၁၀ ဇွန် ၂၀၁၇ - ၀၉:၄၀
ရန်ကုန်မြို့ ရေကြီးရေလျှံပြဿနာကို ဒေါ်လာသန်းတစ်ရာသုံးစွဲ ဖြေရှင်းမည်ဟု ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်မြို့တွင် ရေကြီး ရေလျှံမှုပြဿနာဖြေရှင်းနိုင်ရေး ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ ၁၂၅ သန်းကူညီရန် သဘောတူညီထား ပြီး လာမည့်နှစ်၌ ဒေါ်လာသန်း၁၀၀ သုံးစွဲ၍လုပ်ဆောင်ရန် စီမံကိန်းရေးဆွဲထားကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ရန်ကုန်မြို့တွင် ရေကြီး ရေလျှံမှုပြဿနာဖြေရှင်းနိုင်ရေး ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ ၁၂၅ သန်းကူညီရန် သဘောတူညီထား ပြီး လာမည့်နှစ်၌ ဒေါ်လာသန်း၁၀၀ သုံးစွဲ၍လုပ်ဆောင်ရန် စီမံကိန်းရေးဆွဲထားကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားသည်။

ဇွန်လ ၉ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တစ်နှစ်တာဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ရေကြီး ရေလျှံမှု ပြဿနာ တွေကို  ဖြေရှင်းနိုင်ဖို့အတွက် ကမ္ဘာ့ဘဏ်ကနေ ကျွန်တော်တို့ ကို ဒေါ်လာ၁၂၅သန်း ကူညီဖို့ သဘောတူညီထားပြီးဖြစ်ပါတယ်။ လာမယ့် ပွင့်လင်းရာသီမှာ ရေကြီးရေလျှံဖြစ်နေတဲ့ မြောင်းတွေကို ပြင်ဆင်ဖို့အတွက်၊ သန်း ၁၀၀ သုံးစွဲသွားဖို့အတွက် စီမံချက်ရေးဆွဲထားပြီးဖြစ်တယ်။ အဲဒီ သန်း ၁၀၀ ရေးဆွဲထားတဲ့ စီမံချက်နဲ့အတူ ပလက်ဖောင်းတွေကိုပါ ပြုပြင်သွားဖို့ စီစဉ်ထားပါတယ်’’ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်မြို့၏ အခြေခံအ ဆောက်အအုံများသည် ရေကြီး ရေလျှံမှုဖြစ်ပါက ပျက်စီးဆုံးရှုံးမှု များပြားသည့် အဆောက်အအုံ များဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

‘‘လမ်းမတွေပေါ်မှာ ရေကြီး ရေလျှံမှုတွေကို ကျွန်တော်တို့ အစိုးရသစ်တက်တဲ့အချိန်မှာ ကြုံ ခဲ့ရပါတယ်။ မြောင်းတွေ တော် တော်များများကို ရှင်းလင်းနိုင်ဖို့အတွက် မြို့တော်စည်ပင်ဘက်က နေ ကြိုးပမ်းဆောင်ရွက်ခဲ့ပါ တယ်။ အစိုးရသစ်တက်လာချိန် မှာလည်း တစ်ဘီလီယံကို ပုဂ္ဂလိ ကပေးပြီး ရှင်းချခဲ့ပါတယ်။ ပြီးရင် မြောင်းတွေကို  ရှင်းပါတယ်။ မြောင်းတွေကိုရှင်းရင် ရေကြီးရေ လျှံမှုတွေကို ပပျောက်သွားနိုင်ဖို့ အတွက် ကျွန်တော်တို့ ကြိုးပမ်းခဲ့ ပါတယ်။ မိုးအလွန်အင်မတန်များ ပြားမယ်ဆိုရင်တော့ ရှိနေတဲ့ မြောင်းတွေနဲ့ ခံနိုင်တဲ့ရေထွက် အားနဲ့ဆိုရင်တော့ လုံလောက်တဲ့ အခြေအနေမရှိသေးဘူးဆိုတာ ကိုပြောရမှာပဲ ဖြစ်ပါတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့တွင် ဇွန်လ ၄ ရက်က တစ်နာရီကျော်အတွင်း မိုးရေချိန် သုံးလက်မကျော် သည်း ထန်စွာရွာသွန်းခဲသော့ကြောင့် မြို့တွင်းလမ်းများနှင့် လမ်းမကြီး များတွင် ကားများရေနစ်မြုပ်ကာ သွားလာ၍မရသည်အထိ ရေကြီး ရေလျှံခဲ့သည်။

ထို့အပြင်နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်သောအဖွဲ့များဖြင့် ကျူးကျော်များနေရာချထားရေးဆောင်ရွက်နိုင်အောင် ကြိုးစားမည်ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

‘‘နိုင်ငံတကာ အဖွဲ့အစည်း ပါဝင်ဆောင်ရွက်တဲ့ ကျူးကျော် များနေရာချထားရေးကို ကျွန် တော်တို့ကြိုးပမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ ပြန်လည်နေရာချ ထားရေးအစီအစဉ်သစ်တစ်ရပ် အတွက်လည်း ဧရိယာတစ်ခုကို ရွေးချယ်သက်မှတ်ဖို့အတွက် လေ့လာဆန်းစစ်မှုတွေလုပ်နေပြီဖြစ် ပါတယ်’’ ဟု ၎င်းက ဆိုသည်။

ကျူးကျော်နေထိုင်သူများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက နည်းပညာအသုံးပြု၍ စစ်တမ်း များကောက်ယူနေပြီး အရေအ တွက်သည် မူလလျာထားချက် ထက်ကျော်လွန်နေသည်ဟု  ၎င်း က ဆိုသည်။

ယခင်က ရန်ကုန်မြို့တွင် ကျူးကျော်အိမ်ထောင်စု သုံးသိန်း ခန့်ရှိမည်ဟု အစိုးရခန့်မှန်းထား သော်လည်း ယခုအချိန်ထိ ကျူး ကျော်အိမ်ထောင်စု လေးသိန်းခန့် ရှိနေပြီး မမှန်မကန်အမည်ခံစာရင်းသွင်းခြင်းများ ရှိ၊မရှိ စိစစ်ဖော်ထုတ်မည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

ထို့အပြင် စက်မှုဇုန်များကို အဆင့်မြှင့်တင်နိုင်ရေး ပင်မစီမံ ချက် (Master Plan)ရေးဆွဲပြီး အဆင့်မြှင့်နိုင်ရန် လုပ်ဆောင်နေ ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

‘‘အရင်က အထည်ချုပ်လုပ် ငန်း ၂၀၀ လောက်ရှိနေတဲ့အတွင်း မှာ ကျွန်တော်တို့ အစိုးရသစ် တစ်နှစ်အတွင်းမှာ အထည်ချုပ် လုပ်ငန်းပေါင်း ၄၀၀ လောက်အ ထိ တိုးတက်လာပါတယ်။ ဆတိုး တိုးတက်လာတယ်လို့ ပြောလို့ရ ပါတယ်။ အလုပ်အကိုင်အခွင့်အ လမ်းများစွာကို ကျွန်တော်တို့က ဖန်တီးပေးခဲ့တယ်လို့ ပြောလို့ရပါ တယ်’’ဟု ဝန်ကြီးချုပ်က သတင်း စာရှင်းလင်းပွဲတွင် ပြောကြား သည်။

ထို့အပြင် ရန်ကုန်မြို့အ တွင်းရှိ ဈေးများကို အဆင့်မြှင့်ရန် ကြိုးပမ်းနေပြီး ဈေး ၂၀ ကျော်ကို အဆင့်မြှင့်တင်ရန် စီမံကိန်းများ ရေးဆွဲနေကြောင်း ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသည်။

===================
251/End