၂၃ ဇွန် ၂၀၁၇ - ၁၄:၅၇
ကေအိုင်အို အပါအဝင် အဖွဲ့လေးဖွဲ့ကို UNFC နုတ်ထွက်ခွင့်ပြု

ကချင်လက်နက်ကိုင်အ ဖွဲ့ KIO အပါအဝင် အဖွဲ့လေးဖွဲ့ ကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ နုတ်ထွက်ခွင့်ပြုကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ကချင်လက်နက်ကိုင်အ ဖွဲ့ KIO အပါအဝင် အဖွဲ့လေးဖွဲ့ ကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ နုတ်ထွက်ခွင့်ပြုကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၂ ရက်က ထိုင်းနိုင် ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည့် UNFC ညီလာခံ တတိယနေ့၌ KIO ၊ တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက် ကိုင်အဖွဲ့ (MNDAA) နှင့် ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) တို့ကို နုတ်ထွက်ခွင့်ပြုခြင်း ဖြစ်သည်။ ကေအိုင်အေထိပ်ပိုင်းအရာရှိတစ် ဦးအပါအဝင် နီးစပ်သူအချို့က အဖွဲ့လေးဖွဲ့ကို နုတ်ထွက်ခွင့်ပြု ခြင်းကို အတည်ပြုသော်လည်း အသေးစိတ်ကိုမူ ပြော၍မရသေးကြောင်း ဆိုသည်။

KIO အလုပ်အဖွဲ့ပြောရေး ဆိုခွင့်ရှိသူ ဦးဒေါင်ခါးက UNFC မှ အဖွဲ့ဝင်လေးဖွဲ့နုတ်ထွက်ခွင့် ပြုခြင်းနှင့်ပတ်သက်၍ ‘‘သတင်း မှာတော့ တက်နေတယ်။ အဆက် အသွယ်တော့ မရသေးဘူး။ KIO ရယ်၊ ပလောင်(TNLA)တွေရယ်၊ ‘ဝ’ရယ်၊ MNDAA ရယ်လေးဖွဲ့ ပေါ့’’ဟု ဇွန်လ ၂၂ ရက်ညနေတွင် ပြောကြားသည်။

TNLA ဒုဥက္ကဋ္ဌ တာဂျုတ်ဂျား ကလည်း ‘‘အကြောင်းတော့ မ ကြားသေးဘူး။ နဂိုကတည်းက နုတ်ထွက်ခွင့် တင်ထားတဲ့သူကို နုတ်ထွက်ခွင့်ပေးတာ ဘာမှတော့ ပြောစရာ မရှိဘူးလေနော်’’ ဟု ပြောသည်။

TNLA အဖွဲ့ UNFC မှ နုတ် ထွက်ရခြင်း၏ အဓိက အချက် သည် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA)တွင် အားလုံးပါဝင်ခွင့် မရသည့် ကိစ္စက စတင်ခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

အထက်ပါ ကိစ္စနှင့် ပတ် သက်၍ UNFC ပြောရေးဆိုခွင့်ရှိ သူများထံသို့ ဆက်သွယ်ရာ ဖြေကြားခြင်းမရှိပေ။

KIO, TNLA, MNDAA အဖွဲ့ များသည် ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA) ဦးဆောင်သည့်မြောက် ပိုင်း လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ ကော်မတီတွင် ပါဝင်ထား သည်။ ယင်းကော်မတီသည် NCAမထိုးဘဲ UWSA ၏ ဦးဆောင်မှု ဖြင့် နိုင်ငံရေးဆွေးနွေးရန် ကြိုးစားနေသည်။ သို့သော် အစိုးရက ယင်း ကော်မတီကို လက်ခံတွေ့ဆုံမည် မဟုတ်ဘဲ မြောက်ပိုင်း ခုနစ်ဖွဲ့ကိုခွဲ၍ တွေ့ဆုံကာ NCA လမ်း ကြောင်းအတိုင်း  ဆွေးနွေးမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ UNFC  အဖွဲ့ဝင်  WNO သည်လည်း ယင်းအဖွဲ့ကို ဖျက်သိမ်းပြီး UWSA နှင့်ပူးပေါင်းရန် UNFC မှ နုတ်ထွက်ခြင်းဖြစ်သည်။

UNFC သို့ အဖွဲ့ဝင်သစ်အ ဖြစ် ပါဝင်လိုသည့် အဖွဲ့လေးဖွဲ့ ခန့် ရှိသော်လည်း ယခုညီလာခံ တွင် ဆုံးဖြတ်မည်မဟုတ်ကြောင်း UNFC ဒုဥက္ကဋ္ဌနိုင်ဟံသာက ပြော ကြားသည်။ UNFC အဖွဲ့ဝင် အဖြစ် ပါဝင်လိုသည့် အဖွဲ့များသည် ကချင်အဖွဲ့ (KNO)၊ ဇိုမီးအဖွဲ့(ZRO)၊ ကူကီးအဖွဲ့တို့ဖြစ် ကြောင်း နိုင်ဟံသာက ပြောသည်။ ထို့အပြင် NCA ထိုးထားသည့် ချင်းလက်နက်ကိုင်အဖွဲ့ (CNF) သည်လည်း အဖွဲ့ဝင်အဖြစ် ပြန်လည်ပါဝင်လိုသည်ဟု ကြားသိရ ကြောင်း ၎င်းက ဆိုသည်။

UNFC ညီလာခံကို ဇွန်လ ၂၉ ရက်အထိ ကျင်းပရန် သတ်မှတ်ထားသည်။ UNFC ကို ၂၀၁၁ က စတင်၍ လက်နက်ကိုင်အဖွဲ့အ စည်း  ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းခြင်း ဖြစ်သည်။ ၂၀၁၄ သြဂုတ်တွင် KNU အဖွဲ့သည် UNFC တွင် ပါဝင်မှုကို ယာယီရပ်ဆိုင်းခဲ့သည်။ ထို့ နောက် ၂၀၁၅ အောက်တိုဘာ တွင် NCA လက်မှတ်ထိုးခဲ့သည့် ပအိုဝ်းအဖွဲ့ (PNLO) နှင့် ချင်းအဖွဲ့ (CNF) တို့ကို UNFC က အဖွဲ့ဝင် အဖြစ်မှ ယာယီရပ်ဆိုင်းခဲ့သည်။ ယခု KIO အပါအဝင် လေးဖွဲ့နုတ် ထွက်၍ UNFC တွင် မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်အမျိုးသားကောင်စီ(ANC) နှင့် လားဟူဒီမိုကရက် တစ်အစည်းအရုံး (LDU)စသည့် ငါးဖွဲ့သာ ကျန်ရှိတော့မည် ဖြစ် သည်။

=====================
251/ End