၂၅ ဇွန် ၂၀၁၇ - ၁၈:၅၀
ဒီချုပ်ကို ပြည်သူက ဆက်လက်တာဝန်ပေးရန် မောက်မာမှုများရှောင်ရှားရမည်ဟု ဦးအောင်ကြည်ညွန့်သတိပေး ပါတီတွင်းဖြေရှင်းနိုင်သည့်ကိစ္စများ ဖေ

ပြည်သူလူထုက အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ယုံကြည်စွာဆက်လက်တာဝန် ပေးရန် မောက်မာမှုများကို ရှောင် ရှားရန် လိုအပ်ကြောင်း သတ္တမ အကြိမ်ဗဟိုကော်မတီဝင်အစည်း အဝေး၌ သဘာပတိဦးအောင် ကြည်ညွန့်က သတိပေးပြောကြား သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပြည်သူလူထုက အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ယုံကြည်စွာဆက်လက်တာဝန် ပေးရန် မောက်မာမှုများကို ရှောင် ရှားရန် လိုအပ်ကြောင်း သတ္တမ အကြိမ်ဗဟိုကော်မတီဝင်အစည်း အဝေး၌ သဘာပတိဦးအောင် ကြည်ညွန့်က သတိပေးပြောကြား သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက မျှော်မှန်းထားသည့် ပန်းတိုင်သည် ရေရှည်သွားရမည့် အနေအထားဖြစ်၍ ပန်းတိုင် ရောက်ရှိရေး စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ လို အပ်ကြောင်းနှင့် ပြည်သူလူထုက ဆက်လက်တာဝန်ပေးရန် ဒီချုပ် ပါတီဝင်အားလုံးက မောက်မာမှု များကို ရှောင်ရှားသင့်ကြောင်း ရန်ကုန်မြို့ရှိ ပါတီရုံးချုပ်၌ ဇွန်လ ၂၄ ရက်တွင် ပြုလုပ်သော ဗဟို ကော်မတီဝင် အစည်းအဝေး၌ သဘာပတိက ထည့်သွင်းပြော ကြားခြင်းဖြစ်သည်။

‘‘အလုပ်အမှုဆောင်အဖွဲ့ ၀င်များအနေနဲ့ ပြည်သူနဲ့ဆက်ဆံ တဲ့နေရာမှာ ပြည်သူကို မောက်မာ စွာ ဆက်ဆံမှုမျိုးတွေကို အင်မ တန်မှ ရှောင်ကြဉ်ရမယ့် အခြေအ နေမျိုးရှိနေတယ်လို့လည်း ကျွန် တော်ဒီနေရာမှာ ကြုံလို့ပြောခဲ့ချင် ပါတယ်’’ ဟု ဗဟိုကော်မတီဝင် ဦး အောင်ကြည်ညွန့်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဝင်များသည် ဖိနှိပ်ခံရ ခြင်းဘေးကို ကျော်လွှားနိုင်ခဲ့သော် လည်း ဆက်လက်ကြုံရမည့်ဘေး သုံးမျိုးကို ဦးအောင်ကြည်ညွန့်က ထောက်ပြသည်။

‘‘အခုဆက်ပြီး ရင်ဆိုင်ရမယ့် ဘေးသုံးမျိုးကျန်တယ်။ပထမတစ်မျိုးကတော့ ကျွန်တော်တို့ မွေး စားခံရခြင်းဘေး အင်မတန်သတိ ထားဖို့ကောင်းပါတယ်။ မွေးစား ခံရခြင်းဘေးကို ရှောင်ရှားနိုင် အောင်ကြိုးစားဖို့လို ပါတယ်။ ဒုတိယဘေးကတော့ မွေးစား လို့မရဘူးဆိုရင် ကျွန်တော်တို့ကို ခုတုံးလုပ်ကြပါလိမ့်မယ်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကို ခုတုံး လုပ်ကြပါလိမ့်မယ်’’ဟု ၎င်းက ဆိုသည်။

နောက်ဆုံးဘေးတစ်မျိုးသည် အတွင်း(စိတ်)မှလာသည့် အင်မ တန်ကြောက်စရာကောင်းသော ထောင်လွှားခြင်းဘေးဖြစ်ကြောင်း ဦးအောင်ကြည်ညွန့်က ပြောကြား သည်။

ထို့အပြင် ဦးအောင်ကြည် ညွန့်က နိုင်ငံတော်နှင့် ပြည်ထောင် စုကြီးတစ်ခုလုံးအတွက် ရေရှည် တွင် လုပ်စရာကျန်ရှိနေသည်များ ကို မစဉ်းစားဘဲ မိမိအကျိုးအတွက် သာ နေရာရလိုစိတ်ဖြင့် အမြင် ပြောင်းလဲပါက အကြိုက်တူလာ သည့်အခါ မညီမညွတ်ဖြစ်လာ တတ်ကြောင်း သဘာပတိအဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့သည်။

အဆိုပါ သတ္တမအကြိမ် ဗဟို ကော်မတီအစည်းအဝေးတွင် ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစီ ရင်ခံစာနှင့်အတူ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အစီရင်ခံစာ များ၌ တင်သွင်းခဲ့သည်။ ယင်း အစည်းအဝေးသို့ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ လွှတ် တော်ကိုယ်စားလှယ်များ အပါအ ၀င်တက်ရောက်ခွင့်ရှိသူ ၁၄၈ ဦး အနက် ဗဟိုကော်မတီဝင် ၁၂၂ ဦး တက်ရောက်ခဲ့ကြောင်း ထုတ်ပြန် သည်။

တစ်ချိန်တည်းတွင် ဒီချုပ် ပါတီတွင်းဖြေရှင်းနိုင်သည့် ကိစ္စ ရပ်များကို အကျယ်တ၀င့်ဖြစ်စေ ရန် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာ မျက်နှာထက်တွင် ရေးသားခြင်း များကို ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့က တားမြစ်ခဲ့သည်။

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် တွင် ပါတီဝင်အချင်းချင်းထိခိုက် စေရန် ရေးသားချက်များအပေါ် ပါတီစည်းကမ်းနှင့်အညီ အရေး ယူဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်း ထိန်ကပြောသည်။

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် တွင် အစိုးရအဖွဲ့အားလည်း ကောင်း၊ ပါတီခေါင်းဆောင်များ အားလည်းကောင်း ထိခိုက်စေရန် ရေးသားချက်များကို ဒီချုပ်ပါတီ ၀င်များ လုပ်ဆောင်ပါက အ ရေးယူခြင်းရှိ၊ မရှိအပေါ် ဦးဝင်း ထိန်အားမေးမြန်းရာ ‘‘တို့အချင်း ချင်းရေးတဲ့ဟာကို ပြောတာ’’ ဟု ၎င်းက ပြန်လည်ဖြေကြားသည်။

၁၉၈၈ တွင် စတင်တည် ထောင်ခဲ့သော အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်သည် နှစ်ပေါင်း သုံး ဆယ်ခန့်မျှ အာဏာရှင်အစိုးရ ကို တွန်းလှန်ပြီး ၂၀၁၅ ရွေးကောက်ပွဲ ၌အနိုင်ရပြီးနောက် အာဏာရ ပါတီ ဖြစ်လာခဲ့သည်။

=====================
251/ End