၈ ဇွန် ၂၀၁၇ - ၀၉:၀၉
တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် တွေ့ဆုံခြင်း

‘‘ငြိမ်းချမ်းရေး မအောင်မြင်သေးသည့်တိုင်အောင် အပစ်အခတ်ရပ်စဲရင် ဘယ်ဝန်ကြီးဌာနမဆို ဖွံ့ဖြိုးတိုးတက်ရေး သွားလုပ်လို့ရတယ်’’

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

‘‘ငြိမ်းချမ်းရေး မအောင်မြင်သေးသည့်တိုင်အောင် အပစ်အခတ်ရပ်စဲရင် ဘယ်ဝန်ကြီးဌာနမဆို ဖွံ့ဖြိုးတိုးတက်ရေး သွားလုပ်လို့ရတယ်’’

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထက်တွင် အသစ်ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ အဓိကလုပ်ဆောင်ရမည့် တာဝန်သည် တိုင်းရင်းသားများ၏ ရပိုင်ခွင့်၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရမည် ဖြစ်သည်။ ထို့ပြင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင်လည်း အမျိုးသားရင်ကြားစေ့ရေး အထောက်အကူဖြစ်စေရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သည့် တိုင်းရင်းသားများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေအရ ပေါ်ပေါက်လာသည့် အဆိုပါ ၀န်ကြီးဌာနသည် ဒီချုပ်အစိုးရ သက်တမ်းပထမတစ်နှစ်အတွင်း ၀န်ထမ်းဖွဲ့စည်းပုံနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဦးစီးဌာနရုံးများဆောက်လုပ်ရန် ကြိုးစားခဲ့သည်။ တစ်ပြိုင်နက်တည်းတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း ၀န်ကြီးဌာနက ပါဝင်လုပ်ဆောင်နေသည်။ ယင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် 7Day News တို့ သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြပါသည်။

ဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ကျေနပ်အားရတဲ့ လုပ် ဆောင်မှုတွေက ဘာတွေ ဖြစ်မ လဲ၊ အားမရတဲ့အချက်တွေက ဘာတွေဖြစ်မလဲ။

ဝန်ကြီးဌာနက အသစ်ဖြစ်နေတော့ ဖွဲ့စည်းပုံကို ရေးဆွဲရတယ်။ ဌာနမှာ ဥပဒေထုတ်ထားတဲ့အပေါ် မှာ မူတည်ပြီးတော့ နည်းဥပဒေ တွေ ထပ်လုပ်ဆောင်ရတယ်။ အဲဒီကနေ ၀န်ထမ်းတွေ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ၀န်ထမ်းတွေဖွဲ့ စည်းဖို့အတွက် အကြိတ်အနယ် လုပ်ရသေးတယ်။ ဒီနှစ်(၂၀၁၇-၁၈) ကျတော့  တိုင်းနဲ့ပြည်နယ်မှာ ဆက်လက်ပြီးတော့ ဖွဲ့စည်းဖို့က ၀န်ကြီးချုပ်တွေနဲ့ အဆက်အသွယ်လုပ်ပြီးတော့ ရုံးတွေ တောင်းထားတာပေါ့။ တိုင်းနဲ့ ပြည်နယ်မှာရှိနေတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေက တို့နဲ့ပူးပေါင်း လုပ်ဆောင်ရမယ်။ သူတို့ရဲ့ မဲဆန္ဒ နယ်မှာ သူတို့အရွေးခံတဲ့ ဒေသရဲ့ တိုင်းရင်းသားတွေကိုယ်စားဖွံ့ဖြိုး ရေး ဘာလိုအပ်လဲ၊ စာတတ် မြောက်ရေးဘယ်လောက်အတိုင်း အတာရှိလဲ။ တိုင်းရင်းသားရေး ရာဝန်ကြီးမရှိတဲ့ လူမျိုးတွေကျ တော့ တို့ဝန်ကြီးဌာနကနေ ဦးစီးဦး ဆောင်ပြီး လိုအပ်ချက်တွေကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ က လုပ်နိုင်တဲ့အပေါ်မူတည်ပြီး သူ တို့လုပ်နိုင်တဲ့အဆင့်ကို သူတို့ဘာ သာညှိနှိုင်းပြီး တာဝန်ယူမယ်။ အကယ်၍ သူတို့တာဝန်မယူနိုင်တဲ့ အဆင့်ကျတော့ ပြည်ထောင်စုအ ဆင့်ဝန်ကြီးဌာန ဘယ်သူနဲ့ဆိုင် လဲ၊ ဆိုင်တဲ့ဝန်ကြီးဌာနနဲ့တို့က ပူး ပေါင်းပြီး တိုင်းရင်းသားအရေအ တွက်လုပ်ဆောင်သွားမယ်။

စောစောက ၀န်ကြီးပြောတဲ့ သက် ဆိုင်ရာကဏ္ဍအလိုက် ပညာရေး၊ ကျန်းမာရေးအစရှိတဲ့ ၀န်ကြီးဌာန တွေ ပေါင်းစပ်လုပ်ကိုင်ဆောင် ရွက်မှု တောင်းဆို ညှိနှိုင်းပေးမှုရှိ နေပြီလား၊ ပေါင်းစပ်လုပ်ကိုင်ရ တာကော အဆင်ပြေမှုရှိလား။

အခုမှစတာပေါ့။ ကျောင်းဖွင့် ရက်တွေနဲ့လည်း ကပ်နေတယ်။ ပညာရေးဝန်ကြီးဌာနနဲ့ ပြောဆို ထားတာတွေရှိတယ်။ ၀န်ကြီးလုပ် ပါဦး။ ဘယ်ဒေသမှာ လိုအပ် တယ်။ တိုင်းရင်းသားဒေသတွေမှာ ကလေးတွေကို ပညာသင်ကြားနိုင် ဖို့ ဆွေးနွေးနေတာရှိတယ်။ ဒီဘက်က စာမတတ်တဲ့ကလေးတွေ၊ စာ မသင်နိုင်တဲ့ ကလေးတွေ ဘယ် လောက်လဲဆိုတာ စာရင်းမပေးနိုင်ဖြစ်နေတာ။ ၀န်ကြီးဌာနက တိုင်း နဲ့ ပြည်နယ်မှာ ရုံးမဖွင့်နိုင်သေး၊ အလုပ်မလုပ်နိုင်သေး၊ ၀န်ထမ်းမ ခန့်ရသေး၊ လောလောဆယ် မွန် ပြည်နယ်နဲ့ ကရင်ပြည်နယ်နှစ်ခုကိုအစမ်းသဘော ဖွင့်ထားရသေး တယ်။ ရခိုင်ပြည်နယ်ကို ပစ္စည်း တော့ပို့ထားတယ်။ သွားမဖွင့်ရ သေးဘူး။ အများကြီးလုပ်ရမယ်။ အဓိကက ငြိမ်းချမ်းရေးအတွက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ရုံး ခန်းဆောက်ဖို့ မြေနေရာကြီးရတဲ့ နေရာ ခြောက်နေရာတောင်းထား တယ်။ တိုင်းနဲ့ ပြည်နယ် ၁၄ ခုစလုံးမလုပ်နိုင်တဲ့အတွက် ခြောက်နေ ရာအရင်လုပ်မယ်။

အခြားဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ရတာ ဘာအ ခက်အခဲကြုံတွေ့ရလဲ။

သက်ဆိုင်ရာတိုင်းရင်းသား တွေရဲ့ အမျိုးသားနေ့တွေကျင်းပ ဖို့ အောက်ခြေက အာဏာပိုင်အဖွဲ့ အစည်းတွေနဲ့ နည်းနည်းပါးပါးစိန် ခေါ်မှုတွေရှိတယ်။ အဲဒီလိုအခါမျိုးမှာ တို့က လုပ်ခွင့်ပေးလိုက်ပါ၊ အရင်ကလို လုံခြုံရေးအကြောင်း ပြ၊ ဘာအကြောင်းပြ၊ မြေလွတ် မြေကွက်လပ်တွေပေးမလုပ်တာ တို့ အခက်အခဲတွေ အခုဆိုရင် သိပ်မရှိတော့ဘူး။ တိုင်းရင်းသား တွေကလည်း သူတို့အခက်အခဲ ကြားဝင် ဆောင်ရွက်ပေးတော့ ကျေနပ်အားတက်တာပေါ့။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနအနေနဲ့ ဘယ်လိုအခန်းကဏ္ဍ ကနေ ပါဝင်ဆောင်ရွက်နေလဲ။ ဒီ ဖြစ်စဉ်မှာ တာဝန်ယူထားရတဲ့အ ပိုင်းရှိရင် ပြောပြပေးပါဦး။

တို့အနေနဲ့ UPDJC လို့ခေါ် တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီဗဟိုမှာ အဖွဲ့ဝင်အနေနဲ့ လုပ်ဆောင်နေ တယ်။ နောက်ပြီး NRPC (အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန)မှာလည်း တိုင်းရင်းသားအရေးနဲ့ ပတ်သက် ပြီး ဗဟိုကော်မတီမှာပါတယ်။ ဒါ့ အပြင် ရခိုင်ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီမှာ လည်း အဖွဲ့ဝင်အနေနဲ့ပါတယ်။ အဲဒီတော့ တိုင်းရင်းသားရေးရာနဲ့ ပတ်သက်ပြီး သဘောထားတွေအ များကြီး ဗဟိုကော်မတီမှာ နား ထောင်ပြီး တချို့လိုအပ်ချက်တွေ ဆွေးနွေးနိုင်ဖို့ ၀င်ရောက်ဆောင် ရွက်နေတာရှိတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် က ဒီ ၂၀၁၇ ဟာ ငြိမ်းချမ်းရေးနှစ် ဆိုပြီးတော့ ပြောကြားထားတာရှိ တယ်။ ၀န်ကြီးဌာနအနေနဲ့ ဘယ်လိုပေါင်းစပ်ပြီးတော့ လုပ်ဆောင်သွားဖို့ ရှိပါသလဲ။

တို့က UPDJC ထဲမှာရော၊ NRPC ထဲမှာရောပါတဲ့အပြင် ကျန်တဲ့ တိုင်းရင်းသားဒေသထဲမှာ၊ ရောက်တဲ့နေရာတိုင်းမှာ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးဟာ တန် ဖိုးရှိတဲ့အကြောင်း၊ ဒါကြောင့် NCAထဲမှာ လက်မှတ်ထိုးပြီးတော့ နိုင်ငံ ရေးတန်းတူညီမျှရေးတွေကို မရရ အောင်လာဆွေးနွေးပါ။ ခြောက်လ တစ်ကြိမ်ဆွေးနွေးလို့မအောင်မြင် ရင် နောက် ခြောက်လ။ တစ်နှစ် ဆွေးနွေးလို့မအောင်မြင်ရင် နောက်တစ်နှစ်။ ဒါပေမဲ့ မပစ်ခတ်ကြဘူး ဆိုရင် တို့က ကျန်နေတဲ့ ၀န်ကြီးဌာနတွေနဲ့ ဖွံ့ဖြိုးတိုးတက်အောင်၊ ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက် အောင်လုပ်လို့ရတယ်။ တို့ဝန်ကြီး ဌာနဆိုရင် တိုင်းရင်းသားဒေသ တွေမှာ တိုင်းရင်းသားပညာရေး ဖွံ့ဖြိုးအောင်၊ ပညာဗဟုသုတတွေ တိုးတက်အောင်မလုပ်နိုင်ဘူး။ အ ပစ်မရပ်ရင်။ လျှပ်စစ်ဝန်ကြီးဌာန ကလည်း လျှပ်စစ်မီးရအောင် လည်း သူသွားမလုပ်ပေးနိုင်ဘူး။ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး လည်း သူမလုပ်ပေးနိုင်ဘူး။ ငြိမ်း ချမ်းရေးမအောင်မြင်သေးသည့် တိုင်အောင် အပစ်အခတ်ရပ်စဲရင် တော့ အကုန်လုံးဘယ်ဝန်ကြီးဌာန မဆိုသွားပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်လို့ရတယ်။ သူ့တာဝန်သူလုပ် လို့ရတယ်။ ငါတို့တိုင်းရင်းသားဖွံ့ ဖြိုးအောင် စာပေ၊ ဓလေ့၊ ထုံးစံ၊ ယဉ်ကျေးမှု ဗဟုသုတတိုးတက် အောင် လုပ်လို့ရတယ်။ အကယ်၍ ငြိမ်းချမ်းရေးမရဘူး။ ပစ်ခတ်ရပ် စဲရေးလည်း မလုပ်ထားဘူးဆိုရင် တို့ပြည်ထောင်စုဟာ ဘယ်လိုမှ လည်း တိုးတက်ဖွံ့ဖြိုးအောင်လုပ် လို့ရမှာ မဟုတ်ဘူး။

တိုင်းရင်းသား လူမျိုးများ အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ ထွက်ပေါ်ပြီးနောက်မှာ နည်းဥပဒေထွက်ပေါ်ဖို့လည်း ကျန်ရှိနေသေးတာပေါ့။ အခုလက်ရှိ နည်းဥပဒေဆောင်ရွက်နေတဲ့ အ ပိုင်းကကော ဘယ်လိုရှိပါသလဲ။

နည်းဥပဒေဆိုတာကတော့ တိုင်းရင်းသားရေးရာဝန်ကြီးတွေရှိ တယ်။ သူတို့လည်းခေါ်ပြီးတော့ ငါ တို့ဒီမှာ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံကာကွယ်စောင့်ရှောက်တဲ့ ဥပဒေထုတ်ထားတယ်။ အဲဒါတွေကို ဘယ်လိုလုပ်ပြီးတော့၊ တိုင်းရင်းသားတွေဒေသမှာ ဘယ် လိုနည်းဥပဒေထုတ်ပြီးတော့ လုပ် ဆောင်ရမလဲဆိုတာ သူတို့နဲ့ ဆွေး နွေးမယ်။ လာမယ့်မကြာမီမှာ အ လုပ်ရုံဆွေးနွေးပွဲလုပ်ပြီးတော့၊ အခုကနှစ်ခါတော့ရှိပြီ။ နည်းဥပဒေရဲ့ မူ ကြမ်း။ ပထမအကြိမ်၊ ဒုတိယအ ကြိမ်တို့ နောက်တစ်ကြိမ် သူတို့ ဆွေးနွေးပြီးတော့၊ တိုင်းရင်းသား အရေးနဲ့ ပတ်သက်ပြီးတော့ လို အပ်တဲ့ဟာတွေဘာရှိသေးလဲ။ အဲဒီလိုမူကြမ်းတွေကို ကျွန်တော် တို့အတည်ပြုပြီးရင်တော့ အလုပ် လုပ်လို့ အဆင်ပြေသွားမယ်။

နည်းဥပဒေထွက်ဖို့အတွက် အချိန် ဘယ်တော့လောက် ခန့်မှန်းထားပါသလဲ။

အောက်တိုဘာနောက်ပိုင်း ဆိုရင် ဒီဟာတွေက မူကြမ်းသုံးခါ ဖြစ်ပြီဆိုတော့ အချောကိုင်လို့ရပြီ ပေါ့။

တိုင်းရင်းသားဒေသတွေ၊ အဓိက စစ်ဖြစ်နေတဲ့ နေရာတွေမှာ စစ် ဘေးရှောင်တွေရဲ့ ကဏ္ဍနဲ့ ပတ် သက်ပြီးတော့ အချက်အလက် ကောက်ယူထားတာရှိပါသလား။ သူတို့ရဲ့ အခွင့်အရေးနဲ့ ပတ်သက် ပြီးတော့ သူတို့ရဲ့ ဘ၀နေထိုင်မှုလုံ ခြုံရေးအတွက်ကော စဉ်းစားဆောင်ရွက်ထားတာရှိပါသလား။

 ဒုသမ္မတတို့ ဌာနအနေနဲ့ တော့ လူကယ်ပြန်တို့ ဦးဆောင်ပြီး တော့ ကော်မတီဖွဲ့ထားတာရှိ တယ်။ အဲဒါမှာ တိုင်းရင်းသားလူ မျိုးများရေးရာဝန်ကြီးဌာနလည်း ပါဝင်တယ်။ ကိုယ့်ရဲ့အပိုင်းကိုယ် ဆောင်ရွက်ကြတာပေါ့။ လူကယ် ပြန်က စစ်ပြေးဒုက္ခသည်တွေကို နေရာပေးတာတို့၊ ပြန်လည်နေရာ ချထားပေးတာတို့လုပ်တယ်။ ဒါ ပေမဲ့ တို့က ၀န်ကြီးဌာနအသစ် ဖြစ်နေတော့ လုပ်မယ့်နေရာကျ တော့ ကျေးလက်ဒေသဖွံ့ဖြိုးရေး နဲ့ ထိပ်တိုက်သွားတွေ့ရော။ သူတို့ လုပ်ရမယ့်ဟာတွေ တစ်ခါတလေကျတော့၊ တိုင်းရင်းသားတွေက တောင်းဆိုလာတဲ့အခါကျတော့

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးနဲ့အတူ တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့လည်း လိုအပ်နေ တယ်။ တံတားလိုတယ်။ ကျောင်း လိုတယ်။ တချို့ဆေးခန်းလိုရင် ဆေးခန်းနဲ့ ပတ်သက်တဲ့ ၀န်ကြီးနဲ့ သွားတွေ့မယ်။ ကျွန်တော်တို့ဌာန က အရင်တုန်းက ဆက်စပ်ပြီး တော့ လုပ်ဆောင်တဲ့ ၀န်ကြီးဌာန တွေရှိတယ်။ ပညာရေးနဲ့ ပတ် သက်ပြီးတော့လည်း ဒီလိုပဲ။ တချို့တိုင်းရင်းသားတွေက တို့ဆီကိုလာ တယ်။ သူ့အရည်အချင်းရှိတယ်။ သူတို့က ဖွံ့ဖြိုးရေးတက္ကသိုလ် တက်ချင်တယ်။ ဒီကဌာနအသစ်ဆိုတော့ ၀န်ထမ်းက ၂၀၀ ကျော် ကျော်ပဲရသေးတယ်။ တိုင်းနဲ့ပြည် နယ်တွေဖွင့်လှစ်ဖို့ ၀န်ထမ်းတွေ များကြီးလိုတယ်။ အခုဖွဲ့စည်းပုံအ ရဆိုရင် ၀န်ထမ်း ၁,၁၃၁ ယောက် လိုတယ်။ အခုက ၂၀၀ ၀န်းကျင် လောက်ပဲရသေးတယ်။ တိုင်းနဲ့ ပြည်နယ်မှာသွားလုပ်မယ်ဆိုရင် လိုအပ်တဲ့ဝန်ထမ်းက အများကြီး လိုသေးတယ်။

ချောင်းဆုံတံတားကိစ္စမှာ ပြည်သူ အကြားမှာ တော်တော်လေး ဂ ယက်ရိုက်သွားတယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာလည်းချောင်းဆုံ မှာ ဒီချုပ်က ရှုံးနိမ့်ခဲ့တယ်ပေါ့။ ဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ၀န်ကြီးရဲ့ နိုင်ငံရေးအယူအဆကကော ဘယ်လိုရှိပါသလဲ။

ဒါကတော့ သူတို့ဖြစ်ရိုးဖြစ် စဉ်ပဲလို့ ခံယူလိုက်တယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒါတွေက ပြီးသွား တဲ့ဟာတွေ ထပ်ပြီးပြန်ပြောမယ် ဆိုရင် အချင်းချင်းပဋိပက္ခဖြစ်ရုံပဲ ရှိမယ်။ ပြီးသွားတာကတော့ အား လုံးအဆင်ပြေချောမွေ့ပြီးတော့ ဒေသခံတွေကလည်း ကျေကျေနပ် နပ်နဲ့ သွားလာနေမယ်ဆိုရင် ဒါ တွေက အေးဆေးသွားမှာပါ။ ဖြစ် စဉ်တွေက ပြီးသွားပြီ။ သူရဲ့အချုပ် က ဟိုတုန်းကတော့ ပြောခဲ့တယ်။ ဒါတွေဟာ လွှတ်တော်မှာမဲခွဲပြီး တော့ အနိုင်ယူတဲ့ပုံစံကလည်း မ မှန်မကန်။ လွှတ်တော်ကလည်း မတင်ပေးသင့်ဘူးပေါ့။ ဖြစ်နေ တာ အောက်ခြေက ဒေသခံတွေနဲ့ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းပြီးတော့ လုပ်ရမယ့် အသေးအမွှားကိစ္စတွေ ကို ဒီပေါ်ရောက်လာတယ်။ ပြီး သွားတဲ့ကိစ္စတွေက ပြီးသွားပြီ။ ဆက်ပြောနေရင် လူမျိုးအချင်း ချင်း ပဋိပက္ခ၊ အဖွဲ့အစည်းအချင်း ချင်း ပဋိပက္ခ၊ ကျန်နေတဲ့ ဒေသခံတွေမှာတောင်မှ တချို့က ကြိုက်တယ်။ တချို့က မကြိုက်ဘူး။ လူရဲ့အကြိုက် နတ်တောင်မလိုက်နိုင်တော့ ပြီးသွားတဲ့ဟာ ပြီးသွားပါစေတော့လို့ ခံယူလိုက်တယ်။

လက်ရှိမှာ သမီးကလွှတ်တော် ကိုယ်စားလှယ်။ ဖခင်ဖြစ်သူက ပြည်ထောင်စုဝန်ကြီးပေါ့။ ဒီလို ဖြစ်စဉ်မျိုးက ရှားရှားပါးပါးရှိတဲ့ အပြင် ပါတီကလည်း မတူဘူး ပေါ့။ ဒီလိုအခြေအနေမျိုးမှာ သား အဖနှစ်ဦးကြားမှာ နိုင်ငံရေးအယူ အဆကွဲပြားခြားနားမှု ဘယ်လို များရှိပါသလဲ။

ဒါကတော့ အန်ကယ်ရဲ့ စိတ်နေသဘောထားကို အန်ကယ် ရဲ့ သမီးစိတ်ထဲကို သွားသွင်းယူလို့ လည်း မရဘူး။ သူရဲ့သဘောထား ကိုလည်း အန်ကယ့်ဆီမှာ လာ သွင်းပေးလို့ မရဘူး။ လူတစ် ယောက်က သူ့ရဲ့ယုံကြည်ချက်နဲ့ သူ့ရဲ့ခံယူချက်နဲ့ပဲ။ အခုလည်း ဒီ လိုပဲ၊ အဖေနဲ့သမီးဖြစ်ပေမယ့် သူ့ လိုင်းနဲ့သူ။ သူ့အဖွဲ့အစည်းနဲ့၊သူ့ ရဲ့ခံယူချက်နဲ့၊ သူ့ရဲ့ယုံကြည်ချက် နဲ့သူပဲ။

ကျွန်တော်တို့နိုင်ငံမှာရော၊ ကမ္ဘာ မှာရော အခေါ်အဝေါ်အရ ပြဿ နာဖြစ်စေတဲ့ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီးတော့ကော ၀န်ကြီး ဌာနအနေနဲ့ ဆွေးနွေးခဲ့ရတဲ့ အ ပိုင်းတွေ ရှိပါသလား။ ဒီလို အမည်ခေါ်ဆိုမှုနဲ့  ပတ်သက်ပြီး တော့ကော ဘယ်လိုများမြင်ပါ သလဲ။

အဲဒီဘင်္ဂါလီလူမျိုးဟာ ဒီကို ပြောင်းလာပြီးတော့ ရိုဟင်ဂျာလုပ် တယ်ဆိုတာ သူ့ရည်ရွယ်ချက်တို့ လည်း မသိဘူး။ ဘာရည်ရွယ်ချက် လဲ။ ရခိုင်မှာ  သူတို့က တိုင်းရင်း သားဖြစ်ချင်လို့လား။ သူလည်း နယ်မြေလိုချင်လို့လား။ အဲဒီရည် ရွယ်ချက်တွေနဲ့လား။ ကိုယ်လည်း မသိတော့ သူ့ရဲ့ နဂိုမူရင်းရဲ့ အမှန်က ဘင်္ဂလားဒေ့ရှ်ပဲ။ အခုမှ မဟုတ်ဘူး။ ဟိုးအင်္ဂလိပ်လက် ထက်ကတည်းက ဘင်္ဂါလီပဲ။ တို့ လည်း ငယ်ငယ်တုန်းကတည်းက ဘင်္ဂါလီလူမျိုးဆိုတာပဲသိတယ်။ ရိုဟင်ဂျာလည်း မသိဘူး။ အခုကျ တော့ သူက ရိုဟင်ဂျာဖြစ်သွား တယ်။ အဲဒါအကြိတ်အနယ်ပဲ။ တစ်ကမ္ဘာလုံး ပျံ့နှံ့သွားတယ်။ သူ တို့ရဲ့ အခွင့်အရေးတစ်ခုခုတော့ သူတို့ရည်မှန်းလို့ ခေါ်ဝေါ်မယ် ထင်တာပဲ။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တို့နိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိ ဘူးလို့ သူလည်း ဒီလိုပဲပြောထား တယ်။ တို့လည်း တစ်ချိန်တုန်းက မကြားဖူးဘူး။

ဒီ ဘင်္ဂါလီအရေးကိစ္စနဲ့ ပတ်သက် ပြီးတော့ ကြားဝင်စေ့စပ်ပေးခဲ့ရ တာမျိုးကောရှိခဲ့ပါသလား။

ဒီကိစ္စကတော့ တို့တိုင်းရင်း သားအရေး ကိစ္စ မဟုတ်တဲ့အ တွက် မဖြေရှင်းဘူး။

ဝန်ကြီးဌာနအနေနဲ့ ပြည်ထောင် စုအဆင့်နဲ့ ညှိနှိုင်းမရလို့ မလုပ်ခဲ့ရ တဲ့ ကိစ္စမျိုးတွေ ရှိခဲ့ပါသလား။

အခက်အခဲကတော့ ဘာမှ သိပ်ပြီးတော့ မရှိဘူး။

ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ ။

အချင်းချင်း မညီညွတ်ဘူး။ ပြည်တွင်းစစ်ဖြစ်နေမယ်၊ ပဋိပက္ခ တွေဖြစ်နေမယ်ဆိုရင် တို့နိုင်ငံက ဘယ်လောက်ပဲ သယံဇာတပေါ ကြွယ်ဝပါစေ။ ဘယ်လိုမှ တိုး တက်ဖွံ့ဖြိုးအောင် မလုပ်ဆောင် နိုင်ဘူး။ တိုးတက်ဖွံ့ဖြိုးပြီးတာ တောင်မှ တစ်ယောက်နဲ့တစ် ယောက် ပစ်လိုက်၊ ခတ်လိုက်နဲ့ လုပ်နေကြတာ။ ပစ်လိုက်တဲ့ ကျည်ဆန်ရဲ့တန်ဖိုးက နည်းတာ မဟုတ်ဘူး။ အဲဒီလိုကုန်ကျသွား တာတွေကို တိုင်းပြည်အတွက် ဖွံ့ ဖြိုးအောင်လုပ်သင့်တယ်။ နှစ်ဖက် သေနေတာတွေက တို့ပြည်ထောင် စုရဲ့လုပ်အားတွေ ဆုံးရှုံးတာပဲ။ အဲဒီအတွေးမျိုးတွေ မ၀င်လာ အောင် အချင်းချင်းနဲ့ အားလုံး ညီ ညီညွတ်ညွတ်၊ လေးလေးစားစား၊ ချစ်ချစ်ခင်ခင်နဲ့ အားလုံးသော တိုင်းရင်းသားတွေဟာ ယုံကြည် ပြီး ယှဉ်တွဲနေထိုင်နိုင်ဖို့ ပြည် ထောင်စုမှာ အဲဒါတွေ ကြိုးစား တယ်ပေါ့။ တို့သက်တမ်းမရရင် နောက်သက်တမ်း၊  နောက်သက် တမ်း၊ နောက်သက်တမ်းတွေရ အောင် ကြိုးစားရမှာပဲ။ အကောင်း ဆုံးရဲ့ အမွေဟာ ဘာလဲဆိုတော့ နောင်လာမယ့် ငါတို့ရဲ့ သားစဉ် မြေးဆက်ရဲ့ အကောင်းဆုံးအမွေ က ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေး ရရင် လောကနိဗ္ဗာန်ရပြီလို့သာ မှတ်ပေတော့။

နိုင်ငံအတွင်းက တိုင်းရင်းသား တွေအတွက် ပြောကြားလိုတာ များရှိရင် ပြောကြားပေးပါဦး။

ခုနက ပြောသလိုပဲ တိုင်း ရင်းသားအားလုံးတွေဟာ သူ့လူ မျိုး၊ငါ့လူမျိုးဆိုပြီး လူမျိုးအစွဲ တွေ သိပ်ပြီးတော့ အစွဲမထားကြပါနဲ့။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

===================
251/End