၁၂ ဇွန် ၂၀၁၇ - ၁၉:၀၁
ဒေါ်အောင်ဆန်းစုကြည် ဆွီဒင်နိုင်ငံသို့ ရောက်ရှိ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ကနေဒါနိုင်ငံမှ ဆွီဒင်နိုင်ငံ သို့ ဇွန်လ ၁၁ ရက်တွင် ရောက်ရှိ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးက သတင်းထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ကနေဒါနိုင်ငံမှ ဆွီဒင်နိုင်ငံ  သို့ ဇွန်လ ၁၁ ရက်တွင် ရောက်ရှိ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးက သတင်းထုတ်ပြန်သည်။

 ဒေါ်အောင်ဆန်းစုကြည် သည် ဇွန်လ ၁၀ ရက်တွင် ကနေ ဒါနိုင်ငံမှ ပြင်သစ်နိုင်ငံ ချားလ်စ်ဒီ ဂေါလေဆိပ်သို့ ရောက်ရှိပြီး ထို မှတစ်ဆင့် ဆွီဒင်လေကြောင်း လိုင်းဖြင့် ဆွီဒင်နိုင်ငံ စတော့ဟုမ်း လေဆိပ်သို့ ဇွန်လ ၁၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ၌ရောက်ရှိခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကနေဒါနှင့် ဆွီဒင် နိုင်ငံတို့၏ ဖက်ဒရယ်ဒီမိုကရေစီ စနစ်သို့ အဆင့်ဆင့် ပြောင်းလဲ ကျင့်သုံးမှုများကို ဆွေးနွေးရန် ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန် မာနိုင်ငံမှ ဇွန်လ ၄ ရက်တွင် စတင်ထွက်ခွာခဲ့သည်။

===================
251/End