၂၃ ဇွန် ၂၀၁၇ - ၁၄:၄၈
မြစ်ဆုံစီမံကိန်းစာချုပ်ကို အန်အယ်လ်ဒီအစိုးရက ပြည်သူသိရှိအောင်ချမပြနိုင်သေး

မြစ်ဆုံစီမံကိန်းစာချုပ်ပါ အချက်အလက်တွေကို အများပြည်သူတွေသိရှိအောင် ချပြနိုင်ဖို့ မြစ်ဆုံစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာနဲ့ လွှတ်တော်သဘောထားပေါ် မူတည်နေတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြစ်ဆုံစီမံကိန်းစာချုပ်ပါ အချက်အလက်တွေကို အများပြည်သူတွေသိရှိအောင် ချပြနိုင်ဖို့ မြစ်ဆုံစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာနဲ့ လွှတ်တော်သဘောထားပေါ် မူတည်နေတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

မြစ်ဆုံစီမံကိန်းစာချုပ်ပါ အချက်အလက်တွေကို ပြည်သူတွေ သိရှိအောင် တရားဝင်ဖော်ပြဖို့ ရှိမရှိ ဒီဗွီဘီက  နေပြည်တော်မှာ မေးမြန်းခဲ့ရာမှာ  ပြည်ထောင်စု ဒုတိယဝန်ကြီးက ပြန်လည်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

“အဲဒါတွေက ကော်မရှင်က လေ့လာနေတဲ့ထဲမှာ ဒါတွေလည်း ပါတယ်။ စာချုပ်ကိစ္စတွေလည်း ပါတယ်။ အခုဟာ ကော်မရှင်ရဲ့ အစီရင်ခံစာထွက်လာမယ့်ဟာကို အားလုံးက စောင့်နေကြတယ်။ ချပြသင့်၊ မသင့်က ကော်မရှင်ရဲ့ အစီရင်ခံစာပေါ်မှာ မူတည်ပြီး လွှတ်တော်နဲ့ အစိုးရအဖွဲ့က ဆက်လုပ်သွားမှာပေါ့။”လို့ ဒုဝန်ကြီး ဦးမောင်မောင်ဝင်း ကပြောပါတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို တပ်မတော်အစိုးရလက်ထက်က တရုတ်နိုင်ငံနဲ့ စာချုပ်ချုပ်ဆို အကောင် အထည်ဖော်ခဲ့တာဖြစ်ပြီး ပြည်သူအများစုက ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်က စီမံကိန်း ဆက်မလုပ်ဘဲ ရပ်တန့်ထားတာဖြစ်ပါတယ်။

=====================
251/ End