၂၇ ဇွန် ၂၀၁၇ - ၁၅:၅၃
မူးယစ်ဆေးသုံးစွဲမှု ခွဲခြားဆက်ဆံခြင်းမပြုဘဲ ကုသမှုအခွင့်အလမ်းတိုးမြှင့် ဆောင်ရွက်ရန် ဒုသမ္မတတိုက်တွန်း မူးယစ်ဆေးစတင်သုံးစွဲသည့်အကြေ

မူးယစ်ဆေးဝါး သုံးစွဲမှုကို ကုသ၍ရသော ရောဂါ တစ်ခုအဖြစ် ခံယူကာ ခွဲခြားဆက် ဆံမှုမပြုဘဲ ကုသမှုအခွင့်အလမ်း များ တိုးမြှင့်ဆောင်ရွက်ရန်နှင့် ဆေးသုံးစွဲမှု စတင် ဖြစ်ပေါ်လာစေသည့် အကြောင်းရင်းများကို သိရှိအောင် လုပ်ဆောင်ရန် လို အပ်မည်ဟု ဒုတိယသမ္မတ ဦးမြင့် ဆွေက တိုက်တွန်းပြောကြား သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မူးယစ်ဆေးဝါး သုံးစွဲမှုကို ကုသ၍ရသော ရောဂါ တစ်ခုအဖြစ် ခံယူကာ ခွဲခြားဆက် ဆံမှုမပြုဘဲ ကုသမှုအခွင့်အလမ်း များ တိုးမြှင့်ဆောင်ရွက်ရန်နှင့် ဆေးသုံးစွဲမှု စတင် ဖြစ်ပေါ်လာစေသည့် အကြောင်းရင်းများကို သိရှိအောင် လုပ်ဆောင်ရန် လို အပ်မည်ဟု ဒုတိယသမ္မတ ဦးမြင့် ဆွေက တိုက်တွန်းပြောကြား သည်။

‘‘မူးယစ်ဆေးဝါးပြဿနာ ဟာ လူမှုရေး၊ စီးပွားရေး၊ တရား ဥပဒေစိုးမိုးရေး၊ ပြစ်မှုတရားစီရင် ရေးလုပ်ငန်းစဉ်အားလုံးမှာ သဟ ဇာတဖြစ်ပြီးတော့ ဘက်ပေါင်းစုံ ပါဝင်တဲ့ ချဉ်းကပ်မှုမျိုးဖြစ်ဖို့ လို အပ်မှုဖြစ်ပါတယ်’’ဟု ဇွန်လ ၂၆ ရက်က နေပြည်တော် MICC-II တွင် ကျင်းပသော အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံး စားမှုနှင့် တရားမဝင် ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့အခမ်းအနား ၌ ဦးမြင့်ဆွေက ပြောကြား သည်။

သက်ဆိုင်ရာ ဌာနအဖွဲ့အ စည်းများအချင်းချင်း ပေါင်းစပ်ညှိ နှိုင်းရန် လိုအပ်သလို ပြည်သူလူထုနှင့် အခြားအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုလည်း အရေးကြီးပြီး မူးယစ်ဆေးဝါးသုံးစွဲသူများအ တွက် ကုသမှု အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် ပြည်သူအခြေပြု ဆေးကုသမှု လုပ်ငန်းစဉ်များ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်မှု များလည်း စတင်နေပြီဖြစ်ကြောင်း ဒုသမ္မတက ပြောကြားသည်။

‘‘အသိပညာပေးရေးအပိုင်း တွေမှာလည်း ဆေးသုံးစွဲမှုစတင် ဖြစ်ပေါ်လာစေတဲ့    အကြောင်း ရင်းတွေကို    သိအောင်လုပ်ပြီး တော့ သမားရိုးကျ အသိပညာပေးမှုမျိုးထက် အသိတရားနဲ့ ဗဟုသုတရစေမယ့် အသိပညာပေးလုပ် ငန်းကို ရွေးချယ်ဆောင်ရွက်သွား ဖို့ လိုအပ်မှာ ဖြစ်ပါတယ်’’ဟု ဦးမြင့်ဆွေက ပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ ချရေးနှင့် ထုတ်လုပ်မှုလျှော့ချရေး လုပ်ငန်းများကို အထောက်အကူ ဖြစ်စေရေးအတွက် မူးယစ်ဆေး ဝါးသုံးစွဲမှု စစ်တမ်းတစ်ခုကို UNODC အဖွဲ့၏နည်းပညာအကူ အညီဖြင့် မြန်မာနိုင်ငံတွင် ပထမ အကြိမ် ဆောင်ရွက်နေပြီ ဖြစ် ကြောင်း ဒုသမ္မတက ဆိုသည်။

ထို့အပြင် မူးယစ်ဆေးဝါး အကြောအတွင်း ထိုးသွင်းခြင်း ကြောင့် ကူးစက်တတ်သော HIV ၊ အသည်းရောင်အသားဝါရောဂါ ပိုး ဘီ၊ စီနှင့် သွေးမှတစ်ဆင့် ကူး စက်သော ရောဂါအန္တရာယ်လျှော့ ချရေးလုပ်ငန်းများကို UNAIDS၊ INGO၊ NGO များဖြင့် ပူးပေါင်း ဆောင်ရွက်နေပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနတွင် မူးယစ်ဆေးဝါးကုသရေးဌာနကြီး ၂၆ ခုနှင့် ဌာနငယ် ၄၇ ခုဖွင့်လှစ် ၍ ကုသရေးလုပ်ငန်းများ ဆောင် ရွက်နေသည်ဟု ဦးမြင့်ဆွေက ပြောသည်။

‘‘ဆေးစွဲလူနာများအတွက် ပြည်သူလူထုအခြေပြု One Stop Service လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်’’ဟု ဒုသမ္မတက ပြောသည်။

ထို့အပြင် မူးယစ်ဆေးဝါးမူဝါဒသစ်တစ်ရပ်ကို အခြေခံလူ့အခွင့် အရေးများနှင့်အညီ Road Map တစ်ခု ယခုနှစ်အတွင်း အပြီးရေး ဆွဲသွားမည်ဖြစ်ကြောင်း စီမံကိန်းဌာနမှ ဌာနမှူး ရဲမှူးကြီးဇော်လင်း ထွန်းက ပြောသည်။

‘‘ခန့်မှန်းခြေကာလကတော့ ဒီနှစ်ထဲမှာ မူးယစ်ဆေးဝါးထိန်း ချုပ်ရေးမူဝါဒအသစ်တစ်ရပ်ပေါ် ထွက်မှာဖြစ်ပါတယ်’’ဟု အဆိုပါ အခမ်းအနားတွင် ရဲမှူးကြီးဇော် လင်းထွန်းက ပြောသည်။

Road Map တွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြိုတင်ကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ ထုတ် လုပ်မှုလျှော့ချရေး၊ အစားထိုးဖွံ့ ဖြိုးရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံတကာ ပူး ပေါင်းဆောင်ရွက်မှုအဖွဲ့များပါ ဝင်သော လုပ်ငန်းအဖွဲ့ငါးဖွဲ့ဖြင့် ဆောင်ရွက်နေကြောင်း သိရ သည်။

=====================
251/ End