အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
YBS စနစ်စတင်ပြီး ငါး လခန့်အတွင်း ဘတ်စ်ကားစီးရေ ၆၇၇ စီးကို အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ထုတ်ပြန်ကြေညာသည်။
ခရီးသည်များ ဆက်သွယ် တိုင်ကြားမှုများကို စစ်ဆေးပြီးနောက် အရေးယူခဲ့ခြင်းဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အ တွင်းရေးမှူး ဒေါက်တာမောင် အောင်က ပြောသည်။
‘‘အစိုးရမှတ်တမ်းမှာ ဖော်ပြ ထားတဲ့ အရေးယူတဲ့အစီးရေ ၆၇၇ စီးက ကွန်ပလိန်းစင်တာကို ဆက်သွယ်တိုင်ကြားလို့ အရေး ယူထားတဲ့ အရေအတွက်ပဲရှိသေး တယ်။ YRTA ကစည်းကမ်းထိန်း သိမ်းရေးအဖွဲ့ကားတွေနဲ့ လှည့် စစ်ပြီးအရေးယူတဲ့ ဘတ်စ်ကား တွေပါ ပေါင်းရင်အစီးတစ်ထောင် ကျော်လောက် ရှိတယ်’’ဟု ဒေါက် တာမောင်အောင်က ပြောသည်။
YBS ဘတ်စ်ကားများအားအရေးယူမှုနှင့်ပတ်သက်၍ ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ တစ်နှစ်တာလုပ်ငန်းဆောင် ရွက်မှုမှတ်တမ်းတွင် ဖော်ပြထား ပြီး ယင်းဘတ်စ်ကားများ အရေး ယူမှုကို ပထမဆုံး သတင်းထုတ် ပြန်ခြင်းဖြစ်သည်။
ခရီးသွားများက ဖုန်းဖြင့် တိုင်ကြားသည့် အမှုများတွင် ယာဉ်စီးခပိုမိုကောက်ခံခြင်း၊ မှတ်တိုင်တွင် မရပ်ခြင်းနှင့် ခရီးသည်ကို မချေမငံဆက်ဆံခြင်းများကြောင့် တိုင်ကြားမှု ပိုများသည်ဟု ဆို သည်။
စည်းကမ်းပျက်ယာဉ်များကို ကျူးလွန်သည့်ပြစ်ဒဏ်အပေါ် မူ တည်၍ အရေးယူကာ ပြစ်ဒဏ်ကျသင့်မှုလည်း ကွာခြားကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။
‘‘တချို့ တရားရုံးတင်ပြီး ထောင်ဒဏ်ချမှတ် အရေးယူရတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်။ တချို့ တွေကို မော်တော်ယာဉ်ဥပဒေနဲ့ ငွေဒဏ်အရေးယူခဲ့ရတယ်။ ပြစ် ဒဏ်ပိုင်းတွေပိုပြီး တိုးမြှင့်နိုင် အောင် လုပ်သွားဖို့ရှိတယ်’’ဟု ၎င်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲ မှုအာဏာပိုင်အဖွဲ့သည် စည်း ကမ်းမဲ့ဘတ်စ်ကားများကို ယာဉ် ဆယ်စီးဖြင့် နေ့စဉ်လှည့်လည် စစ်ဆေးနေကြောင်း အစိုးရအဖွဲ့ က သတင်းထုတ်ပြန်သည်။
စည်းကမ်းပျက် YBS ဘတ်စ် ကားများအပြင် ဘတ်စ်ကားလမ်း ကြောင်း၌ စည်းကမ်းမဲ့ရပ်ထား သည့် အခြားယာဉ် ၅၃၁ စီးကို ချလန်ဖြတ်အရေးယူခြင်း၊ ယာဉ်၁၅ စီးကို ကရိန်းဖြင့်ဆွဲ၍ အရေး ယူခြင်း ပြုလုပ်ခဲ့သည်။
===================
251/End
၁၁ ဇွန် ၂၀၁၇ - ၁၆:၃၅
News ID: 835811
YBS စနစ်စတင်ပြီး ငါး လခန့်အတွင်း ဘတ်စ်ကားစီးရေ ၆၇၇ စီးကို အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ထုတ်ပြန်ကြေညာသည်။