၁၆ ဇွန် ၂၀၁၇ - ၁၇:၁၅
Y-8 လေယာဉ် အမြီးပိုင်းကို လေယာဉ်ပျက်ကျပြီး ကိုးရက်အကြာတွင် တွေ့ရှိ

တပ်မတော် Y-8 လေ ယာဉ်ပျက်ကျမှု ကိုးရက်မြောက် တွင် လေယာဉ်၏ အမြီးပိုင်း အစိတ်အပိုင်းကို ရေအနက် ပေ တစ်ရာကျော်၌ စတင်တွေ့ရှိ ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တပ်မတော် Y-8 လေ ယာဉ်ပျက်ကျမှု ကိုးရက်မြောက် တွင် လေယာဉ်၏ အမြီးပိုင်း အစိတ်အပိုင်းကို ရေအနက် ပေ တစ်ရာကျော်၌ စတင်တွေ့ရှိ ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။

ဇွန်လ ၁၅ ရက်ညနေ ၅ နာ ရီခန့်က ထားဝယ်မြို့မြင်းခွာအော် ဆိပ်ကမ်းမှ အနောက်ယွန်းယွန်း ၇ ဒသမ ၅ မိုင်အကွာ (မြောက် လတ္တီတွဒ် ၁၃ ဒီဂရီ ၃၁ မိနစ်၊ အ ရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ)တွင် ငါးဖမ်းပိုက်ဖြင့် တရွတ်ဆွဲရှာ ဖွေစဉ် လေယာဉ်အမှတ် (၅၈၂၀) အမှတ်အသားပါရှိသည့် လေ ယာဉ်အမြီးပိုင်းကို ရေအနက် ၃၅ မီတာ(၁၁၅ပေခန့်)တွင် တွေ့ရှိခြင်းဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ပင်လယ်ပြင်အတွင်း တပ်မ တော်စစ်ရေယာဉ်များနှင့်အတူ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များလုပ်ဆောင်နေသည့် ဒေသခံ အောင်သုခငါးဖမ်းစက်လှေကငါး ဖမ်းပိုက်ဖြင့် တရွတ်ဆွဲရှာဖွေစဉ် ပိုက်၌ တစ်စုံတစ်ရာငြိနေသည်ဟု သတင်းပေးပို့၍  စစ်ရေယာဉ်နှစ် စီးက ရေအောက်ရှာဖွေရေးကိရိ ယာဆိုနာဖြင့် အတည်ပြုပြီး ရေ ငုပ်စစ်သည်များက ရေငုပ်စစ် ဆေးခဲ့ရာ ပျက်ကျလေယာဉ်၏ အမြီးပိုင်း အစိတ်အပိုင်းကို ရှာ ဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သ တင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

လေယာဉ်ပျက်ကျပြီး နောက် တစ်နေ့ဖြစ်သော ဇွန်လ ၈ ရက် တွင် ပင်လယ်ပြင်အတွင်းမျောနေ သော လေယာဉ်ဘီး တစ်ခုကို တွေ့ရှိပြီးနောက် လေယာဉ်ကိုယ် ထည်အစိတ်အပိုင်းကို ပထမဆုံး တွေ့ရှိခြင်းဖြစ်သည်။

လေယာဉ်အမြီးပိုင်း အစိတ် အပိုင်းကိုတွေ့ရှိသည့် ၃၈ စက္ကန့် စာရုပ်သံကို တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက လူမှုကွန်ရက် တွင် ပြသခဲ့သည်။ ယင်းရုပ်သံ မှတ်တမ်းတွင် လေယာဉ် ပျံသန်း စဉ်မှတ်တမ်းကို ဖမ်းယူထားသော Black Box (သေတ္တာမည်း) သည် လေယာဉ်နောက်ပိုင်း၌ရှိသည်ဟူ သော တပ်မတော်အရာရှိအချို့၏ ပြောစကား ပါရှိသည်။

တွေ့ရှိသည့် လေယာဉ် ကိုယ်ထည်အစိတ်အပိုင်းကို အ နီးကပ်ရုပ်သံရိုက်ပြနေစဉ် ‘‘Black Box ကနောက်ထဲမှာရှိတာ’’ ဟူ၍ ပြောကြားခြင်းဖြစ်သည်။

Black Box ကို တွေ့ရှိပါက လေယာဉ်ပျက်ကျသည့် အ ကြောင်းရင်းကို သိရှိနိုင်ကြောင်း တပ်မတော် အသိုင်းအ၀ိုင်းနှင့် ကျွမ်းကျင်သူများက ဆိုသည်။ တပ်မတော်က လေယာဉ်ပေါ်တွင် ပါသွားသော Black Box နှင့်ပတ် သက်၍ သီးခြားသတင်းထုတ်ပြန် ခြင်း မရှိသေးပေ။

ဇွန်လ ၁၅ ရက်က ပျောက် ဆုံးနေသူများကို ရှာဖွေမှုတွင် ကျား၊မ ခွဲခြားမရသော ရုပ်အ လောင်း သုံးလောင်းတွေ့ရှိခဲ့ပြီး စုစုပေါင်း ရုပ်အလောင်း ၉၀ တွေ့ရှိထားပြီးဖြစ်သည်။ လေ ယာဉ်ပေါ်တွင် ၁၂၂ ဦးလိုက်ပါ၍ ၃၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ် သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဇွန်လ ၇ ရက်တွင် ပျက်ကျသည့် တပ်မတော်ပို့ ဆောင်ရေး Y-8 လေယာဉ်ကို တွေ့အောင်ရှာမည်ဟု ပြောကြား ထားပြီး လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ပူး ပေါင်း၍ လေယာဉ်ပျက်ကျမှုကို စစ်ဆေးဖော်ထုတ်မည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ထား သည်။

=====================
251/ End