၁ ဇူလိုင် ၂၀၁၇ - ၁၇:၄၁
တစ်နှစ်သားအစိုးရ ပြည်သူ့စားဝတ်နေရေး တိုးတက်အောင် မလုပ်နိုင်သေးဟု ဦးဝင်းထိန် ဝန်ခံ

နေပြည်တော်(ဇူလိုင် ၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်တဲ့ အစိုးရသက်တမ်း တစ်နှစ်ကျော် ကာလအတွင်းမှာ ပြည်သူ့လူထုရဲ့ စားဝတ်နေရေး တိုးတက်အောင် မလုပ်နိုင်သေးဘူးလို့ NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ဝန်ခံ ပြောဆိုလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နေပြည်တော်(ဇူလိုင် ၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်တဲ့ အစိုးရသက်တမ်း တစ်နှစ်ကျော် ကာလအတွင်းမှာ ပြည်သူ့လူထုရဲ့ စားဝတ်နေရေး တိုးတက်အောင် မလုပ်နိုင်သေးဘူးလို့ NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ဝန်ခံ ပြောဆိုလိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တင်ပြပြီးပြီ။ ဘာလည်းဆိုတော့ ၂၀၁၅မှာ ကျွန်တော်တို့ကို မျှော်လင့်ချက်ကြီးမားစွာနဲ့ မဲပေးခဲ့တဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေး သိသိသာသာ တိုးတက်အောင် ကျွန်တော်တို့ မလုပ်နိုင်သေးဘူး။ ဒါကတော့ အမှန်အတိုင်းပဲ ဝန်ခံရမယ်” လို့ ဦးဝင်းထိန်က ပြောပါတယ်။

နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာမှာ မနေ့က ညနေပိုင်းက ဒဂုံတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူတွေနဲ့ တွေ့ဆုံရာမှာ NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“နောက်တစ်ချက်က ပြည်သူလူထုရဲ့ စားဝတ်နေရေး တိုးတက်ဖို့အတွက် အလုပ်အကိုင်ဖန်တီးတာတွေ ကျွန်တော်တို့ များများစားစား မလုပ်နိုင်သေးဘူး” လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် အရင်အစိုးရလက်ထက် စစ်ဗိုလ်ချုပ်ဟောင်း ဝန်ကြီးတွေက သင့်ရာလူနဲ့ အပေးအယူလုပ်ခဲ့ပေမယ့် NLD အစိုးရလက်ထက်မှာတော့ အဂတိတရားကင်းအောင် ထိန်းတာကြောင့် စီးပွားရေးတိုးတက် နှောင့်နှေးရတာလို့ ဦးဝင်းထိန်က ပြောပါတယ်။

အခုအချိန်မှာတော့ နိုင်ငံတကာက အကူအညီတွေအပြင် အစိုးရရဲ့ လုပ်ဆောင်မှုတွေ အဆင်ပြေလာတာကြောင့် လက်ရှိ ၂၀၁၇ခုနှစ်ဟာ “စီးပွားရေး အခြေအနေကို ဆင်းရဲတွင်းက နုတ်ထွက်နိုင်မယ့် ပထမဦးဆုံးနှစ်” လို့ သူက ကျောင်းသား၊ ကျောင်းသူတွေကို ပြောဆိုခဲ့ပါသေးတယ်။

စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းကတော့ မြန်မာ့စီးပွားရေးဟာ ၂၀၁၇ခုနှစ်မှာ “Run Way ကနေပြီးတော့ ကမ္ဘာမြေကြီးရဲ့ Gravity ကို ဆန့်ကျင်တွန်းကန်ပြီးတော့ ဂျက်ပါဝါနဲ့ လေထဲကို ပြေးမယ့်နှစ်” ဆိုပြီး လေယာဉ်တစ်စင်းနဲ့ ဥပမာပေးပြီး ကြုံးဝါးထားပါတယ်။

=====================
251/ End