၁၅ ဇွန် ၂၀၁၇ - ၁၀:၄၄
ရခိုင်ရှိ မြို့ကိုးမြို့တွင် မိုးကြီး၊ မြစ်ရေ ချောင်းရေ သတိပေး

ရခိုင်ပြည်နယ်မြို့ကိုးမြို့ တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဒေသတွင်းမြစ်ချောင်းများ စိုးရိမ်ရေမှတ်အနီးရောက်လာ၍ ရေဘေးအန္တရာယ် အထူးသတိထားရန် မိုးဇလဌာနက သတင်းထုတ်ပြန်ထားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ရခိုင်ပြည်နယ်မြို့ကိုးမြို့ တွင်  မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဒေသတွင်းမြစ်ချောင်းများ စိုးရိမ်ရေမှတ်အနီးရောက်လာ၍ ရေဘေးအန္တရာယ် အထူးသတိထားရန် မိုးဇလဌာနက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ငါးရက်ခန့်ကစ ကာ ရခိုင်ပြည်နယ် ဒေသအနှံ့တွင် မိုးကောင်းခဲ့ပြီး ကားလမ်းအချို့ ပျက်သည်အထိ ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရချိန်တွင် ယမန်နေ့ (ဇွန်လ ၁၄ ရက်) က အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ သံတွဲ၊ မောင် တော၊ ဂွ၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့တွင် မိုးရေချိန်မြင့် မားစွာ ရွာသွန်းခဲ့သည်။

‘‘၂၄ နာရီအတွင်းမိုးရေချိန် သုံးလက်မကျော်ရင် ရေဘေးအ တွက် စသတိထားဖို့ လိုတာဆို ပေမယ့် အခုက ၁၁ လက်မကျော် တဲ့အထိ ကောင်းသွားတယ်။ နောက်နှစ်ရက်၊ သုံးရက်လည်းထပ် ကောင်းနိုင်တာကြောင့် ရခိုင်ပြည်နယ်မှာ ရေဘေးအထူးသတိထားဖို့ လိုမယ်။ ၂ ရက် ၃ ရက်ကျော်မှ  မိုးပြန်လျော့နိုင်တယ်’’ ဟု မိုးဇလ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကပြောသည်။

မိုးရေချိန် အများဆုံးအဖြစ် အမ်းမြို့တွင် ၁၁ ဒသမ ၈၈ လက်မနှင့်သံတွဲမြို့တွင်အနိမ့်ဆုံးမိုးရေချိန် ၃ ဒသမ ၅၈ လက်မရွာ သွန်းခဲ့သည်။ စစ်တွေ - အမ်းကား လမ်းပိုင်းတွင်ဇွန်လ ၁၃ ရက်မှစ ၍ ရေနစ်မြုပ်ကာ ဇွန်လ ၁၄ ရက် နေ့လယ်တွင် အမ်းမြို့နယ်က ဇူးကိုင်းကျေးရွာ အနီးရှိလမ်းပိုင်း မြေပြိုကျခဲ့သည်။

ရခိုင်ပြည်နယ်လူမှုဝန်ထမ်း ကယ်ဆယ်ရေးဦးစီးဌာန ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်မင်းက ‘‘ကားလမ်းဘေးကနေ ပဲ့ကျသွား တာ။ ပေ ၄၀၊ ၅၀ လောက်ရှိမယ်။ ပြန်ပြင်ထားတယ်။ ဓာတ်အား လိုင်းတစ်ချို့လည်း လဲကျခဲ့ပေ မယ့် ညနေဘက်မှာ ပြန်ပြင်ထား တယ်။ မိုးထပ်ကြီးမယ်လို့ သတိ ပေးထားလို့ အရေးပေါ်းကယ် ဆယ်ရေးနဲ့ ကယ်ဆယ်ရေး ပစ္စည်း တွေပြင်ဆင်ထားတယ်’’ ဟုပြော သည်။

 လေးမြို့မြစ်နှင့် ကုလားတန် (ကစ္စပနဒီ) မြစ်ရေ စိုးရိမ်ရေမှတ် အနီး ရောက်လာကာ ကျောက် တော်နှင့် မြောက်ဦးမြို့နယ်အ တွင်း ရေဘေးသတိပေးချက်ကို မိုး ဇလဌာနက ထုတ်ပြန်ထားသည်။ ဇွန်လ ၁၄ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ တိုင်းတာချက်အရ လေး မြို့မြစ်ရေသည် မြောက်ဦးမြို့၏ စိုးရိမ်နေရမှတ်အောက် ၄ ပေခန့်တွင်ရောက်ရှိနေပြီး နောက်နှစ် ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း၊ ကုလားတန်(ကစ္စပနဒီ) မြစ်ရေသည် ကျောက်တော်မြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်တွင်ရောက်ရှိနေပြီး ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သတိပေး ထားသည်။

ရခိုင်ပြည်နယ်အတွင်းသုံး ရက်ခန့်ကြာ မိုးဆက်လက်ကြီးနေ မည်ဖြစ်၍  ကုန်းမြင့်ဒေသအနီး တွင် နေထိုင်သူများအနေဖြင့် မြေပြိုမှု အန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းများအနီး နေထိုင်သူများ သည်မြစ်ရေ ရုတ်တရက် မြင့် တက်လာနိုင်သည့် အန္တရာယ်နှင့် ကမ်းရိုးတန်းအနီးဒေသများ၌ လေပြင်းအန္တရာယ် သတိထားရန်

လည်း သတိပေးသည်။

 ‘‘ရေတက်လာရင်မီးပြတ်၊ ရေနဲ့အတူမြွေ၊ ကင်း၊ တခြားအ ကောင်ပလောင်တွေ ပါလာတယ်။ ဝမ်းရောဂါတွေဖြစ်တယ်။ ရေတွင်းတွေလည်းသုံးမရ၊ ပိုက်ဆံရှိလည်း ထမင်းစားဖို့ခက်တယ်။ ဖုန်းအဆက်အသွယ်တွေပြတ် တယ်။ အနီးနားရွာ မြို့တွေက လည်း လာမရ။ လမ်းတွေရေလျှံ တယ်။ ကျိုးကျတာမျိုးတွေ ကြုံ ခဲ့ဖူးလို့ မိုး ဆက်မကောင်းဖို့ ဆု တောင်းတယ်’’ ဟု အမ်းမြို့ဒေသခံ တစ်ဦးကပြောသည်။

=====================
251/ End