အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ငြိမ်းချမ်းရေးရရှိရန်ကြိုး ပမ်းဆောင်ရွက်နေမှုအပေါ် တိုး တက်မှုမရှိကြောင်း ပြောကြားမှု များ ရှိသော်လည်း ငြိမ်းချမ်းရေး ရရှိရန် လိုချင်သည့် ပန်းတိုင်သို့ ရောက်အောင် သွားရမည်ဖြစ် ကြောင်း နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကနေဒါနိုင်ငံခရီးစဉ် ငါးရက် မြောက်နေ့ဖြစ်သည့် ဇွန်လ ၉ ရက်တွင် ကနေဒါနိုင်ငံရောက် မြန်မာ အသိုင်းအဝိုင်းနှင့် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။
‘‘တချို့ကနေပြီးတော့ ကျွန်မတို့ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ငြိမ်း ချမ်းရေးအတွက် ကြိုးပမ်းမှုတွေ ဟာ အခုထက်ထိတိုးတက်မှုမရှိ ဘူးဆိုတာ။ တိုးတက်မှုရှိတယ်ဆို တစ်ခါတလေလည်း ဆုတ်ယုတ် မှုရှိရမှာပဲ။ ရှေ့တိုးရင်းနောက် ဆုတ်ရင်း၊ ရှေ့တိုးရင်း နောက် ဆုတ်ရင်းနဲ့ ကျွန်မတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင်သွား ရမှာပဲ။
တခြားနိုင်ငံတွေ့ရဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ်တွေကို ကြည့်လိုက် လို့ရှိရင်၊ ငြိမ်းချမ်းရေးကြိုးပမ်း မှုတွေကို ကြည့်လိုက်လို့ရှိရင် အဲဒီလိုပဲဆိုတာ မြင်ရပါလိမ့်မယ်။ တချို့နိုင်ငံတွေမှာဆိုရင် ဆယ်စု နှစ်ပေါင်းများစွာမက ရာစုနှစ်နဲ့ချီ ပြီးတော့တောင်မှ ငြိမ်းချမ်းရေးအ တွက်၊ အမျိုးသားပြန်လည်ရင် ကြားစေ့ရေးအတွက် ကြိုးပမ်းခဲ့ ကြရတာပါပဲ’’ ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားကြောင်း VOA သတင်းဌာနက ဖော်ပြ သည်။
ထို့ပြင် ကနေဒါနိုင်ငံသို့ လာ ရောက်ရသည့် အကြောင်းရင်း ကိုလည်း ၎င်းကယခုကဲ့သို့ပြော သည်။
‘‘ကျွန်မတို့ဒီမှာလာရတဲ့ အဓိကအကြောင်းရင်းကတော့ Forum of Federations အဖွဲ့ကနေ ပြီးတော့ ကျွန်မတို့မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကူညီ သောအားဖြင့် ဖက်ဒရယ်ဒီမိုက ရေစီနိုင်ငံရေးစနစ်အကြောင်းပိုမို ပြီးတော့ ကျွန်မတို့နားလည်ရ အောင်လို့ ဖိတ်ခေါ်တာဖြစ်ပါ တယ်။ လာတဲ့အဖွဲ့ထဲမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေပါတယ်။ ကျွန်မတို့ အစိုးရကိုယ်စားလှယ် တွေပါတယ်။ တပ်မတော်ကိုယ် စားလှယ်တွေပါပါတယ်။ ဆိုတော့ ဒီလိုလာတဲ့အခါမှာ သူ့အမြင် ကိုယ့်အမြင် ဖလှယ်ခွင့်လည်းရ တယ်။ နောက်ပြီးတော့ ကျွန်မတို့ အားလုံးရင်ဆိုင်ရမယ့် စိန်ခေါ်မှု တွေ အကြောင်းလည်းပိုပြီးတော့ သိလာရတယ်’’ ဟု ဒေါ်အောင် ဆန်းစုကြည်က ကနေဒါရောက် မြန်မာများအား ပြောကြားသည်။
ကချင်ပြည်နယ် တနိုင်းဒေ သရှိ ဒေသခံများနှင့် မှော်လုပ်သားများကို ဇွန်လ ၁၅ ရက်နောက်ဆုံး ထား၍ ထွက်ခွာပေးရန် တပ်မ တော်ကစာများဖြန့်ဝေအကြောင်း ကြားထားခြင်းနှင့် ပတ်သက်ပြီး ကနေဒါရောက် မြန်မာတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို စာဖြင့်ရေးသားမေးမြန်းရာ ဒေါ်အောင် ဆန်းစုကြည်က ‘‘ပြန်ပြောရမယ် ဆိုရင် ကျွန်မဒီဟာကို မကြားသေးပါဘူး။ ပြန်စုံစမ်းပါမယ်။ ရွှေ့ခိုင်း တယ်ဆိုရင် ဘယ်သူကရွှေ့ခိုင်း တာလဲဆိုတာ ကျွန်မတို့သိဖို့လို တယ်။ နောက်ကျွန်မတို့ ပြည်သူ ပြည်သားတွေ ရွှေ့ရတယ်ဆိုရင် တော့ အဓိကတာဝန်ယူရမှာတော့ လူမှုရေးနှင့် ပြန်လည်နေရာချ ထားရေး လူကယ်ပြန်ဝန်ကြီးဌာန ကနေ တာဝန်ယူပြီးတော့ ဆောင် ရွက်ပေးမှာ ဖြစ်ပါတယ်’’ဟု ပြန် လည်ဖြေကြားသည်။
ကနေဒါနိုင်ငံ၏ဖက်ဒရယ် တည်ဆောက်မှုလမ်းကြောင်း သည် မြန်မာနိုင်ငံကဲ့သို့ မခက်ခဲ သော်လည်း သင်ယူစရာများစွာရှိ ကြောင်း၊ ကနေဒါနိုင်ငံသည် ဖက် ဒရယ်ပြည်ထောင်စုတစ်ခုအဖြစ် ခိုင်မာပြီဖြစ်ပြီး စိန်ခေါ်မှုများကို မည်သို့ ရင်ဆိုင်ကျော်လွှားခဲ့ရ ကြောင်းနှင့် စိန်ခေါ်မှုများမှာ မည် သည့်အခါမျှ အဆုံးမရှိခြင်းကို နား လည်ရန်လိုအပ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရလက်ထက်နိုင်ငံခြား ရေးမူဝါဒတွင် နိုင်ငံတကာရောက် ရှိနေသည့် မြန်မာနိုင်ငံသားများကို ခွဲခြားမှုမရှိကြိုဆိုလက်ခံရန်နှင့် အ ကာအကွယ်ပေးရန် အချက်များပါဝင်ပြီး နိုင်ငံရေးအရအမည်မည်း စာရင်း ထားရှိသူများကို ပယ်ဖျက် ခဲ့ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ကနေဒါနိုင်ငံရောက်မြန် မာနိုင်ငံသားများ၊ မြန်မာနိုင်ငံသား ဟောင်းများနှင့် တွေ့ဆုံစဉ်ပြော ကြားသည်။
နိုင်ငံတကာသို့ရောက်ရှိနေ သည့် ပြည်ပရောက်မြန်မာများ အတွက် မြန်မာသံရုံးများအနေ ဖြင့် ဗီဇာကိစ္စအဆင်ပြေအောင်အ ထူးအလေးထားဆောင်ရွက်နေ ကြောင်းလည်း ၎င်းကဆိုသည်။
‘‘ကျွန်မတို့ဟာအမည်မည်း စာရင်း Blacklist လုပ်ထားတယ် ဆိုတာ အခုနိုင်ငံရေးအရ ကျွန်မ တို့မလုပ်တော့ပါဘူး။ ဗီဇာမပေး တာဟာ ကျွန်မတို့သာမန်ဗီဇာ တွေပေးပါတယ်။ တချို့ခဏခဏ ဝင်လိုက်ထွက်လိုက် Multiple Entry ကျတော့ သူ့ရဲ့အလုပ်ပေါ် မှာ မူတည်ပြီးတာ့ ပေးပါတယ်။ တချို့ကျတော့ အင်တာပို (နိုင်ငံ တကာရဲတပ်ဖွဲ့) ကနေပြီးတော့ သတ်မှတ်ထားတဲ့ အမည်မည်းစာ ရင်းမှာ သတ်မှတ်ထားတဲ့သူတွေ စာရင်းမှာပါရင်တော့ ကျွန်မတို့မ ပေးပါဘူး။ ကျန်တာကတော့ ဘယ်နိုင်ငံရေးလှုပ်ရှားမှုမှာပါခဲ့ လို့၊ ဘယ်နိုင်ငံရေးပါတီနဲ့ဆက် သွယ်မှုရှိလို့ ဆိုပြီးမပေးတာတွေ လည်း ကျွန်မတို့မရှိတော့ပါဘူး’’ ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကပြောသည်။
ထို့အပြင် NLD အစိုးရ၏ နိုင်ငံခြားရေးမူဝါဒတွင် နိုင်ငံတ ကာရောက်နေသည့် မြန်မာများ ကို ခွဲခြားမှုမရှိဘဲ ကြိုဆိုလက်ခံရန် နှင့် အကာအကွယ်ပေးရန် အချက်များ ပါဝင်ကြောင်းလည်း ဆက် လက်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ဇွန်လ ၉ ရက်တွင်ပင် ကနေဒါ နိုင်ငံ အွန်တာရီရိုပြည်နယ် အုပ် ချုပ်ရေးမှူး Hon;Elizabeth Dowdeswell နှင့်တွေ့ဆုံခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။ တွေ့ဆုံရာတွင် ကလေးသူငယ် များ ကဏ္ဍဖွံ့ဖြိုးရေး၊ ကျား၊မ တန်းတူရည်တူ အခွင့်အလမ်းရရှိရေး နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ ကြောင်း သတင်းထုတ်ပြန်ထား သည်။
ဇွန်လ ၇ ရက်ကလည်း ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာဂျက်စ တင်ထရူးဒူးနှင့် တွေ့ဆုံပြီးနောက် ဝန်ကြီးချုပ်က မြန်မာနိုင်ငံတည် ငြိမ်အေးချမ်းမှု မြှင့်တင်ရေးနှင့် လူသားချင်းစာနာထောက်ထား ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ကန်ဒေါ်လာ ၈ ဒသမ ၈ သန်းပေး အပ်မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ကနေဒါနိုင်ငံသို့ ဇွန်လ ၄ ရက်က အလည်အပတ်သွား ရောက်ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ဇွန်လ ၁၀ ရက်တွင် ဆွီဒင်နိုင်ငံသို့ ဆက်လက်သွားရောက်မည် ဖြစ် သည်။
===================
251/End
၁၁ ဇွန် ၂၀၁၇ - ၁၇:၀၁
News ID: 835818
တနိုင်းဒေသခံများနှင့် မှော်လုပ်သားများ တနိုင်းဒေသမှ ဇွန် ၁၅ ရက်နောက်ဆုံးထွက်ခွာပေးရန် အကြောင်းကြားထားမှုကို ဒေါ်အောင်ဆန်းစုကြည်မသိသေးဟုဆို