ရှား မှုကို စီစဉ်သူ တောင်ကြီးဒေသ ခံကိုကျော်ကြီးက ပြောသည်။
စက်ဘီးစီးလှုပ်ရှားမှုကို ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး ယခင် ၂၀၁၆ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့တွင်လည်း ပထမဆုံးအကြိမ် စုပေါင်းစက်ဘီးစီးလှုပ်ရှားမှုပြုလုပ်ထားသည်။
စက်ဘီးစီးလှုပ်ရှားမှုတွင် တောင်ကြီးဒေသခံ စက်ဘီးစီးသ မား ၁၅၀ ကျော်ပါဝင်ပြီး တောင် ကြီးမြို့ ဗိုလ်ချုပ်လမ်းရှေ့ မင်းကွန်းကျောင်းကစတင်ကာ စက်ဘီးများ တာထွက်ခဲ့ပြီး အိမ်တော်ထင်းရှူး တောဝင်းထိ စီးနင်းခဲ့သည်။
===================
251/End
၆ ဇွန် ၂၀၁၇ - ၁၅:၃၀
News ID: 834650
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့(World Environment Day) ကို ကြိုဆိုသည့်အနေဖြင့် ဇွန်လ ၅ ရက်က တောင်ကြီးမြို့၌ စုပေါင်းစက်ဘီးစီးသည့် လှုပ်ရှားမှုပြုလုပ်ခဲ့သည်။