၂၉ ဇွန် ၂၀၁၇ - ၁၇:၀၃
ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေး စိတ်ထားအမှန်တကယ်ရှိမှ ငြိမ်းချမ်းရေးရမည်ဟု ကေအင်န်ယူ ဥက္ကဋ္ဌပြော

ဖက်ဒရယ်နိုင်ငံ တည် ဆောက်ရေး စိတ်ထားအမှန် တကယ်ရှိမှ ငြိမ်းချမ်းရေးရမည် ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူ တူးစေးဖိုးက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဖက်ဒရယ်နိုင်ငံ တည် ဆောက်ရေး စိတ်ထားအမှန် တကယ်ရှိမှ ငြိမ်းချမ်းရေးရမည် ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူ တူးစေးဖိုးက ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာ ချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့မှခေါင်းဆောင်များဖြင့် စုဖွဲ့ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ဇွန်လ ၂၈ ရက်ကစတင်၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေရာ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက အဖွင့်မိန့်ခွန်းပြော ကြားရာ၌ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့အားလုံး တစ် လျှောက်လုံး တောင်းဆိုချက်ဖြစ် တဲ့ ဖက်ဒရယ်နိုင်ငံ တည်ဆောက် နိုင်ရေး၊ အားလုံးကလည်း ဖက် ဒရယ်၊ ဖက်ဒရယ်လို့ ပြောနေကြ တယ်။ ပြောတဲ့အပေါ်မှာ တကယ်ပဲ ကျွန်တော်တို့တစ်တွေဟာ ဖက် ဒရယ်သွားချင်ကြသလားဆိုတဲ့ မေးခွန်းကို စဉ်းစားလာတဲ့ အပိုင်း တွေရှိပါတယ်။ တကယ်ပဲ ဖက် ဒရယ်ကို သွားမယ်ဆိုတဲ့ ဆန္ဒက တကယ့်ရည်ရွယ်ချက်နဲ့ စိတ်ထား သဘောထားနဲ့ ထားကြမယ်ဆို ရင်၊ ရှိကြမယ်ဆိုရင် ကျွန်တော်တို့ လိုလားပြီးတော့ တောင့်တနေတဲ့ ဒီငြိမ်းချမ်းရေးရရှိမှာ ဖြစ်ပါတယ်’’ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က ပြောသည်။

NCA လက်မှတ်ထိုး ရှစ်ဖွဲ့ အနေဖြင့် ဖက်ဒရယ်ကို အမှန် တကယ် အရောက်ချီတက်အ ကောင်အထည်ဖော်လိုစိတ် အ ပြည့်အဝရှိသည်ဟု ယုံကြည်ခံ စားမိကြောင်း KNU ဥက္ကဋ္ဌက ပြောသည်။ ထိုသို့ ယုံကြည်မှုအတိုင်း ဖြစ်၊ မဖြစ်ဆိုသည်မှာ တစ်ဖွဲ့ချင်း

စီ၏ အတွေးအခေါ်သဘောထား အပေါ် မူတည်ပြီး သဘောထားကြီးကြီးဖြင့် ဖက်ဒရယ်ပန်းတိုင်ကို ရောက်အောင်သွားရန်လည်း ဗိုလ်ချုပ်ကြီးစောမူတူးစေဖိုးက တိုက် တွန်းသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းနိုင် မည်ဖြစ်ပြီး စစ်မြေပြင်တွင် ဖြေ ရှင်း၍ မရနိုင်ဟုလည်း ၎င်းက ပြောကြားသည်။

အဆိုပါ PPST အစည်းအ ဝေးတွင် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပခဲ့မှု၊ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်အပါအဝင် NCAကို အကောင်အထည်ဖော်ဆောင် ရေးဆိုင်ရာများ၊ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များကို ပြန်လည်သုံးသပ် ဆွေးနွေးမည်ဖြစ်ပြီး ဇွန်လ ၂၈ ရက်မှ ဇူလိုင် ၁ ရက်အထိ ကျင်းပ မည်ဖြစ်ကြောင်း PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော ကြားသည်။

=====================
251/ End