အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သက်သေအ ထောက်အထားခိုင်လုံမှုမရှိဘဲ ၎င်းကိုစွပ်စွဲပြောဆိုနေသူများကို ဥပဒေအရထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း သာသ နာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး သူရဦး အောင်ကိုကပြောသည်။
သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးအနေဖြင့် ဗုဒ္ဓဘာသာ ထွန်းကားရေး ဆောင်ရွက်ခြင်းမ ရှိဘဲ အစ္စလာမ်ဘာသာအတွက် သာ အလေးပေးဆောင်ရွက်နေ သည်ဟု စွပ်စွဲကာဝန်ကြီးအားရာ ထူးမှ နုတ်ထွက်ပေးရန် မျိုးချစ် အင်အားစုများက ဆန္ဒထုတ်ဖော် တောင်းဆိုမှုများရှိနေသည်။
‘‘ခိုင်လုံတဲ့ အကြောင်းပြ ချက်တစ်စုံတစ်ရာမရှိဘဲနဲ့ အစ္စ လာမ်ဘာသာဘက်ကို သာသာ ထိုးထိုးလေး ဘက်လိုက်တယ်ဆိုတာ အထောက်အထားပြဖို့ လိုပါတယ်။ သက်သေသက္ကာရယ ပြဖို့လိုပါတယ်။ အဲဒီလိုအခြေ အမြစ်မရှိတဲ့ စွပ်စွဲမှုတွေကို လည်း အခုကစပြီး အကုန်ပြန် တရားစွဲသွားမှာပါ။ ဥပဒေအရ ထိရောက်စွာအရေးယူဖို့ကို လုပ်သွားမှာဖြစ်ပါတယ်၊ လုံးဝသည်းခံ ခွင့်လွှတ်မှာမဟုတ်ဘူးဆိုတာကို လည်း ပြောလိုပါတယ်’’ဟု သူရ ဦးအောင်ကိုက ပြောသည်။
ဇွန်လ ၂၇ ရက်က ကျင်းပခဲ့ သည့် ပြည်သူ့လွှတ်တော်အစည်း အဝေး၌ သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာနသို့ မေးမြန်း ထားသည့် မေးခွန်းများကိုဖြေဆို မှုအပြီးတွင် သူရဦးအောင်ကို ကမီဒီယာများအား အထက်ပါအ တိုင်းပြောကြားခြင်းဖြစ်သည်။
သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးရာထူးကို လူထုရွေး ချယ်တင်မြှောက်ထားသည့် ဒီမို ကရေစီခေါင်းဆောင်က ခန့်ထား ပေးခြင်းဖြစ်ပြီး ယခုနုတ်ထွက်ရန် တောင်းဆိုသူများက ခန့်ထား သည့် ရာထူးမဟုတ်သဖြင့် နုတ် ထွက်မည်မဟုတ်ကြောင်း သူရ ဦးအောင်ကိုက ပြောသည်။
‘‘သူတို့အော်တိုင်းထွက်ဖို့အ ကြောင်းလုံဝမရှိကြောင်း ပြောချင် တယ်’’ဟု ၎င်းကပြောသည်။ဝန်ကြီးသူရဦးအောင်ကိုအားကန့်ကွတ်ရှုတ်ချပွဲကို အမျိုးသား ရေးလှုပ်ရှားသူများက နေပြည် တော်၊ ရန်ကုန်နှင့်မန္တလေးမြို့ကြီး များတွင် မကြာသေးမီရက်ပိုင်းကစ၍ ဆက်တိုက်ပြုလုပ်နေသည်။
အစ္စလာမ်ဘာသာဝင်များ၏ ပွဲတော် တမန်တော်နေ့အခမ်းအ နားကို ယခင်က တစ်နှစ်လျှင်တစ် ကြိမ်သာ ကျင်းပခွင့်ရခဲ့ ပြီး ၂၀၁၆ အစိုးရသစ်တက်လာပြီးနောက် နေရာတိုင်းတွင်ကျင်းပ လာခဲ့ကာ တမန်တော်နေ့ ကျင်းပခွင့်ကို သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက ကျင်းပခွင့်ပြုခြင်းမဟုတ် ဘဲ သက်ဆိုင်ရာဒေသခံအာဏာ ပိုင်များကသာ ခွင့်ပြုခဲ့ခြင်းဖြစ် ကြောင်း သူရဦးအောင်ကိုကပြော ကြားသည်။
တမန်တော်နေ့ကို နိုင်ငံတစ် ဝန်းတွင် အများအပြားကျင်းပ လာသဖြင့် လုံးဝကျင်းပခွင့်မပြု သင့်ဘဲ ပိတ်သိမ်းသင့်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန် ကြီးဌာနက သမ္မတရုံးဝန်ကြီးဌာန သို့ စာပေးပို့ကာ ပြည်ထဲရေး ဝန် ကြီးဌာနသို့ မိတ္တူပေးပို့ထား ကြောင်း ၎င်းကပြောသည်။
‘‘အဲဒီတမန်တော်နေ့ကျင်းပ မယ်ဆိုတာကို ဝန်ကြီးဌာနကကြို လည်းမသိဘူး။ တကယ်တမ်း ကျင်းပတော့မယ်လို့ပြင်တဲ့အခါ မှ မဘသနဲ့အတူပေါက်ဖွားလာ တဲ့ မျိုးချစ်အမည်ခံတဲ့အဖွဲ့တွေ ရှိတယ်။ အများကြီးပဲ၊ အဲဒီအထဲ ကတစ်ဖွဲ့မဟုတ်၊ တစ်ဖွဲ့ရောက် လာတယ်။ ပြီးတော့ တမန်တော် နေ့ကျင်းပတာကို သူတို့ပိတ်သိမ်း တယ်၊ ဖျက်သိမ်းတယ်ဆိုပြီးပိတ် ဆို့တယ်။ သူတို့က အချိန်ကိုက်ပဲ ရောက်လာတယ်ဆိုတော့ အုပ် ချုပ်ရေးအဖွဲ့အစည်း တွေနဲ့သူတို့ ဆက်စပ်မှုတွေကိုရှိတယ်လို့ ပြော ကြတယ်။ သူတို့က တစ်ကျိတ် တည်းတစ်ဉာဏ်တည်းလား ဆို တာကိုလည်း သံသယဖြစ်စရာပါ’’ဟု သူရဦးအောင်ကိုကပြော ကြားသည်။
ယင်းကဲ့သို့မျိုးချစ်အဖွဲ့များ ၏တမန်တော်နေ့ကျင်းပခြင်းကို သွားရောက်ကာ ပိတ်ဆို့မှုများပြု လုပ်ခဲ့သဖြင့် မြန်မာနိုင်ငံသည် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင် ရာ မဟာမင်းကြီးရုံးက ၂၀၁၆ က ထုတ်ပြန်သည့် ဘာသာရေးနှိပ် ကွပ်မှုအများဆုံးနိုင်ငံ ၁၀ ခုတွင် ပါဝင်ခဲ့ကြောင်း ၎င်းက ပြော သည်။‘‘သူတို့ရဲ့ လုပ်ရပ်ကြောင့် နိုင်ငံရဲ့ ပုံရိပ်ကိုကျဆင်းစေတယ်။ ဒါဟာ နိုင်ငံရေးရည်မှန်းချက်နဲ့ လုပ်ဆောင်တဲ့ အဖျက်လုပ်ရပ် ဖြစ်တယ်’’ဟု သူရဦးအောင်ကိုက ပြောသည်။
သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွတ်ရှုတ်ချပွဲကို ဇွန်လ ၂၅ ရက်တွင် ရန်ကုန်၌ ပြုလုပ်ပြီး ယင်းပွဲပြုလုပ်ပြီးနောက် တစ်ပတ် အတွင်း တစ်စုံတစ်ရာထူးခြားမှု မရှိပါက သပိတ်စခန်းဖွင့်လှစ် တောင်းဆိုမည်ဖြစ်ကြောင်း ဆန္ဒ ပြပွဲဦးဆောင်သူများက ပြောထား သည်။ ယင်းအပြင်ဝန်ကြီးကိုကန့် ကွက်ပွဲ ယင်းနေ့တွင်ပင် မန္တလေး ၌လည်း ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် မေလ ၂၀ ရက်ကလည်း ဝန်ကြီးကို ကန့်ကွက်ရှုတ်ချ ပွဲ နေပြည်တော်တွင် ပြုလုပ်ပြီး ဝန်ကြီးအနေဖြင့် ရာထူးမှနုတ် ထွက်ပေးရေးအပါအဝင် အချက် ခုနစ်ချက်ပါသည့် သဘောထား ထုတ်ပြန်ချက်ကို ထုတ်ပြန် တောင်းဆိုထားခဲ့သည်။
နေပြည်တော်ဆန္ဒပြပွဲ ဦး ဆောင်သူတစ်ဦးကို သာသနာရေး ဝန်ကြီးဌာနက တရားစွဲဆိုထားပြီး တရားရုံးတွင်လိုက်ပါထွက်ဆို ပေးမည့် သက်သေများရရှိပါက လိုအပ်လျှင်တရားစွဲဆိုမှုများထပ် မံပြုလုပ်မည်ဖြစ်ကြောင်း ဝန် ကြီးသူရဦးအောင်ကိုက ဇွန်လ ၁၂ ရက်၌ 7 Day Daily သတင်းစာ အား ပြောကြားထားသည်။
=====================
251/ End
သက်သေမခိုင်လုံဘဲ စွပ်စွဲပြောဆိုနေသူများကို တရားစွဲမည်ဟု သူရဦးအောင်ကိုပြော ဒီမိုကရေစီခေါင်းဆောင်က ခန့်အပ်ထား၍ ရာထူးမှ နုတ်ထွက်ရ
၂၈ ဇွန် ၂၀၁၇ - ၁၆:၄၇
News ID: 839326
သက်သေအ ထောက်အထားခိုင်လုံမှုမရှိဘဲ ၎င်းကိုစွပ်စွဲပြောဆိုနေသူများကို ဥပဒေအရထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း သာသ နာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး သူရဦး အောင်ကိုကပြောသည်။ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးအနေဖြင့် ဗုဒ္ဓဘာသာ ထွန်းကားရေး ဆောင်ရွက်ခြင်းမ ရှိဘဲ အစ္စလာမ်ဘာသာအတွက် သာ အလေးပေးဆောင်ရွက်နေ သည်ဟု စွပ်စွဲကာဝန်ကြီးအားရာ ထူးမှ နုတ်ထွက်ပေးရန် မျိုးချစ် အင်အားစုများက ဆန္ဒထုတ်ဖော် တောင်းဆိုမှုများရှိနေသည်။