၄ ဇူလိုင် ၂၀၁၇ - ၁၅:၅၂
မိုသာ(ခ)ယာယီနေကာဟ် အကြောင်း

အဗ်နာ ။ ။ ရှီအာ မွတ်စလင်မ် များ ခံယူထားသည့် မိုသာ(ခ)ယာယီနေကာဟ် အကြောင်း ကို သေချာ သိရင် လက်ရှိ ရှီအာ အကျော် အမော် အာလင်မ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီရာဇီး ရေးသားထားသည့် သကိုက်ယာ အကြောင်းကိုအောက်ပါအတိုင်း လေ့လာ နိုင်ပါတယ်။

 

 

 

တမန်တော်မြတ်ကြီးမိုဟမ္မဒ်(ဆွ)၏လက်ထက်၌မိုသာ(ခ)ယာယီနေကာဟ်ရှိခဲ့ကြောင်းအစ္စလာမ်သာသနာပညာရှင်များအားလုံးကိုလက်ခံအတည်ပြုထားပါသည်။အုပ်စုတစ်ချို့ကတင်ပြချက်အရဒုတိယခလီဖွာလက်ထက်၌၎င်းကိုတိုင်သော်၎င်း၊နောက်တစ်အုပ်စု၏တင်ပြချက်အရတမန်တော်မြတ်ကြီးမိုဟမ္မဒ်(ဆွ)ကိုယ်တော်တိုင်မိမိ၏ခေတ်ကာလ၌ယာယီနေကာဟ်ကိုပိတ်ပင်ထားမြစ်ခဲ့ကြောင်းသိရပါသည်။

          သို့သော်ကျွန်ုပ်တို့အဟ်လေ့ဘိုက်(အ.စ)နောက်လိုက်နောက်သားများအနေဖြင့်လက်ခံယုံကြည်သည်မှာယာယီနေကာဟ်သည်မည်သည်ခေတ်ကာလ(တမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်မှယနေ့အထိ) တားမြစ်ခဲ့ခြင်းမရှိသည့်အပြင်ယနေ့အထိ(သက်ဆိုင်ရာစည်းကမ်းချက်များနှင့်အညီ)တည်ရှိနေပါသည်။

          တစ်ချို့အဟ်လေစွတ်န္နတ်ညီအစ်ကိုများအနေဖြင့်ကျွန်ုပ်တို့နှင့်ယုံကြည်မှုခြင်းတူညီသော်လည်းအများစုသည်လက်မခံချေ။ထို့အပြင်အမြဲတမ်းဤကိစ္စနှင့်ပတ်သက်ပြီးအကြောင်းပြချက်များထုတ်ကာစောဒကတက်ကြပါသည်။

အမှန်တကယ်စောဒကတက်ဖို့အရာမဟုတ်ဘဲ၊ကျွန်ုပ်တို့၏အထူးသီးခြားမှုထူးချွန်အမှတ်အသားတစ်ခုဖြစ်ပါသည်။ဤယာယီနေကာဟ်ဖြင့်မြောက်မြားစွာသောလူမှုရေးအခက်အခဲများကိုဖြေရှင်းနိုင်ပါသည်။

ကျွန်တော်အနေဖြင့်ဤကိစ္စနှင့်ပတ်သက်ပြီးအကျယ်တ၀င့်ဆွေးနွေးမှုကို (အင်ရှာအလ္လာဟ်)ရှေ့၌တင်ပြပါမည်။

 

အရေးကြီးမှုများနှင့်လိုအပ်မှုများ

၁။အရေးကြီးမှုနှင့်လိုအပ်မှုမြောက်မြားစွာသောလူထုကြီးအနေဖြင့်အထူးသဖြင့်လူငယ်လူရွယ်များအနေဖြင့်မင်္ဂလာဆောင်နှင်းဖို့အခက်အခဲများရှိနေပါသည်။အကြောင်းသည်ကားမင်္ဂလာဆောင်ရာ၌ရှေ့ပြေးကိစ္စများကိုစီစဉ်ရခြင်း၊တာဝန်ဝတ္တရားအမျိုးမျိုးကိုလက်ခံတာဝန်ယူရခြင်း၊ထို့အပြင်အခြားပြင်ဆင်မှုများကိုပြုလုပ်ရပါသည်။ဤလုပ်ရပ်သည်အချို့လူငယ်၊လူရွယ်များအတွက်အခက်အခဲရှိနေပါသည်။ဥပမာအားဖြင့်

၁။ကျောင်းသားများအနေဖြင့်အထူးသဖြင့်ကျွန်ုပ်တို့ခေတ်ကာလ၌စာသင်ကြားရမှုသက်တမ်းရှည်လျားသည်အတွက်လူငယ်များအနေဖြင့်မင်္ဂလာဆောင်နှင်းရန်အခက်အခဲရှိပေသည်။အကြောင်းသည်ကား အလုပ်အကိုင်မရှိခြင်း၊သင့်တော်သောနေစရာအိမ်မစီစဉ်နိုင်ခြင်း၊အခြားအသုံးစရိတ်များ၊ရိုးရိုးမင်္ဂလာဆောင်ဖို့မင်္ဂလာပွဲအစီအစဉ်မလုပ်နိုင်ခြင်းအခြားလိုအပ်သောအသုံးအဆောင်၊မစီစဉ်နိုင်ခြင်းတို့ဖြစ်ပါသည်။

၂။တစ်ချို့အိမ်ထောင်သည်များအနေဖြင့်ရပ်ဝေးမြေခြားနိုင်ငံရပ်ခြားများ၌ကာလကြာရှည်စွာနေထိုင်ရသဖြင့်ကာမဆက်ဆံမှုနဲ့ပက်သက်ပြီးအခက်အခဲရှိပါသည်။အကြောင်းသည်ကားအမျိုးသမီးဇနီးနှင့်အတူမနေရခြင်း

 

 

 

 

အိမ်ထောင်သစ်မထူထောင်နိုင်ခြင်းတို့ကြောင့်ဖြစ်ပါသည်။

၃။တစ်ချို့အိမ်ထောင်သည်များ၏ဇနီးသည်များသည်ကာမဆက်ဆံမှု၌အပြည့်အ၀ မပေးနိုင်ပဲအခက်အခဲရောဂါအမျိုးမျိုးကိုခံစားနေရသောဝေဒနာရှင်များဖြစ်ပါသည်။

၎။တစ်ချို့စစ်မှုထမ်းစစ်သည်များဖြစ်ကြသည်။အိမ်နီးချင်းနိုင်ငံ၏နယ်နိမိတ်များနှင့်အခြားနေရာများ၌ကာလကြာရှည်တာဝန်ထမ်းဆောင်နေရသည့်အတွက်ကာမစပ်ယှက်မှု၌အခက်အခဲများနှင့်တွေ့ဆုံနေရသည်။ဤအတွက်ကြောင့်သမိုင်းစာမျက်နှာကပြဆိုနေသည်။တမန်တော်မြတ်ကြီး(ဆွ) လက်ထက်၌မြောက်မြားစွာသောအစ္စလာမ်စစ်သည်များအတွက် ဤကဲ့သို့သောအခက်အခဲနှင့်ရင်ဆိုင်ရလာသည်အတွက်မိုသာ(ခ) ယာယီနေကာစနစ်သုံးရန်အတွက်အကြောင်းအရင်းတစ်ရပ်ဖြစ်လာခဲ့ပါသည်။

၅။တစ်ခါတစ်ရံဇနီးကိုယ်ဝန်ဆောင်နေရချိန်၌လည်းကောင်း၊ အခြားအခက်အခဲ များကြောင့်လည်းကောင်း၊ လူငယ်လူရွယ်ဖြစ်သော ခင်ပွန်းသည်များအတွက် ကာမစပ်ယှက်မှုတွင် အခက်အခဲများနှင့် ရင်ဆိုင်ရပါသည်။ဤကဲ့သို့သောလူမှုရေးလိုအပ်ချက်များ၊အခက်အခဲများသည်အမြဲလိုလိုတွေ့ကြုံရ၏။တွေ့ကြုံရလိမ့်မည်။အထူးသဖြင့်တမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်၌သာဤကဲ့သို့အခက်အခဲရှိခဲ့ခြင်းမဟုတ်ဘဲလက်ရှိမျက်မှောက်ခေတ်၌လည်းပိုမို၍တွေ့ကြုံနေရပါသည်။

လူသားအနေဖြင့်ဤကဲ့သို့သော်အခက်အခဲများနှင့်တွေ့ကြုံရသည်အခါ၎င်းတို့၏ရှေ့၌လမ်းနှစ်လမ်းပေါ်ထွက်လာပါသည်။ တစ်လမ်းကالعياذبااللهပြည့်တန်ဆာများနှင့်ဆက်သွယ်ကြပြီး၊ နောက်တစ်လမ်းကတရားဝင်ယာယီနေကာဟ်ပြုလုပ်ခြင်းဖြစ်ပါသည်။၎င်းနေကာဟ်ကိုပြုလုပ်ခြင်းဖြင့်အမြဲနေကာဟ်၌တွေ့ကြုံရသည့်အခက်အခဲများမတွေ့ကြုံရသည်အပြင်တစ်ဖက်တစ်လမ်းမှလည်းကာမစိတ်ကိုရှရီအတ်အရတရားဝင်ကာမစိတ်ကိုဖြည့်စွက်ဖြည့်ဆည်းရာဖြစ်ပေသည်။

          ဤလမ်းနှစ်လမ်းကိုလုံးဝမကျင့်သုံးပဲနေဖို့အကြံဥာဏ်ပေးခြင်းသည်ကောင်းမွန်သောလည်း အများစုလူထုအတွက်မဖြစ်နိုင်ချေ။တစ်နည်းဆိုရလျှင်တစ်ချို့လူများစဉ်းစားစိတ်ကူးယဉ်မှုတစ်ခုသာဖြစ်ပြီးလုပ်ဆောင်ရန်ခက်ခဲသောလုပ်ဆောင်ချက်တစ်ခုဖြစ်ပါသည်။

မစ်ယာနေကာဟ်

မိုသာ(ခ)ယာယီနေကာဟ်ကိုဆန့်ကျင်သောလူအချို့(စွန်နီညီနောင်အများစု)ရှိပါသည်။ယနေ့၎င်းတို့သည်လူငယ်လူရွယ်များမတတ်နိုင်သော

သူများ အတွက်အခက်အခဲများကိုဖြေရှင်းပေးရန်အတွက်ခေတ္တယာယီ

မင်္ဂလာကိုမစ်သာရှာဒီ(ခ)မစ်သာနေကာဟ်ဟုခေါ်ပါသည်။

          သို့သော်လည်းပဲ ၎င်းတို့အနေဖြင့်ဤနေကာဟ်အား မိုသာ(ခ)နေ

 

 

 

 

ကာဟ်ဟုအမည်မတပ်ထားသော်လည်းပဲ စည်းကမ်းချက်များလုပ်ဆောင်ချက်များသည် မိုသာကဲ့သို့ပင်ဖြစ်ပါသည်။

          ဆိုလိုသည်ကား - မစ်ယာရှာဒီ(ခ) မစ်ယာနေကာဟ်၌မင်္ဂလာဆောင်မည့် သတို့သားအနေဖြင့် အမျိုးသမီးတစ်ဦးအား မိမိဆန္ဒရှိသောရက် အတိုင်း အတာထိပေါင်းသင်းရန် ပြီးလျှင်ကွာရှင်းပြတ်စဲရန်နီယသ်ထားပြီးနေကာဟ်လုပ်ရန်ခွင့်ပေးထားခြင်းကိုခေါ်ပါသည်။

          ၎င်းနေကာဟ်၌သတို့သမီးအနေဖြင့်မင်္ဂလာဆောင်ပြီးနောက်အသုံးစရိတ်မတောင်းဆိုရန်အမွေမယူရန်နှင့်ညမအိပ်ရန် (အမြဲမနေရန်) ကတိသစ္စာပေးရသည်။

          တစ်နည်းဆိုရလျှင်လုံးဝမိုသာ(ခ)ယာယီနေကာဟ်နှင့်အလွန်တူပါသည်။ နှစ်ခုကြား၌ကွာခြားချက်သည်ကားမစ်ယာနေကာဟ်၌နှစ်ဦးနှစ်ဖက်မှ သဘောတူသလောက်မြောက်ပေသည်။တရားဝင်ဖျက်သိမ်းသည်ဟုဆိုရာ၌ မိုသာနေကာဟ်ဖတ်သူအမျိုးသားအနေဖြင့်အဖတ်ခံသူအမျိုးသမီးအား အသင်အားမိုသသ်ခ်ျပေးသည်ဟုဆိုလိုက်ခြင်းကိုခေါ်ဆိုပါသည်။

          ဒီနေရာ၌ကျွန်တော်(ဟဇရတ်အာယာသွန်လ္လာဟ်အိုဇဟနစေရ်မကာရမ်မိုရှီရာဇီ)ပြန်ဆိုသူအနေဖြင့်တင်ပြလျှင်သင့်တော်ပေမည်။

အင်တာနက်မှတစ်ဆင့် စွန်နီလူငယ်များအနေဖြင့်ကျွန်တော်ထံမေးမြန်းအဖြေတောင်းလာသောအကြောင်းအရာဖြစ်ပါသည်။ကျွန်တော်အား၎င်းတို့အနေဖြင့်မင်္ဂလာဆောင်နှင်းဖို့အခက်အခဲများနှင့်တွေ့ကြုံရင်ဆိုင်ရချိန်၌ရှီအာ (ဓမ္မသတ်ပညာရှင်များ)၏အမိန့်ကိုလိုက်နာသင့်မသင့်ဆိုသောအချက်ပင်ဖြစ်ပါသည်။

ကျွန်တော်အနေဖြင့်အဖြေပေးသည်မှာလုံးဝအတားအဆီးမရှိပေ။လိုက်နာနိုင်ပေသည်။မိုသာ(ခ) ယာယီနေကာဟ်အားဆန့်ကျင်ပြီးမစ်ယာနေကာဟ်ကိုလက်ခံသူများသည်အမှန်တကယ်မိုသာ(ခ)ယာယီနေကာဟ်အားပါးစပ်ဖြင့်မပြောသောလည်းအလုပ်ဖြင့်လုံးဝ၎င်းအလုပ်ကိုသာလုပ်ဆောင်ခြင်းဖြစ်ပါသည်။

          အမှန်တရားတစ်ရပ်ပင်ဖြစ်ပါသည်။လူသားအနေဖြင့်လိုအပ်အရေးကြီးသောအရာများကိုဖြည့်စွက်ရန်အဖြစ်အပျက်အမှန်တရားကိုလက်မခံဘဲမရပေ။သို့သော်အမည်မတတ်၊မယူကြသာလျှင်ရှိပေသည်။

ဤအတွက်ကြောင့်မိုသာ(ခ)ယာယီနေကာဟ်အားဆန့်ကျင်သူများအနေဖြင့်သိလျက်နှင့်ဖြစ်စေ၊မသိလျက်နှင့်ဖြစ်စေမကောင်းသောကာမစပယှက်မှု(ပြည့်တန်ဆာများအသုံးပြုခြင်း၊ဇေနာပြုခြင်းစသည်ဖြင့် …..) အားအားပေးအားမြောက်ပြုရာဖြစ်ပေသည်။

ဤအတွက်ကြောင့်အဟ်လေ့ဘိုက်(အ.စ)၏ဟဒီးစ်တော်များ၌“အကယ်၍မိုသာအားမဆန့်ကျင်ခဲ့မည်ဆိုလျှင်မည်သူမျှစေနာကျူးလွန်မည်မဟုတ်”ဟုပါရှိပေသည်။[1]

ထိုနည်းတူစွာမိမိတို့၏မကောင်းသောစိတ်အာသီသအားဖြည့်စွက်ရန်အတွက် မိုသာအား အလွဲသုံးစားလုပ်သူများအနေဖြင့် လူမှုရေးအသိုင်းအ၀န်း ကြီး၏အခက်အခဲများဖြေရှင်းပေးနိုင်သော မိုသာအားဖျက်ဆီးနာမည်ဖျက်လိုက်ခြင်း ဖြစ်ပါသည်။၎င်းတို့အနေဖြင့်မိုသာအားမတရားသောနည်းဖြင့်သုံးခြင်းဖြစ်ဤနည်းဖြင့်လူမှုရေးအသိုင်းအ၀ိုင်းကြီး၌ဇေနာ(တရားမ၀င်ကာမစပ်ယှက်မှု)၌ပါဝင်ရာရောက်သလို၎င်းဂိုနာအပြစ်၌လည်းပါဝင်ရာရောက်ပေသည်။

ဘယ်သို့ဆိုစေအစ္စလာမ်သာသနာသည်လူငယ်များ၏သဘာဝကိုဖြည့်စွက်ပေးသောကောင်းကင်ကျသာသနာဖြစ်ပါသည်။၎င်းတို့၏လိုအပ်ချက်အားလုံးကို (တရားဝင်)ဖြည့်ဆည်းပေးသည်။

          ဤအတွက်ကြောင့်အစ္စလာမ်မီအဟ်ကမ်(အစ္စလာမ်ဥပဒေ)၌မိုသာအား မပြဋ္ဌာန်းဘဲမဖြစ်နိုင်ချေ။ကျွန်တော်အနေဖြင့်ရှေ့၌ ဆက်လက်တင်ပြပါမည်။

          မိုသာသည်ကျမ်းတော်မြတ်ကုရ်အာန်၌သော်လည်းကောင်း၊တမန်တော်မြတ်ကြီး(ဆွ)၏စွန္နတ်တော်၌သော်၎င်း၊အချို့သာဝကကြီးများ၏ကျင့်စဉ်၌တွေ့ရှိရပေမည်။သို့သော်လည်းပဲအချို့လူများ၏ယုံကြည်ချက်အရဤအမိန့်(မိုသာ)အား (မန်စူခ်)ဖျက်သိမ်းခဲ့သည်ဟုဆိုပါသည်။

ကျွန်ုပ်တို့အနေဖြင့်၎င်းတို့ထံ၌မိမိယုံကြည်မှုကိုအနှိုင်းမဲ့သက်သေပြနိုင်နိုင်မပြနိုင်ဆိုသောအချက်ကိုလေ့လာရန်ဖြစ်ပေသည်။

မိုသာ()ယာယီနေကာဆိုသည်မှာအဘယ်နည်း?

အချို့နားမလည်သဘောမပေါက်သူအချို့အနေဖြင့်မိုသာဆိုသည်မှာ၊မိန်းမလိုက်စားခြင်း၊ကာမစပ်ယှက်မှုအတွက်လွတ်လပ်ခြင်းဟုအဓိပ္ပါယ်ဖွင့်ဆိုထားကြသည်။

သို့သော်ဤကဲ့သို့ခံယူထားသောအုပ်စုဝင်အားလုံးသည်သာမန်ပြည်သူ များ မဟုတ်ကြဘဲ အလ်စွန္နတ်ဂ်ျမအတ်၏ အချို့သာသနာ့ရှင်များ လည်းပါဝင်နေ ပေသည်။၎င်းတို့အနေဖြင့်အထက်ဖေါ်ပြထားသည့်အတိုင်းပြောသည့်အပြင် အလွန်တစ်ဖက်စွန်းရောက်အစွဲကြောင့်မုန်းတီးသောဝါဒကြောင့် မိုသာအား လက်ခံသူများ၏စာအုပ်၊စာပေများကိုမလေ့လာဖို့နိုးဆော်ထားပေသည်။ နောက်တစ်ခုပြောရလျှင်၎င်းအိုလမာများအနက်မှ အချို့သည် မိုသာကို သက်သေထူထားသောရှီအာစာအုပ်များမှစာကြောင်းတစ်ကြောင်းကိုပင် မလေ့လာထားသောကြောင့်တင်ပြအပ်ပါသည်။ဤအချက်သည်အလွန်တစ်ဖက်စွန်းရောက်သော၊မုန်းတီးသောအချက်တစ်ရပ်ဖြစ်ကြောင်းတွေ့ရပါသည်။

 

 

 

 

 

ကျွန်တော်အနေဖြင့်ဤသေးငယ်သောစာအုပ်အတွင်း မိုသာနှင့်နေကာ (အမြဲမင်္ဂလာ၌ ကွာခြားချက်ကိုတင်ပြပါမည်။ သိုမှသာလျှင် အလ္လာဟ်ဟို အရှင်မြတ် ဟွတ်ဂ်ျဂျသ်အားလူတိုင်းအတွက်သက်သေပြပြီးသားဖြစ်သွားပေမည်။

မိုသာ(ခ)ယာယီနေကာဟ်၏အများဆုံးသောအစိတ်အပိုင်း၏ဥပဒေသများသည်အမြဲတမ်းအတွက်နေကာဟ်၏အစိတ်အပိုင်းဥပဒေသများဖြစ်ပါသည်။

၁။အမျိုးသားနှင့်အမျိုးသမီးနှစ်ဦးသည်နှစ်ဦးသဘောတူကမည်သူ၏ဖိနှိပ်ချုပ်ချယ်မှုမပါဘဲလက်ထပ်ထိမ်းမြားခြင်းဖြစ်ပါသည်။

၂။နေကာဟ်စီကာဖတ်ရာ၌ نكاحနှင့်၊ازدواج နှင့်၊ متعه စကားလုံးများကိုသာသုံးစွဲရပါမည်။အခြားစကားလုံးများကိုမသုံးစွဲရပေ။

၃။အကယ်၍အမျိုးသမီးသည်အပျိုဖြစ်နေပါကအုပ်ထိန်းသူ(အဖေ၊အဖိုး)၏

ခွင့်ပြုချက်လိုအပ်ပေသည်။အပျိုမဟုတ်ပါက(တခုလပ်၊မုဆိုးမ၊)ဖြစ်ပါကမလိုအပ်ပေ။

၎။နေကာဟ်အတိုင်းအတာသတ်မှတ်ချက်၊မဟာငွေများအတိအကျသိဖို့အရေးကြီးပေသည်။အကယ်၍မေ့သွားသည့်အခါအများစုမိုဂ်ျသဟစ်များ၏ဖသ်ဝါအရအမြဲအတွက်နေကာဟ်ဖြစ်သွားပေသည်။(ဤအချက်သည်မိုသာ၊နှင့်နေကာဟ်တူကြောင်းသက်သေပြဆိုသောအချက်နှင့်၊နေကာဟ်နှင့်မိုသာ၌သတ်မှတ်ရက်သာကွာခြားကြောင်းပြဆိုထားခြင်းဖြစ်ပါသည်။ဂရုပြုစေလိုပါသည်။

၅။သတ်မှတ်ထားသောရက်၊လ၊ကုန်သည်နှင့်တစ်ပြိုင်နက် တွလာက်မြောက် သွား၏။ ထို့နောက်အဒ်ဒေ(အစ္စလာမ်ဥပဒေအရ အမျိုးသမီး အတွက်ရက်စောင့်ခြင်း)စောင့်ရပေမည်။(ကာမစပ်ယှက်ပြီးဖြစ်ဖို့လိုပေသည်။)

၆။နေကာဟ်အမြဲအတွက်အဒ်ဒေသတ်မှတ်ချက်အတိုင်းအတာသည်ကား-ရာသီ(၃)လခါလာချိန်အထိဖြစ်ပြီး(မိုသာ၌ကား ရာသီနှစ်ခါသာဖြစ်ပေသည်။

၇။မိုသာဖြစ်ရသောကလေးများနှင့်နေကာဟ်အမြဲဖြစ်ရသောကလေးများအဟ်ကမ်နှင့်ပတ်သက်ပြီးမိဘနှစ်ပါးအတွက်သာသနာ့တာဝန်မှာအတူတူပင်ဖြစ်ပေသည်။မိုသာဖြစ်ရသောကလေးများသည်လည်းပဲနေကာဟ်အမြဲနှင့်ရသောကလေးများပမာအဖေ၊အမေ၊ညီအကို၊မောင်နှမများထံမှအမွေရပိုင်ခွင့်ရှိပေသည်။လုံးဝကွာခြားချက်မရှိပေ။

မိုသာဖြစ်ရသောကလေးများသည်မိခင်၊ဖခင်အုပ်ထိန်းမှုအောက်၌နေရ

မည်ဖြစ်ပြီး ၎င်းတို့၏အသုံးစရိတ်များကိုလည်းပဲ၊အမြဲနေကာဟ်နှင့်ရရှိသောကလေးများပမာပေးဆောင်ရပေမည်။

 

=       =       =

 

 

 

 

 

ယေဘုယျအားဖြင့်ဤစကားအချက်အလက်များသည်အံ့ဩစရာဖြစ်နေပေမည်။ထိုသူများအနေဖြင့်မိုသာအားလုံးဝမကြားဘူးသူများအလ္လာဟ်ဟိုအရှင်မြတ်၏အမိန့်ဆန့်ကျင်မှု၊ဇေနာ(မတရားသောနည်းဖြင့်ပေါင်းသင်းဆက်ဆံမှု)နှင့်အတူတူဟုသတ်မှတ်ခံထားသူများအနေဖြင့်ပို၍အံ့ဩသင့်ပေသည်။

အမှန်တကယ်သုံးသပ်ကြည့်လျှင်၎င်းတို့ထင်နေသကဲ့သို့ပင်မဟုတ်ချေ။

မှန်ပေသည်။မိုသာနှင့်အမြဲနေကာဟ်အကြား၌ခင်ပွန်းသည်နှင့်ဇနီးသည်အတွက်ကွာခြားမှုများရှိပေသည်။ဥပဒေအရ မိုသာ၌ခင်ပွန်းသည်နှင့်ဇနီးသည်၏အခွင့်အရေး၊ရပိုင်ခွင့်စည်းကမ်းသတ်မှတ်ချက်များရှိသောလည်း၊အမြဲနေကာဟ်၌ပို၍များပြားပေသည်။ထို့အတွက်ကြောင့်မိုသာ၌လွယ်ကူမှု၊တာဝန်နည်းမှုကိုတွေ့ရသည်။ဖေါ်ပြရမည်ဆိုလျှင်-

၁။မိုသာ၌အမျိုးသမီးအနေဖြင့်အသုံးစရိတ်နှင့်အမွေရမည်မဟုတ်ချေ။သို့သော်အချို့ဖိုကာမာအနေဖြင့်ဖသ်ဝါပေးထားသည်မှာအကယ်၍အသုံးစရိတ်နှင့်အမွေကိုပါမိုသာ(ယာယီနေကာဟ်)မပြုခင်နှစ်ဦးသဘောတူထားပါကထိုအတိုင်းဆောင်ရွက်ရပေလိမ့်မည်။

၂။မိုသာ၌အမျိုးသမီးဇနီးအနေဖြင့်မိမိအမျိုးသား(ခင်ပွန်း)အတွက်မထိခိုက်၊မနစ်နာဘူးဆိုလျှင်ခင်ပွန်းသည်၏ခွင့်ပြုချက်မယူဘဲမိမိကိုယ်ပိုင်အလုပ်များအတွက်အိမ်မှထွက်နိုင်သည်။သို့သော်အမြဲနေကာဟ်၌ဇနီးသည်အနေဖြင့်မိမိခင်ပွန်းသည်၏ခွင့်ပြုချက်မရဘဲထွက်ခွင့်မရှိချေ။

၃။မိုသာ၌ ခင်ပွန်းသည်အတွက် ညအချိန်၌မိမိဇနီးနှင့်အတူနေဖို့အရေးမကြီးပေ။

=       =       =

အထက်ဖေါ်ပြပါစည်းကမ်းဥပဒေသများကိုအသေအချာဂရုပြုလေ့လာခြင်းဖြင့်အားလုံးသောသံသယဖြစ်မှု၊ဇဝေဇဝါဖြစ်မှု၊အမေးများစောဒကတက်စရာမလိုဘဲစောဒကတက်သူများအတွက်အဖြေများရရှိနိုင်ပေသည်။ထို့အပြင်မကောင်းသောအတွေးအခေါ်များလွယ်ကူစွာပျောက်ကင်းသွားပေမည်။၎င်းအပြင်မိုသာနှင့်ဇေနာ၌ မိုးနှင့်မြေခြားနားနေပါလားဆိုသော အမှန်တရားဖြစ်ရပ်မှန်ကိုပါ သိရှိသွား ပေမည်။မိုသာနှင့်ဇေနာကိုနှိုင်းယှဉ်သူတို့သည်မသိနားမလည်သူနှင့် သူနှစ်ခုအကြား၏အမှန်တရားကိုမသိသူများဖြစ်ပါသည်။

အလွဲသုံးစား

မှန်ကန်သောအရာများကိုအလွဲသုံးစားပြုလုပ်ခြင်းဖြင့်ရန်သူများ၏နှုတ်ကိုဖွင့်ပေးသည်နှင့်တူပေသည်။ထို့အပြင်မဟုတ်တရားအစီအစဉ်များဆွဲရန်နှင့်စောဒကတက်နိုင်ရန်အတွက်သက်သေအဖြစ်ပြရန်အကြောင်းအရင်းများရသွားတတ်ပါသည်။

မိုသာသည်လည်းပဲ၎င်းအစီအစဉ်များမှအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

အချို့အရမ်းဝမ်းနည်းဖွယ်ကောင်းပြီးမဝင်ခံဘဲမရသောအမှန်တရားတစ်ခုသည်ကား-မိမိမကောင်းသောစိတ်ဆန္ဒနောက်လိုက်တတ်သူများ၊အလွဲ သုံးစား လုပ်တတ်သူများအချို့ကြောင့်လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်း၏အခက်အခဲများကိုဖြေရှင်းပေးသောမိုသာအားမိမိတို့၏လက်ကစားစရာဖြစ်အောင်၊ဆင်ခြင်တုံတရားအပြည့်ဖြစ်စီမံထားသောမိုသာကိုစောဒကများတက်အောင်လုပ်ကြပါသည်။

သို့သော်လည်းပဲမေးစရာမေးခွန်းတစ်ခုသည်ကားဤမိုသာမှအပအခြားအလွဲသုံးစားအပြုမခံရသောအရာရှိပါသနည်း။မည်ကဲ့သို့သောအဖိုးတန်ရင်းနှီးမြုပ်နှံမှုရှိပါသလဲ?မသမာသူများအနေဖြင့်အလွဲသုံးစားမပြုခဲ့ပါသလော!

ဘာလဲကျမ်းတော်မြတ်ကုရ်အာန်ကိုတစ်နေ့၊တစ်ချိန်ကလှံဖျားပေါ်တင်ပြီး၊နှိပ်စက်ညှဉ်းပန်းသူ၏အစိုးရအားတည်ထောင်ခဲ့သဖြင့်ကျမ်းတော်မြတ် ကုရ်အာန်အားလက်လတ်လိုက်ရမည်လော?

ဘာလဲမိုနာဖေ(က)များသည်တည်ဆောက်ထားသောဇာရ(ရ)ဗလီဝတ်ကျောင်းတော်အားမီးရှို့ပစ်ရန်(ခ)ဖြိုဖျက်ပစ်ရန်ကိုယ်တော်မြတ်(ဆွ)အမိန့်ပေးခဲ့သဖြင့်ဗလီများအားလုံး၌အနေကင်းအောင်နေရမည်လော!

ဘယ်သို့ဆိုစေကျွန်ုပ်တို့အနေဖြင့်အချို့အစ္စလာမ်ဥပဒေသများကိုအ

လွဲသုံးစားပြုခဲ့ကြောင်း လက်ခံပါသည်။သို့သော်လည်းပဲကျွန်ုပ်တို့အနေဖြင့်

အချို့နမာဇ်ဖတ်သူ အချို့ကြောင့်ဗလီတံခါးကိုပိတ်ခြင်းနှင့်လက်ကိုင်ပုဝါ၊တစ်ခုကြောင့်ကိုင်စဲရ်ရီးယားတစ်ခုလုံးမီးရှိုဖြစ်ဖို့လုံးဝလုပ်မည်မဟုတ်ချေ။မလွဲမ

သွေအလွဲသုံးစားလုပ်သူများမလုပ်နိုင်ရန်တားမြစ်ပိတ်ပင်ရမည်။စစ်မှန်သောအစီအစဉ်များပြုလုပ်ပေးရမည်။

အထူးသဖြင့်ကျွန်ုပ်တို့ခေတ်သည်စစ်မှန်တိကျသောအစီအစဉ်မရှိလျှင်လက်ခံဖို့မဖြစ်နိုင်သောခေတ်ဖြစ်ပါသည်။ဤအတွက်ကြောင့်ရှိုင်တွာန်လိုမျိုးလူစားများ၏အစီအစဉ်များပျက်စီးသွားရအောင်ပညာရှိသူများ၊အတွေးအခေါ်ကောင်းသူများစုပေါင်း၍စစ်မှန်သောအစီအစဉ်တစ်ရပ်ဖြစ်ပေါ်လာဖို့ဥပဒေများရေးဆွဲရပေမည်။ထိုမှသာလျှင်အလ္လာဟ်ဟိုအရှင်မြတ်၏ဥပဒေအမိန့်များ၏တန်ဖိုးရှိ၊အကျိုးရှိကြောင်းပေါ်လွင်လာပြီး၊မကောင်းသောအာသီသရှိသူများ၊ယုတ်မာသူများ၏လမ်းကိုပိတ်ဆို့ထားသကဲ့သို့ဖြစ်ပေမည်။

=       =       =

မိုသာကုရ်အာန်စွန္နတ်နှင့်အဂ်ျမာယေအွန်မသ်အမြင်

ကျမ်းတော်မြတ်ကုရ်အာန်၌မိုသာ(ခ)ယာယီနေကာဟ်နှင့်ပက်သက်ပြီးစူရ်နေစာအာယတ်တော်အမှတ်၂၄၌ပါရှိသည်။မိန့်တော်မူထားသည်မှာ-

 

        فَمَا اسْتَمْتَعْتُمْ بِهِ مِنْهُنَّ فَآتُوهُنَّ أُجُورَهُنَّ فَرِيضَةً

 

“အကြင်အမျိုးသမီးနှင့်မိုသာဖတ်လျှင်၎င်းအားမဟာရ်ငွေဆက်ဆက်ပေးဆောင်ပါလေ။”

အရေးကြီးသောဂရုပြုစရာအချက်တစ်ခုသည်ကားတမန်တော်မြတ်(ဆွ)ထံမှမြောက်များစွာသာရီဝါယသ်တော်များ၌ပါရှိသောမိုသာဆိုသည်မှာယာယီနေကာဟ်ကိုဆိုလိုခြင်းဖြစ်ပါသည်။

ရှေ့(အင်ရှာအလ္လာဟ်)ကျွန်ုပ်အနေဖြင့်စာရှုသူအဖို့တော်တော်များများရီဝါယသ်ကိုတင်ပြပါမည်။

ထို့အပြင်စွန်နီ၊ရှီအာများ၏ဖသ်ဝါကျမ်းများအားလုံး၌ယာယီနေကာဟ်ဆိုသည်မှာမိုသာကိုခေါ်ဆိုခြင်းဖြစ်ပါသည်။ထို့အတွက်ကြောင့်မိုသာအားလက်မခံခြင်းသည်အများမိုဂ်ျသဟစ်လက်ခံထားချက်ကိုလက်မခံခြင်းနှင့်တူပေသည်။

 

 

 

 

 

မိုဂ်ျသဟစ်များ၏ဖသ်ဝါကိုအရှေ့၌ဖေါ်ပြပါမည်။

ဤကဲ့သို့ရှိနေပါလျက်အချို့သူများအနေဖြင့်استمتاع၏ဆိုလိုချက်သည်အရသာယူရန်နှင့်ကာမစပ်ယှက်ရန်ဟုအခါခါအဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ထို့ကြောင့်အာယတ်တော်၏ဆိုလိုချက်မှာဇနီးသည်နှင့်ကာမစပ်ယှက်လိုသည့်အခါ မဟာငွေပေးဆောင်ရမည့် အဓိပ္ပါယ်သက်ရောက်နေပါသည်။

ဤယူဆရှုမြင်ချက်နှင့်ပက်သက်ပြီးပြသာနာနှစ်ခုနှင့်ထင်ရှားစွာရင်ဆိုင်ရပေမည်။

ပထမအချက်။  ။မဟာငွေပေးဆောင်ရန်အချိန်သည်နေကာဟ်ဖတ်ချိန်ဖြစ်ပါသည်။နေကာဟ်ဖတ်သည်နှင့်တစ်ပြိုင်နက်အမျိုးသမီးသည်မိမိမဟာငွေတောင်းခံနိုင်ပေသည်။ဤနေရာ၌ကာမစပ်မှုနှင်အရသာခံမှုဆိုသောသတ်မှတ်ချက်မပါပေ။(မှန်လှပေသည်။အစါဂ်ျသလာခ်ကာမစပ်ယှက်မည်အလျင်းဖြစ်ပါကမဟာငွေတစ်ဝက်သာပေးဆောင်ရပေမည်။ဂရုပြုရပေမည်။)

ဒုတိယအချက်။။မိုသာဆိုသည့်စကားစုသည်ရှာရီအတ်စကားအရ၊စွန်နီ၊

ရှီအာဖေကာပညာရှင်ကြီးများနှင့်ရီဝါယသ်တော်များ၏အမြင်၌ယာယီနေကာဟ်ကိုခေါ်ဆိုခြင်းဖြစ်ပါသည်။ဤဆိုလိုချက်အတွက်သက်သေများအဖြစ်အကျယ်တဝင့်ပုံသဏ္ဍာန်ဖြင့်ဖတ်ရှုရပေလိမ့်မည်။

အကျော်အမော်သဖ်စီးပညာရှင်မရ်ဟွမ်သပ်ရစီးအနေဖြင့်မဂ်ျမဂွလ်

 

 

 

 

စရမ်းကျမ်း၌ဤမိုသာအာယတ်တော်နှင်ပက်သက်ပြီးရှုမြင်သုံးသပ်ချက်နှစ်ခုကိုရေးသားထားပါသည်။

၁။အချို့သောသူများအနေဖြင့်استمتاع၏အဓိပ္ပါယ်ကိုအရသာယူခြင်း၊ဟုဖြန့်ဆိုထားပြီးသက်သေအထောက်အထားဖြင့်အချို့သောသာဝကကြီးများသဗေအီး(န)ကြီး၏လုပ်ဆောင်ချက်ကိုဖေါ်ပြထားပါသည်။

၂။အချို့သောသူများအနေဖြင့်استمتاع၏အဓိပ္ပါယ်ကိုယာယီနေကာဟ်အဖြစ်

ပြန်ဆိုထားပြီးသက်သေအထောက်အထားဖြင့်အဗ်နေအဘာစ်၊စာဒီး၊အဗ်

နေမွစ်ဟူးဒ်နှင့်သဗေအီး(န)များ၏အုပ်စုတစ်စုကိုတင်ပြထားပါသည်။၎င်းတို့အနေဖြင့်ယာယီနေကာဟ်အားလက်ခံထားသူများဖြစ်ပါသည်။

အကယ်၍အသေအချာဂရုစိုက်ဤနှစ်ချက်အားလေ့လာသုံးသပ်မည်ဆိုလျှင်ဒုတိယအချက်သည်ပိုမို၍ခိုင်လုံကြောင်းတွေ့ရပေသည်။အကြောင်းသည်ကားရှာရီအသ်စကားအရမိုသာနှင့်استمتاع ဆိုသည်မှာယာယီနေကာဟ်ကိုဆိုခြင်းဖြစ်ပါသည်။၎င်းအပြင်မဟာငွေပေးဆောင်ခြင်းနှင့်အရ

သာခံခြင်းတို့ကိုဆိုလိုခြင်းမဟုတ်ပေ။[2]

          ကူရ်သဗီးအနေဖြင့်မိမိ၏သဖ်စီးအကျယ်ဖွင့်ကျမ်းတွင်ဤမိုသာအာယတ်နှင့်ပက်သက်ပြီးဖွင့်ဆိုထားသည်မှာ-အများစု၏လက်ခံယုံကြည်မှုအရမိုသာ(ခ)ယာယီနေကာဟ်အားဆိုလိုခြင်း

ဖြစ်ပြီး၊တမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်၌ရှိခဲ့သည်ဟုဆိုထားပါသည်။[3]

 

 

ဂျနာဗေစူယူသီးအနေဖြင့်မိမိ၏ကျမ်းဒူရေမန်းဇူး၌၎င်း၊အဗ်နေကုစီးကျမ်းနှင့်စအာလာဝီးတို့အနေဖြင့်မိမိတို့၏သဖ်စီးကျမ်းများ၌အထက်ပါအဓိပ္ပါယ်မှာယာယီနေကာဟ်ဘက်ကိုသာပြဆိုထားပါသည်။

ရှီအာ၊စွန်နီသာသနာ့ပညာရှင်များအမြင်၌ဤကိစ္စနှင့်ပက်သက်ပြီးမိုသာသည်တမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်၌ရှိခဲ့ကြောင်းတညီတညွတ်တည်း လက်ခံထားပါသည်။သို့သော်လည်းပဲစွန်နီဖေကာသာသနာ့ပညာရှင်အများစု အနေဖြင့်ဤအမိန့်သည်နောက်ပိုင်း၌ဖျက်သိမ်းခြင်းခံရသည်ဟုလက်ခံယုံကြည်ထားကြသည်။သို့သော်လည်းပဲဘယ်အချိန်မှစ၍ဖျက်သိမ်းခဲ့ကြောင်းနှင့်ပက်သက်ပြီးအကွဲအလွဲရှိပါသည်။

သာဓကအားဖြင့်ကျော်ကြားသောပညာရှင်နူးဝီးအနေဖြင့်စဟီးမွတ်စလင်အကျယ်ဖွင့်ကျမ်း၌တင်ပြထားသည်မှာ-

၁။အချို့ကသဗူးက်စစ်ပွဲ၌ဟလ္လာဟ်ဖြစ်ပြီးနောက်မှဟရမ်ဖြစ်သွားသည်ဟုဆိုထားသည်။

၂။အုမရ်သွလ်ကဇာ၌သာလျှင်ဟလ္လာဟ်ဖြစ်ခဲ့ပါသည်။

၃။မက္ကာဟ်ရွှေမြို့တော်ကိုအောင်နိုင်ချိန်၌ဟလာဟ်ဖြစ်ပြီး၊ပြီးနောက်ဟရမ်ဖြစ်သွားပါသည်။

၎။သဗူးက်စစ်ပွဲ(ဟီဂျရီ၉ခုနှစ်)တွင်ဟရမ်ဖြစ်သွားပါသည်။

၅။အူးသာစ်စစ်ပွဲ(ဟီဂျရီ၈ခုနှစ်)၌သာမိုသာဖြစ်ခဲ့ပါသည်။

 

 

 

၆။နောက်ဆုံးဟဂ်ျ(ဟီဂျရီ၁၀ခုနှစ်)တွင်ဟလာဟ်ဖြစ်သွား၏။[4]

စိတ်ဝင်စားစရာကောင်းသည့်အချက်သည်ကားတင်ပြထားသူများအနေဖြင့်စောဒကတက်စရာနှင့်ဆန့်ကျင်ဘက်ရီဝါယသ်တော်များတင်ပြထားခြင်းဖြစ်ပါသည်။အထူးသဖြင့် ခိုင်ဘဲရ်စစ်ပွဲ၌ တားမြစ်ခဲ့ပါသလား။နောက်ဆုံးဟဂ်ျ၌တားမြစ်ခဲ့ပါသလားဆိုပြီးရီဝါယသ်သည်ကျော်ကြားလှပေသည်။သို့သော်လည်းအချို့ဖေကာပညာရှင်များအနေဖြင့်ဤရီဝါယသ်နှစ်ခုစလုံးအားစုပေါင်းရာ၌အရမ်းကြိုးစားခဲ့သော်လည်းမအောင်မြင်ခဲ့ကြပေ။[5]

၎င်းထက်ပို၍စိတ်ဝင်စားစရာကောင်းလှသည့်အချက်သည်ကား ရှာဖေအီဆီမှတင်ပြထားသောအချက်ဖြစ်ပါသည်။၎င်းအနေဖြင့်ပြောကြားသည်မှာ-

 

لا أعلم شيئاً أحل الله ثمّ حرّمه ثمّ أحلّه ثمّ حرّمه إلاّ المتعة

 

ကျွန်တော်အနေဖြင့်မိုသာမှအပအလ္လာဟ်ဟိုအရှင်မြတ်သည်တစ်နေ့၌ ဟလာဟ်ပြုလုပ်ပြီး၊နောက်ဟရမ်သတ်မှတ်၏။နောက်တစ်ခါဟလာလ်ပြုလုပ်ပြီး၊ဟရမ်သတ်မှတ်ထားကြောင်းအကြောင်းအရာများကိုပါသတ်မှတ်ထားကြောင်း မသိရှိပေ။[6]

 

 

အဗ်နေဟဂ်ျအနေဖြင့်စူဟိုင်းလီမှတစ်ဆင့်မိုသာအားခိုင်ဗဲရ်နေ့၌ဟ

ရမ်ဖြစ်ကြောင်းသတ်မှတ်ခဲ့ခြင်းနှင့်ပက်သက်ပြီးမည်သည့်သမိုင်းပညာရှင်၊

ဟဒီးစ်ပညာရှင်များအနေဖြင့်တင်ပြထားခြင်းမရှိကြောင်းတင်ပြထားခြင်းဖြစ်ပါသည်။[7]

၇။တမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်၌မိုသာသည်ဟလာဟ်ဖြစ်ခဲ့ပြီးနောက်အိုမရ်အနေဖြင့်ဟရမ်ပြုလုပ်ခဲ့ကြောင်းအဟ်လေစွန္နတ်၏တိကျခိုင်လုံသောကျမ်းစဟီးမွတ်စလင်၌ပါရှိပါသည်။

အဗ်နေအသီးနဇ်ရဟ်အနေဖြင့်တင်ပြသည်မှာ-ကျွန်ုပ်အနေဖြင့်ဂျနာဗေဂျဘေအဗ်နေအဗ်သွလ္လာဟ်အန်စာရီထံ၌ရှိနေချိန်တွင်၎င်းမှမိန့်ကြားတော်မူသည်မှာ-အဗ်နေအဘာစ်နှင့်အဗ်နေဇိုဟရ်အကြားမိုသာယေနေစာနှင့်မိုသာယေဟဂ်ျတို့သည်ပတ်သက်ပြီးကွဲလွဲမှုရှိပေသည်။

ကျွန်တော်အနေဖြင့်အသင်(ဂျနာဗေဂျာဘေအဗ်နေအဗ်သွလ္လာဟ်အန်စာရီ)မည်ကဲ့သို့သုံးသပ်ပါမည်နည်းဟုမေးခဲ့၏။အဖြေပေးသည်မှာ-ကျွန်ုပ်အနေဖြင့်၎င်းမိုသာနှစ်မျိုးစလုံးကိုတမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်၌ကျင့်သုံးခဲ့ပါသည်။အိုမာရ်အနေဖြင့်ဟရမ်ဟုသတ်မှတ်လိုက်မှသာမကျင့်သုံးခဲ့ခြင်းဖြစ်ပါသည်။[8]

ဤကဲ့သို့ထင်ရှားပြတ်သားသောအထောက်အထားရှိသည်ကြားမှပင်တမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်၌မိုသာဟရမ်ဖြစ်ခဲ့သည်ဟုဆို

နိုင်ပါသလား?

 

မည်သူကမိုသာကိုဟရမ်အဖြစ်သတ်မှတ်ခဲ့ပါလဲ?

ကျွန်ုပ်အနေဖြင့်ဂျနာဗေဂျာဘေ၏ကျော်ကြားသောရီဝါယသ်တစ်ပါးကို တင်ပြခဲ့ပါသည်။၎င်းရီဝါယသ်ကိုအချို့ကျော်ကြားသောစွန်နီဖေကာသာသနာ့ ပညာရှင်များ၊ဟဒီးစ်ပညာရှင်များ၊သဖ်စီးပညာရှင်များအနေဖြင့်မိမိတို့၏ကျမ်းများ၌ဒုတိယခလိဖွာ၏စကားအတိုင်းအချို့ဝါကျများကိုအောက်တွင်ဖေါ်ပြထားပါသည်။

 

متعتان كانتا مشروعتين فى عهد رسول الله(صلى الله عليه وآله) و أنا أنهى عنهما متعة الحجّ و متعة النساء

 

((တမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်၌မိုသာနှစ်မျိုးနှစ်စားသည်အလေ့အထရှိခဲ့ပါသည်။မိုသာဟဂ်ျသာမသိုနှင့်နေစာဖြစ်ပြီး၎င်းနှစ်ခုစလုံးကိုကျွန်ုပ်အနေဖြင့်ဟရမ်ဟုသတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။))

          ဤဟဒီးစ်တော်ကိုအခြားစနသ်များ၌တွေ့ရသည်မှာ၎င်းမိုသာနှစ်ခုကိုကျင့်သုံးသူအားအပြစ်ဒဏ်ပေးပါမည်ဟုသောဝါကျပင်ဖြစ်ပေသည်။

ဟဂ်ျသာမသိုဆိုသည်မှာဟဂျီအနေဖြင့်ပထမဦးစွာအိုမရာပြုလုပ်ရမည်။ထို့နောက်အဟ်ရမ်ဝတ်ဆင်ပြီးနောက်ကာလကြာရှည်(သို့)အတို၊ပြီးနောက်ဟဂ်ျအတွက်ဒုတိယအကြိမ်အဟ်ရမ်ဝတ်ဆင်ခြင်းကိုခေါ်ဆိုပါသည်။

ဤဟဒီးစ်တော်သည်ကျော်ကြားသောဟဒီးစ်တော်ဖြစ်ပြီးအနည်းငယ်သောကွာခြားမှုကွဲပြားမှုနှင့်အတူအိုမာရ်အနေဖြင့်လူထုအားမင်ဘဲရ်ပေါ်မှဟောကြားခဲ့ခြင်းဖြစ်ပါသည်။ကျွန်ုပ်အနေဖြင့်ဤနေရာ၌၎င်းဟဒီးစ်နှင့်ပက်သက်ပြီးအဟ်လေစွန္နတ်၏အကိုးအကားအရကျမ်းကိုတင်ပြပါမည်။

၁။ مسند احمد، جلد 3، صفحه 325

၂။سنن بيهقى، جلد 7، صفحه 206

၃။المبسوط سرخسى، جلد 4، صفحه 27

၎။المغنى ابن قدامه، جلد 7، صفحه 571

၅။محلى ابن حزم، جلد 7، صفحه 107

၆။كنزالعمّال، جلد 16، صفحه 521

၇။تفسير كبير فخر رازى، جلد 10، صفحه 52

 

=       =       =

 

ဤဟဒီးစ်တော်၏အကူအညီဖြင့်မြောက်မြားစွာသောပြဿနာများအတွက်အဖြေထွက်လာပါသည်။

 

၁။ပထမခလီဖာလက်ထက်၌မိုသာဟလ္လာဟ်ဖြစ်ခဲ့ပါသည်။

မိုသာသည်တမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်တွင်သာမက

ပထမခလီဖာလက်ထက်၌လည်းလုပ်ပိုင်ခွင့်ရှိခဲ့ပါသည်။သို့သော်ဒုတိယခလီဖာအနေဖြင့်သတ်မှတ်ခဲ့ပါသည်။

၂။ခိုင်လုံသောအထောက်အထားရှိလျက်ကိုယ်ပိုင်ထင်မြင်ချက်ကိုသုံးထားခြင်းဖြစ်ပါသည်။

ဒုတိယခလီဖာအနေဖြင့်တမန်တော်မြတ်ကြီး(ဆွ)၏ခွင့်ပြုချက်အထောက်အထားအခိုင်အလုံရှိလျက်၌ပင်ဥပဒေအသစ်ကိုရေးဆွဲသည့်သတ္တိပြခဲ့ပေသည်။အမှန်တကယ်ကျမ်းတော်မြတ်ကုရ်အာန်၏မိန့်ဆိုထားသည်မှာ-

وَمَا آتَاكُمُ الرَّسُولُ فَخُذُوهُ وَمَا نَهَاكُمْ عَنْهُ فَانْتَهُوا [i]

 

“မည်သည့်အရာမဆိုတမန်တော်မြတ်ကြီး(ဆွ)ပေးလျှင်ယူလိုက်ပါ။တားမြစ်

လျှင်မကျင့်သုံးပါနှင့်။”[9]

တမန်တော်မြတ်ကြီး(ဆွ)မှအပအခြားသူများ၌လည်းအလ္လာဟ်အရှင်မြတ်၏ဥပဒေသများပါဝင်ရောက်စွက်ဖက်ပိုင်ခွင့်ရှိပါသလား?

အကြင်သူတစ်ဦးတစ်ယောက်သည်ကိုယ်တော်(ဆွ)ကတော့ဒီလိုလုပ်ခဲ့တယ်။ငါတော့ပြောင်းမည်ဟုပြောပိုင်ခွင့်ရှိပါသလော!

အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များနှင့်ဆက်သွယ်ပက်သက်နေသောထင်ရှားပြတ်သားသည့်အထောက်အထားအခိုင်အလုံရှိနေပါလျက်

ကိုယ်အထင်သုံးလို့ရပါသလား?

အမှန်တကယ်ပြောရလျှင်တမန်တော်မြတ်ကြီး(ဆွ)၏အမိန့်ဩဝါဒတော်များကိုဆန့်ကျင်နေသည်မှာအံ့ဩစရာ၊အံ့အားသင့်စရာပင်ဖြစ်ပါသည်။

အကယ်၍ထင်ရှားပြတ်သားစွာခိုင်လုံသောသက်သေအထောက်အထားရှိပါလျက်မိမိကြိုးစားမှု၊ထင်မြင်ချက်အတွက်လမ်းဖွင့်ပေးရမည်ဆိုပါကဤကဲ့သို့လုပ်လို့မရကြောင်းသက်သေပြရန်အထောက်အထားရှိပေသည်။

အဂ်ျသေမဒ်မိမိကြိုးပမ်းမှုဖြစ်ထင်ကြေးပေးမှုသည်တစ်ဦးတစ်ယောက်သာလျှင်လုပ်ပိုင်ခွင့်ရှိပါသလော!အခြားသူလုပ်လို့မရပါသလော!

အရေးကြီးသောကိစ္စတစ်ခုဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော-ထင်ရှားခိုင်လုံသော၊ရှင်းလင်းပြတ်သားသောသက်သေအထောက်အထားရှိပါလျက်နှင့်အဂ်ျသေမဒ်ကိုသုံးမည်ဆိုလျှင်အလ္လာဟ်အရှင်မြတ်၏ဥပဒေသများသည် ဖျက်ဆီးမှုမှကင်းရန်လွယ်ကူမည်မဟုတ်ချေ။

အမြဲရှင်သန်နေသောအစ္စလာမ်ဥပဒေအမိန့်များအခြေနဲလှပေမည်။တစ်နည်းဆိုရလျှင်အစ္စလာမ်ဥပဒေအမိန့်များအတွက်အန္တရာယ်ဖြစ်လာနိုင်ပါသည်။

၃။အိုမာရ်အားဆန့်ကျင်ရသည့်အကြောင်းအရင်းအဘယ်ကြောင့်

အိုမာရ်အနေဖြင့်တမန်တော်မြတ်ကြီး(ဆွ)၏အမိန့်ဩဝါဒတော်များကိုသွေဖည်ဆန့်ကျင်ခဲ့ပါသနည်း?

သွေဖည်ဆန့်ကျင်ရသည့်အကြောင်းတစ်ခုသည်ကား-လူထုအနေဖြင့်ဟဂ်ျပြုရန်လာကြ၏။ဟဂ်ျနှင့်အိုမရာပြုပြီးနောက်အဟ်ရမ်ချွတ်ကြပြီးမိမိတို့၏ဇနီးများနှင့်အတူစပ်ယှက်ကြသောကြောင့်ဖြစ်ပေသည်။ဤကဲ့သို့ဟဂ်ျသာမသိုဖြစ်နောက်ရက်အနည်းငယ်လွတ်လပ်ခွင့်ရပါသည်။

ဒါမကောင်းဘူးလား? ဟဂ်ျဝိညဉ်အတွက်မသင့်တော်ပါသလော?

အမှန်တော့ပျက်ပြယ်သောတွေးတောမှုတစ်ခုပင်ဖြစ်ပေသည်။အဘယ်ကြောင့်ဆိုသောဟဂ်ျနှင်အိုမရာသာကျင့်စဉ်တစ်ခုစီဖြစ်ပြီး၎င်းတို့အကြား၌ ၁လအထိအချိန်ဆွဲလိုရပေသည်။

မွတ်စလင်များအားလုံးအနေဖြင့်ရှောင်ဝါလ်နှင့်ဇီးလ်ဟဂ်ျလမြတ်များ၌မက္ကာဟ်ရွှေမြို့တော်သို့ခရီးထွက်ကာအိုမရာပြုလုပ်ပြီးဇီးလ်ဟဂ်ျလ(၈)ရက်နေ့ထိလွတ်လပ်စွာနေရပြီး၊ထို့နောက်ဟဂ်ျပြုလုပ်ရန်အတွက်စည်းကမ်းများစောင့်ထိန်းရမည်ဖြစ်ပြီးအရ်ဖာကွင်းပြင်ဘက်သို့ခရီးထွက်ရပါသည်။

ဤအတွက်ကြောင့်ဘယ်လိုအခက်အခဲရှိပါသလဲ?

အချို့လူများ၏စဉ်းစားပုံသည်မိုသာနှင့်ပက်သက်ပြီးဤကဲ့သို့ဖြစ်၏။အကယ်၍မိုသာကိုပြုလုပ်ပိုင်ခွင့်ပြုလိုက်ပါကဇေနားကိုသတ်မှတ်ရန်ခက်ခဲသွားပေမည်။အကြောင်းသည်ကား မည်သည့်အမျိုးသားမဆို သူစိမ်းအမျိုးသမီးနှင့်အတူ တွေ့ရချိန်၌ကျွန်တော်တို့မိုသာဖတ်ထားပါသည်ဟုလိမ်ညာပြောဆိုလိုရပေသည်။

ဤနည်းဖြင့်ဇေနာကိုအားပေး၊အားမြောက်လုပ်ပြီးကျယ်ပြန့်အောင်လုပ်သည်နှင့်တူသွားပေမည်။မိုသာကိုဖတ်ရန်ခွင့်ပြုမည်ဆိုလျှင်ဇေနာများလာမည်။သန့်ရှင်းသူနည်းသွားမည်။

ဤစဉ်းစားတွေးခေါ်မှုသည်ပထမတွေးခေါ်ထင်မြင်သုံးသပ်မှုထက်အားပိုနည်းပါသည်။အဘယ်ကြောင့်ဆိုသောကျွန်ုပ်အနေဖြင့်ပထမ၌အမြဲနေကာဟ်လုပ်ဖို့စွမ်းအားမရှိသောလူငယ်၊လူရွယ်များ၊ဇနီးနှင့်ဝေးနေသောလူငယ်၊လူရွယ်များသည်မိုသာနှင့်ဇေနာလမ်းနှစ်သွယ်ပေါ်၌ရပ်နေသည်ဟုဆိုထားသောကြောင့်ဖြစ်ပါသည်။

အကယ်၍မိုသာ(ခ)ယာယီနေကာဟ်အားအထူးစည်းမျဉ်း၊စည်းကမ်းများဖြင့်ဆောင်ရွက်ရသည့်ကိစ္စကိုဟရမ်ဟုအခုသတ်မှတ်လိုက်ပါကမ

လွဲမသွေလူထုအနေဖြင့်ဟရမ်အလုပ်များ၊မသန့်ရှင်း၊မသန့်ပြန့်သည့်လုပ်ငန်းများမလွဲမသွေလုပ်ဆောင်လာကြမည်ဖြစ်ပေသည်။

ထို့အတွက်ကြောင့်မောင်လာအလီ(အ.စ)၏ကျော်ကြားသောဟဒီးစ်တော်လာရှိပေသည်။

نَهَى النَّاسَ عَنِ الْمُتْعَةِ مَا زَنَى إِلاّ شَقِىلَوْ لاَ أنّ عُمَر                                                                                          

 

အဓိပ္ပာယ်။။“အကယ်၍အိုမာရ်သာမိုသာကိုမတားမြစ်ခဲ့ဘူးဆိုလျှင်မသမာသူယုတ်မာမှအပဇေနာကျူးလွန်မည်မဟုတ်ချေ။”[10]

၎။မိုသာအားတားမြစ်ခြင်းနှင့်ပက်သက်ပြီးကွဲလွဲမှုများ။

အထက်ပါဟဒီးစ်တော်အားမြောက်များစွာသောစွန်နီဟဒီးစ်ပါမောက္ခများ၊သဖ်စီးပညာရှင်များအနေဖြင့်တင်ပြထားပါသည်။ဤအချက်ကို

ကြည့်ခြင်းဖြင့်မိုသာသည်အိုမာရ်လက်ထက်၌တားမြစ်ခဲ့ကြောင်းထင်ရှားသွားပေသည်။

တမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်၌မဟုတ်ကြောင်း၊ဤအတွက်မြောက်များစွာသောရီဝါယသ်တော်များအကိုးအကားများရှိပေသည်။

သာဓကအားဖြင့်

(က)ကျော်ကြားလှသောဟဒီးစ်ပါရဂူသေးရ်မေဇီးအနေဖြင့်တင်ပြသည်မှာ-

ဆီးရီးယားနိုင်ငံသားတစ်ယောက်သည်မိုသာနှင့်ပက်သက်ပြီးအဗ်သွလ်လ္လာဟ်အဗ်နေအိုရ်မာအားမေးမြန်းရာ-၎င်းအနေဖြင့်ဟလ္လာဟ်ဖြေကြားသည်၊ဒုတိယအကြိမ်၊၎င်းဆီးရီးယားနိုင်ငံသားသည်လူကြီးမင်း၏ဖခင်အားဟရမ်ဟုမသတ်မှတ်ထားပါသလောဟုထပ်မေးမြန်းရာဖြေကြားသည်မှာ-

 

أبىأرأيت إن كان أبى قد نهى عنها و قد سنّها رسول الله، أنترك السنّة و نتبع قول                                                                                           

“အကယ်၍ငါအဖေကတမန်တော်မြတ်ကြီး(ဆွ)၏စွန္နတ်တော်အဖြစ်သတ်မှတ်ထားသောအရာကိုတားမြစ်ခဲ့လျှင်၊ငါအဖေသည်တမန်တော်မြတ်ကြီး(ဆွ)၏ စွန္နတ်တော်အားချိုးဖေါက်မှုလမ်းစဉ်ကိုငါလိုက်ရမည်လော!”[11]

(ခ)စဟီးမွတ်စလင်အတွင်း၌ဂျနာဗေဂျာဘေအဗ်နေအန်စာရီ၏မိန့်ဆိုထားသောရီဝါယသ်တော်တစ်ပါးကိုတင်ပြထားပါသည်။

“ကျွန်ုပ်တို့အနေဖြင့်တမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်၌စွန်ပလွန်သီး၊ဂျုံမှုန့်အနည်းငယ်ကိုမဟာငွေအဖြစ်ပေးဆောင်ပြီးရက်အနည်းငယ်အတွက်မိုသာဖတ်ခဲ့ကြသည်။ဤအလုပ်အားအဘူဘာကဲရ်လက်ထက်အထိလုပ်ဆောင်ခဲ့ကြသည်။ သို့သော်အိုမာရ်အနေဖြင့်အိုမာရ်ဘင်အရီးစ်၏အဖြစ်အပျက်ပြီးနောက်ဟရမ်အဖြစ်သတ်မှတ်ခဲ့ပေသည်။[12]

(ဂ)ဤကျမ်းတော်၏နောက်တစ်နေရာ၌ဟဒီးစ်တော်တစ်ပါးလာရှိသည်မှာ-တစ်နေ့၌ဂျနာဗေအဗ်နေအဘာစ်နှင့်အဗ်ဒွရ်ဇိုဗိုင်းရ်အကြားမိုသာ နေစာနှင့်၊ဟဂ်ျဂျေသာမသိုလ်တို့ပက်သက်ပြီးကွဲလွဲမှုများဖြစ်ပွားခဲ့၏။

(ထို့အတွက်ဂျနာဗေအဗ်နေအန်စာရီအားအဆုံးအဖြတ်ပေးရန်မေတ္တာရပ်ခံခဲ့သည်။)ဂျနာဗေဂျဗေရ်အနေဖြင့်ကျွန်ုပ်တို့သည်မိုသာနှစ်မျိုးစ

လုံးကိုတမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်၌ကျင့်သုံးခဲ့ပါသည်။ထို့နောက်အိုမာရ်ကဟရမ်အဖြစ်သတ်မှတ်ခဲ့သဖြင့်မကျင့်သုံးရတော့ချေ။[13]

(ဃ)အဗ်နေအဘာစ်သည်၎င်းအား(حبر الأمّة )(အစ္စလာမ်အွန်မသ်အတွက်အာလင်နှင့်ပညာရှင်)ဟုသောဘွဲ့ရရှိထားသူဖြစ်ပါသည်။၎င်းသည်မိုသာအားတမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်၌ဟရမ်မဟုတ်ခဲ့ကြောင်းလက်ခံသူများစာရင်း၌ပါဝင်ပေသည်။

အဘယ်ကြောင့်ဆိုသော၎င်းနှင့်အဗ်သွလ္လာဟ်အဗ်နေဇိုဗိုင်းရ်အကြားဤကိစ္စနှင့်ပက်သက်ပြီးအငြင်းအခုံဖြစ်ခဲ့သောကြောင့်ဖြစ်ပေသည်။

အဗ်သွလ္လာဟ်အဗ်နေဇိုဗိုင်းရ်မက္ကာဟ်ရွှေမြို့တော်တွင်ရှိနေသည့်ကာလ၌တစ်နေ့လူထုအကြား၌အသံကြားရသည်မှာ၎င်းအချိန်၌အဗ်နေအဘာစ်လည်းရှိနေပေသည်။

အချို့သူများ၏နှလုံးသားကိုအလ္လာဟ်ဟိုအရှင်မြတ်သည်၎င်းတို့၏မျက်လုံးကိုကန်းအောင်ပြုလုပ်ထားသလို၊နှလုံးသားကိုလည်းဖျောက်ကွယ်

ထားပေသည်။(ဆိုလိုသည်မှာ-မျက်စိမမြင်ရုံတင်မကဘဲစဉ်းစားဥာဏ်ပါမရှိသူဖြစ်ပေသည်။)ဤအတွက်ကြောင့်မိုသာဖတ်လိုရသည်ဟုဖသ်ဝါပေးနေသည်။၎င်းတို့၏ပြောဆိုလိုသူသည်အဗ်နေအဘာစ်ဖြစ်ပေသည်။(ထိုအချိန်၌အဗ်နေအဘာစ်သည်ကန်းနေသူ၊မျက်မမြင်တစ်ဦးဖြစ်ပေသည်။)

ဤစကားကိုကြားသည်နှင့်တစ်ပြိုင်နက်အဗ်နေအဘာစ်သည်မတ်တပ်ရပ်ထားပြီးမိန့်တော်မူ၏။“အသင်ဟာနားမလည်သူတစ်ဦးဖြစ်ပေတယ်။အကျွန်ုပ် အသက်၏ကစမ်၊ကျွန်ုပ်တို့သည်တမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်၌သာ ဤအလုပ်ကိုလုပ်ဆောင်ခဲ့ကြပေသည်။”

          အဗ်နေဇိုဗိုင်းရ်သည်တမန်တော်မြတ်ကြီး(ဆွ)ကိုမလေးစားတော့ဘပြန်ပြော၏။“အခုအချိန်၌လုပ်ပြပါလား။ခိုဒါကစမ်ခဲနှင့်ပေါက်သတ်ပြမယ်။”[14]တစ်နည်းဆိုရလျှင်ခြိမ်းခြောက်ပြီးအဖြေပေးခဲ့ပေသည်။

ယေဘုယျအားဖြင့်အဗ်သွလ္လာဟ်အဗ်နေဇိုဗိုင်းရ်သည်ထိုအချိန်အခါ၌ဤကဲ့သို့အဖြေပေးရဲသည်မှာအာဏာရှိနေသောအချိန်ဖြစ်ပေသည်။မက္ကာဟ်မြို့တော်သည်သူ၏လက်ထက်၌ရှိနေပေသည်။ဤအတွက်ကြောင့်အဗ်နေအဘာစ်ကဲ့သို့သောသာသနာ့ပညာရှင်ကိုပင်၊ပူပန်စိုးရိမ်မှုမရှိဘဲ၊မလေးမစားပြန်ပြောရဲခဲ့ပေသည်။

အမှန်တကယ်အဗ်နေအဘာစ်သည်အသက်အားဖြင့်အဗ်သွလ္လာဟ်အဗ်နေဇိုဗိုင်းရ်၏အဖေအရွယ်ဖြစ်ပြီး၊ပညာအားဖြင့်မယှဉ်နိုင်ပေ။အကယ်၍ ပညာအရည်အချင်း တူပါသည်ဟုဆိုလျှင်လည်း၎င်းသည်အဗ်နေအဘာစ်အားဤကဲ့သို့မလေးမစားပြုပိုင်ခွင့်မရှိချေ။

အဘယ်ကြောင့်ဆိုသော်အကယ်၍တစ်ဦးတစ်ယောက်သည်ဤကိစ္စနှင့်ပတ်သက်ပြီးမိမိကိုယ်တိုင်၏ဖသ်ဝါအပေါ်ကျင့်သုံးမည်။နောက်မှားယွင်းကြောင်းသိမည်ဆိုလျှင်လည်းဤလုပ်ရပ်သည်   وطى به شبهه                     ဖြစ်ပေသည်။

လူတိုင်းوطى به شبههဆိုလိုခြင်းကိုသိပေသည်။ထိုအတွက်ကြောင့်ခဲဖြင့်ပေါက်သတ်ရသည့်ဆင့်ထိမရောက်သေးသဖြင့်ဤကဲ့သို့ကြိမ်းမောင်းခြင်းသည်အဓိပ္ပါယ်မဲ့သောလုပ်ရပ်တစ်ခုနှင့်၊ပညာမတတ်သောသူ၏လုပ်ရပ်ဖြစ်ပေသည်။သို့သော်လည်းပဲဤကဲ့သို့အပြုအမူသည်အဗ်သွလ္လာဟ်အဗ်နေဇိုဗိုင်းရ်ကဲ့သို့မသိ၊နားမလည်သူ၊မလေးမစားလုပ်သူ၊လူငယ်လုပ်သည်မှာအံ့ဩဖွယ်မဟုတ်ပေ။

စိတ်ဝင်စားစရာအချက်မှာရဂါဗ်သည်မိမိစာအုပ်محاضرات               တွင်တင်ပြထားသည်မှာအဗ်သွလ္လာဟ်အဗ်နေဇိုဗိုင်းရ်ကအဗ်နေအဘာစ်အားချိုးနှိမ်ပြီးပြောသည်မှာ-အဘယ်ကြောင့်မိုသာကိုဟလ္လာဟ်လိုသတ်မှတ်ရပါသနည်း?ဂျနာဗေအဗ်နေ အဘာစ် သည်အဖြေပေးသည်မှာ“မင်းအမေကိုသွားမေးကြည့်လို့ဖြေ၏။ ၎င်းသည်မိမိ၏အမေထံသွားပြီးမေးသောအခါအဖြေရသည်မှာ-

زمانى بود كه من متعه پدرت بودمما ولدتك الا فى المتعة; تولد تو در            

 

“ငါသည်မင်းကိုမိုသာဖြင့်မွေးခဲ့ခြင်းဖြစ်တယ်။”[15]

(င)အဟ်မဒ်အဗ်နေဟန်ဗဲရ်သည်မိမိ၏မိုစနတ်ကျမ်းတွင်အဗ်နေဟ

စီး(န)မှတဆင့်တင်ပြသည်မှာ-မိုသာနှင့်ပက်သက်သောအာယတ်ကုရ်အာန်ကျမ်းတော်၌လာရှိပါသည်။ကျွန်ုပ်တို့သည်လည်းလိုက်နာဆောင်ရွက်

ခဲ့ပါသည်။ပြီးနောက်တမန်တော်မြတ်ကြီး(ဆွ)ဝါဖသ်ဖြစ်သွားသည်အထိဖျက်သိမ်းသောအာယတ်မကျရောက်လာပေ။[16]

အထက်ပါရီဝါယသ်တော်များအပြင်တမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်၌မိုသာအမိန့်အားဖျက်သိမ်းခဲ့သည်ဆိုသောရီဝါယသ်တော်များလာရှိပေသည်။

အိုဝမ်းနည်းလေစွာ!ဖျက်သိမ်းခဲ့ကြောင်းရီဝါယသ်တော်များအားလုံးသည်တညီတညွတ်ထဲဖျက်သိမ်းခဲ့ချိန်ကိုဖေါ်ပြထားလျှင်ကောင်းလေစွ!သို့သော်ဖျက်သိမ်းခဲ့ချိန်ကိုတစ်ယောက်တစ်ချိန်ဖေါ်ပြထားပေသည်။

၁။အချို့ရီဝါယသ်တော်များ၌လာရှိသည်မှာမိုသာဖျက်သိမ်းကြောင်းအမိန့်သည်ခိုင်ဗရ်စစ်ပွ(ဟီဂျရီ၇ခုနှစ်)၌ကျခဲ့ကြောင်းဖေါ်ပြထားပါသည်။[17]

၂။အချို့ရီဝါယသ်တော်များ၌လာရှိသည်မှာတမန်တော်မြတ်ကြီး(ဆွ)သည်عام الفتح (ဟီဂျရီ၈ခုနှစ်)၌ဟလ္လာဟ်အဖြစ်မိုသာကိုခွင့်ပြုခဲ့ပြီးရက်အနည်းငယ်နောက်ပိုင်းတားမြစ်ခဲ့ကြောင်းဖေါ်ပြထားပါသည်။[18]

 

 

၃။ အချို့ရီဝါယသ်တော်များ၌လာရှိသည်မှာမက္ကာဟ်မြို့အနီးရှိဟဝါဇန်းမြေ၌ဖြစ်ပွါးခဲ့သောအိုသာစ်စစ်ပွဲပြီးနောက်(၃)ရက်သာမိုသာဖတ်ခွင့်ပေး

ခဲ့ပြီးနောက်ပြန်ပိတ်ခဲ့သည်ဟုလာရှိပါသည်။[19]

အကယ်၍ကျွန်ုပ်ထံ၌အားလုံးသောရီဝါယသ်တော်များနှင့်ပတ်သက်ပြီး သုတေသနပြုနိုင်လျှင်ပို၍ကျယ်ကျယ်ပြန့်ပြန့်သိနိုင်ပြီးဖြစ်ပါသည်။သို့ဖြစ်ပါ၍အဟ်လေစွန္နတ်၏အကျော်အမော်သာသနာ့ပညာရှင်နူးရိုင်းသည်စဟီးမွတ်စလင်အဖွင့် ကျမ်း၌ တစ်ခုနှင့်တစ်ခုအချိတ်အဆက်ရှိသောရီဝါယသ်တော်(၆)ခုကိုတင်ပြ ပါမည်။

၁။မိုသာသည်ခိုင်ဗရ်စစ်ပွဲ၌ဟလ္လာဟ်ဖြစ်ပြီးနောက်ရက်အနည်းငယ်အတွင်းဟရမ်ဖြစ်သွားပေသည်။

၂။မိုသာعمرة القضاءတွင်ဟလ္လာဟ်ဖြစ်ပြီးနောက်မှဟရမ်ဖြစ်သွားပေသည်။

၃။မိုသာفتح مكّهအချိန်၌ဟလ္လာဟ်ဖြစ်ပြီးနောက်မှဟရမ်ဖြစ်သွားပေသည်။

၎။တမန်တော်မြတ်ကြီး(ဆွ)သည်မိုသာကိုသူဘူးက်စစ်ပွဲ၌ဟရမ်အဖြစ်သတ်မှတ်ခဲ့ပေသည်။

၅။မိုသာသည်ဟဝါဇ်စစ်ပွဲ၌ဟလ္လာဟ်ဖြစ်သွားပါ၏။

၆။မိုသာသည်တမန်တော်မြတ်ကြီး(ဆွ)၏နောက်ဆုံးဟဂ်ျ၌ဟလာဟ်ဖြစ်သွားကြောင်းဖေါ်ပြထားပါသည်။[20]

 

 

အထက်ပါကိစ္စနှင့်ပက်သက်ပြီးရှာဖေအီဟ်အဆိုအမိန့်သည်ပိုမို၍အံ့ဩဖို့ကောင်းပေသည်။

ကျွန်ုပ်အနေဖြင့်မိုသာအမိန့်မှလွဲ၍အလ္လာဟ်ဟိုအရှင်မြတ်အနေဖြင့်အရာကိစ္စတစ်ခုကိုဟလာဟ်အမိန့်ပေးပြီးနောက်ဟရမ်၊နောက်တစ်ခါဟလာဟ် သတ်မှတ်ပေးပြီးနောက်ဟရမ်သတ်မှတ်ခဲ့ကြောင်းမတွေ့ရသေးပေ။[21]

သုတေသီတိုင်းဤကဲသို့ဆန့်ကျင်ဘက်ရီဝါယသ်တော်များကိုလေ့လာသုံးသပ်ချိန်၌လုပ်ကြံထားသောရီဝါယသ်တော်အတုအပများကြောင်း၊နိုင်ငံရေး အရအခြားကစားထားသောကစားကွက်တစ်ခုဖြစ်ကြောင်းယုံကြည်မည့် အချက်ပင်ဖြစ်ပေသည်။

 

=       =       =

အကြောင်းဆုံးလမ်း

မည်သူမဆိုဤကဲ့သို့သောဆင့်ပြန်ချက်အဆိုများနှင့်ရင်ဆိုင်ရသည့်အခါအမှန်တရားကိုသိရှိရန်အတွက်မလွဲမသွေလေ့လာကြပေမည်။

သို့သော်လည်းပဲဤမိုသာကိစ္စနှင့်ပက်သက်ပြီးမည်ကဲ့သို့သောအခက်အခဲရှိနေပါသနည်း?ဤကဲ့သို့ဆန့်ကျင်ဘက်စကားစုများနောက်ဖေကာပညာရှင်တစ်ဦးသီးသန့်လမ်းရွေးချယ်ထားကြောင်းတွေ့နေရပါသနည်း?

အဘယ်ကြောင့်ဆိုသော်ဆန့်ကျင်ဘက်ရီဝါယသ်များညှိလို့ရပေသည်။

ဤကဲ့သို့ကွဲလွဲမှုများသည်နိုင်ငံရေးနှင့်ပက်ရန်အန္တရာယ်ရှိနေသောပြသာနာတစ်ခုခုကြောင့်ပေါ်ပေါက်လာသဖြင့်ဖြစ်ခဲ့ရသည်ဟုမဆိုနိုင်ပါသလော!ထို့ကြောင့်လည်းပဲအချို့ဟဒီးစ်တော်များကိုအကြံအဖန်ပြုလုပ်ပြီးအတုလုပ်ကာတမန်တော်မြတ်ကြီး(ဆွ)၏သာဝကတော်ကြီးများ၏အမည်ကိုအလွဲသုံးစားလုပ်ခဲ့ခြင်းဖြစ်ပေသည်။ဟဒီးစ်တော်များကို၎င်းတို့သည်တမန်တော်မြတ်ကြီး(ဆွ) ထံမှတစ်ဆင့်ပြတ်သည်ဟု(ပြောရဲ၊ရေးရ)ပြီးမစိုးရိမ်မကြောင့်ကြတော့ပေ။

နိုင်ငံရေးအတွက်သာလျှင်သီးသန့်ဖြစ်ကြောင်းအိုမာရ်သည်လူကြား၌ပြောခဲ့သောစကားအရသိနိုင်ပေသည်။

“ရစူလ်(ဆွ)၏လက်ထက်၌နှစ်ခုသောအရာသည်ဟလ္လာဟ်ဖြစ်၏။၎င်းနှစ်ခုကိုကျွန်ုပ်အနေဖြင့်ဟရမ်အဖြစ်သတ်မှတ်ပေမည်။နှစ်ခုအနက်မှတစ်ခုသည်ကား မိုသာဖြစ်ပေသည်။”

ဤမိန့်ဆိုမှုသည်လူထုအကြား၌မကောင်းသောအကျိုးသက်ရောက်မှုကိုဖြစ်စေခဲ့ပါသည်။

အကယ်၍ဤကဲ့သို့အွန်မသ်နှင့်အစ္စလာမ်ခလီဖွာများအနေဖြင့် (အဟ်ကမ်မေအစ္စလာမ်)အစ္စလာမ်ဥပဒေသများကိုပြောင်းလဲလာလျှင်တားမြစ်ထိန်းသိမ်းဖို့ကျွန်ုပ်တို့ထံ၌မည်သို့သောသက်သေအထောက်အထားမရှိ

ချေ။အဘယ်ကြောင့်ဆိုသောဤအလုပ်အားဒုတိယခလီဖာသာလျှင်လုပ်ဆောင်နိုင်ခွင့်ရှိသည်မဟုတ်ချေ။အခြားသူများလည်းလုပ်နိုင်ခွင့်ရှိပေသည်။

၎င်းတို့အနေဖြင့်တိကျခိုင်လုံသောသက်သေအထောက်အထားရှိလျက်နှင့်မိမိတို့ထင်ကြေးကိုပေးကြပေမည်။

ဤသို့ဖြစ်လျှင်အစ္စလာမ်ဥပဒေသများ၌ဝါဂျဗ်နှင့်ဟရမ်များကိုပြောင်းလဲမှုရှိလာပြီးအစ္စလာမ်သာသနာသည်တဖြည်းဖြည်းဖျက်ဆီးကွယ်ပျောက်သွားပေမည်။

ဤအတွက်ကြောင့်ဒုတိယခလီဖာ၏အမိန့်သည်ဆိုးကျိုးသက်ရောက်မှုကိုဖျက်သိမ်းနိုင်ဖို့အတွက်အချို့အနေဖြင့်တမန်တော်မြတ်ကြီး(ဆွ)လက်ထက်၌ပင်၎င်းအရာနှစ်ခုစလုံး(ဒုတိယခလီဖာတားမြစ်ထားသောအရာ)ဟရမ်ဖြစ်ခဲ့ပါသည်ဟုပြောဆိုခဲ့ကြ၏။

ဤအတွက်ကြောင့်ဟဒီးစ်အတုများကိုအစစ်ပုံသွင်း၍သာဝကတော်ကြီးဘက်မှရရှိသည်ဟုပြောဆိုရန်သတ္တိရှိလာကြသည်။အကြောင်းသည်ကားဤဟဒီးစ်တော်များသည်တစ်ခုနှင့်တစ်ခုမကိုက်ညီသည့်အပြင်ဆန့်ကျင်နေသဖြင့်အတုအယောင်များဖြစ်ကြောင်းထင်ရှားလာပါသည်။

အကယ်၍ဤကဲ့သို့မဟုတ်ပါကဆန့်ကျင်ဘက်ဟဒီးစ်တော်များကို တစ်နေရာတည်း စုစည်းတင်ပြဖို့မဖြစ်နိုင်ပေ။မည်မျှအထိပင်အလ္လာဟ်အရှင်မြတ်၏ဥပဒေ(အဟ်ကမ်)ကိုကလေးကစားစရာကဲ့သို့လုပ်ထားသည်ဆို

လျှင်အချို့ဖေကာပညာရှင်များအနေဖြင့်မိုသာအားဟရမ်၊ဟလ္လာဟ်၊မိုဘာ (၃)မျိုးစလုံးသုံးထားသောကြောင့်ဖြစ်ပေသည်။

တမန်တော်မြတ်ကြီး(ဆွ)လက်ထက်၌အခြေအနေအရ၊အမှန်တကယ်အရေးကြီးသောလိုအပ်ချက်ကိုဖြေရှင်းရန်အလို့ငှာမိုသာအားလုပ်ပိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။ဤလိုအပ်ချက်သည်ခေတ်တိုင်းအတွက်လိုအပ်နေမည်ဖြစ်ပါသည်။

(အကြောင်းသည်ကားလူတိုင်း၊လူတိုင်းသည်အခက်အခဲ၊အထွေ

ထွေကြောင့်အိမ်တောင်မပြုနိုင်သောကြောင့်ဖြစ်၏။ဤနေရာ၌ ကာမလိုက်စားသူ၊နီယသ်မကောင်းသူများမပါဝင်ပေ။)

ဘာသာပြန်ဆိုသူ

ယခုကျွန်ုပ်တို့ခေတ်အတွက်ပိုမို၍ပြင်းထန်စွာလိုအပ်လာပေသည်။အချို့လူငယ်၊လူရွယ်များသည်အနောက်နိုင်ငံများ၌ကြာရှည်စွာနေထိုင်ပြီးအလုပ်လုပ်နေရသောကြောင့်ဖြစ်ပါသည်။သို့ဖြစ်ပါ၍အဘယ်ကြောင့်ဟရမ်ဖြစ်ပါသနည်း?

ထိုကာလ တမန်တော်မြတ်ကြီး(ဆွ)အချိန်အခါ၌ အစ္စလာမ်လမ်းစဉ် ကနေ လမ်းလွဲ၊လမ်းမှားဖြစ်ပေမည်။အစီအစဉ်များမရှိခဲ့ချေ။ထိုအချိန်ခေတ် ကာလ၌ဟေဂျပ်မဝတ်သူအမျိုးသမီးများ၊ဟေဂျပ်ကိုပေါ့ပျက်ပျက်ဝတ်သူအမျိုးသမီးများ၊စာရိတ္တကိုပျက်ပြားစေသောရုပ်ရှင်များ၊ရုပ်မြင်သံကြား၊အင်တာနက်၊စလောင်းလိုင်းများ၊စာရိတ္တကိုပျက်ပြားစေသောစားသောက်ဆိုင်များ(နိုက်ကလပ် စသည်ဖြင့်)၊ စာရိတ္တကိုပျက်ပြားစေသောဝတ္တုစာအုပ်၊ ကာတွန်းစသည်ဖြင့် လူငယ်၊လူရွယ်များကိုလမ်းမှားစေသောအရာများမရှိသေးပေ။

ထိုကဲ့သို့(စာရိတ္တကိုပျက်ပြားစေသောအရာများဆက်သွယ်မှုများ)မရှိသေးသော ကာလ၌ပင်မိုသာအားလိုအပ်သောအရာတစ်ခုအဖြစ်သတ်မှတ်ပေးခဲ့လျှင်၊ယနေ့အခုလိုစာရိတ္တကိုပျက်ပြားနေသည့်ကာလ၌ဟရမ်ဖြစ်ပြီးလော! ဟရမ်ဖြစ်သွားပါသည်ဟုဆိုသောစကားသည် ဒဿနကျပါသလော!

အားလုံးသောစကားများကိုခေတ္တရပ်ဆိုင်းထားပါ။ဖေကာပညာရှင်အများစုသည်မိုသာကိုဟရမ်ဟုသတ်မှတ်ထားပြီး၊အုပ်စုတစ်စုသည်ဟလာဟ်ဟု သတ်မှတ်ထား၏။ထို့အတွက်ကြောင့်ကွဲလွဲသောဖေကာဥပဒေတစ်ခုဟုသတ်မှတ်နိုင်ပေသည်။သို့ဖြစ်ပါ၍ဟလ္လာဟ်ကိုခံယူထားသူများအနေဖြင့်မိမိ၏ဆန့်ကျင်ဘက်အုပ်စုအားအစ္စလာမ်မီး(န)အဟ်ကမ်အပေါ်မကျင့်သုံးသူများဟု စွပ်စွဲ၍မရ သလို၊ဟရမ်ဟုခံယူထားသူများအနေဖြင့်လည်းမိမိ၏ဆန့်ကျင်ဘက်အုပ်စုအားالعياذ باللهဇေနာ(တရားမဝင်နေကာ)လုပ်သူများ၊အားပေးသူများဟုစွပ်စွဲ၍မရပေ။

ကေယာမသ်နေ့၌အလ္လာဟ်ဟိုအရှင်မြတ်အားမည်သည့်အဖြေပေးမည်နည်း?

အများဆုံးပြောရလျှင်အေဂ်ျသေဟသ်၌အယူအဆကွဲလွဲမှုတစ်ခုသာဖြစ်ပေသည်။

ဖခ်ရေရစီးဤကဲ့သို့ကိစ္စမျိုးနှင့်ပက်သက်လာလျှင်၊အစွန်းရောက်သူဖြစ်ပေသည်။တယူသန်သူ၊လူမျိုးကြီးဝါဒီဖြစ်ပေသည်။၎င်းအနေဖြင့်မိမိ၏

သဖ်စီး၌ရေးသားထားသည်မှာ -

أنّها بقيتالسواد الأعظم من الأمّة إلى أنّها صارت منسوخة و قال السواد منهمذهب                                                                                              

               كانتكما                

“အွန်မသ်အများစုသည်မိုသာနှင့်ပက်သက်သောအမိန့်သာဖျက်သိမ်းခဲ့ရပြီဟုခံယူထားသော်လည်း၊အုပ်စုတစ်စုသည်မဖျက်သိမ်းခံရသေးကြောင်းယနေ့အထိပင်ခံယူထားပေသည်။[22]

တစ်နည်းဆိုရလျှင်ကွဲလွဲမှုရှိသောကိစ္စတစ်ခုဖြစ်ပါသည်။ဤနေရာ၌ကျွန်ုပ်အနေဖြင့်ဤမိုသာနှင့်ပက်သက်သည့်ဆွေးနွေးမှုကိုအဆုံးသတ်ပါမည်။

ကျွန်တော်အနေဖြင့်တစ်အုပ်စုနှင့်တစ်အုပ်စုမိမိတို့၏ဆန့်ကျင်ဘက်အုပ်စုအားမတရားစွပ်စွဲမည့်အလျင်နှင့်မတော်မတရားမပြောဖို့၊ပြောမည့်အရင်နောက်တစ်ကြိမ်ထပ်မံ၍(အသေအချာ၊တရားမျှမျှတတ)လေ့လာပြီးအဆုံးအဖြတ်ပေးဖို့မေတ္တာရပ်ခံပါသည်။

ဤကဲ့သို့ပြုလုပ်လျှင်၎င်းအနေဖြင့်မိုသာကိစ္စသည်ယခုအချိန်အထိအလ္လာဟ်ဟိုအရှင်မြတ်၏အမိန့်တစ်ခုဖြစ်ကြောင်း၊သတ်မှတ်ထားသောစည်းကမ်း၊စည်းမျဉ်းများ အရဟလ္လာဟ်ဖြစ်ကြောင်း၊မြောက်မြားစွာသောအခက်အခဲများအတွက်ဖြေရှင်းပေးသောအရာတစ်ခုဖြစ်ကြောင်းတွေ့ရမည်ဟုယုံကြည်ကြည်ဖြင့်ပြောနိုင်ပါသည်။

=       =       =

 

[1]အေမာမ်ဂျဖာရ်ဆွာဒစ်က်(အ.စ)မိန့်ကြေားတော်မူသည်မှာ-«لولا ما نهى عنها عمر ما زنى إلاّ شقىّ»ဖြစ်ပေသည်။(وسائل الشيعه، جلد 14، صفحه 440، حديث 24)
စွန်နီများ၏ကျမ်းဂန်အမြောက်အများ၌လည်းအထက်ပါဟဒီးစ်တော်သည်လာရှိပေသည်။မောင်လီအလီ(အ.စ)မိန့်တော်မူသည်မှာ- «لو لا ان عمر نهى عن المتعه ما زنى الاّشقىّ» ). 
تفسير طبري ج 5 ، صفحه 119 ، تفسير درالمنثور ج 2 ص 140 ، تفسير قرطبي ج 5 ص 30
[2] مجمع البيان، جلد 3، صفحه 60

 

[3]تفسير قرطبى، جلد 5، صفحه 120 و فتح الغدير، جلد 1، صفحه 449
[4] شرح صحيح مسلم، جلد 9، صفحه 191

 

[5] شرح صحيح مسلم، جلد 9، صفحه 191
[6] المغنى ابن قدامه، جلد 7، صفحه 572
[7] فتح البارى، جلد 9، صفحه 138
[8] صحيح مسلم، جلد 4، صفحه 59، حديث 3307، دارالفكر بيروت

 

[9] سوره حشر، آيه 7.  

 

[10] تفسير كبير فخر رازى، جلد 10، صفحه 50
[11] بلكه بهجاى اين حديث در صحيح ترمذى كه امروز در دسترس ماست به اين صورت وجود ندارد      
در كتاب شرحدهممتعة النساء متعة الحج آمده، ولى زين الدين معروف به شه
اللمعة الدمشقية، و سيّد بن طاووس از علماى قرن هفتم هجرى در كتاب الطرائف آن را در مورد  
متعة النساء آورده اند و به نظر مى رسد در نسخه هاى قديمى صحيح ترمذى به همين صورت بوده و
(!در نسخه هاى بعد به علل معلومى آن را تغيير داده اند! (و كم له من نظير                                                                                                                
[12] صحيح مسلم، جلد2، صفحه 131

 

[13] صحيح مسلم، جلد 2، صفحه 131

 

[14] صحيح مسلم، جلد 4، صفحه 59، حديث 3307، چاپ دارالفكر

 

[15] محاضرات، جلد 2، صفحه 214 و شرح نهج البلاغه ابن ابى الحديد، جلد 20، صفحه 130
[16] مسند احمد، جلد 4، صفحه 436
[17] درّ المنثور، جلد 2، صفحه 486
[18] صحيح مسلم، جلد 4، صفحه 133

 

[19] همان مدرك، صفحه 131
[20] شرح صحيح مسلم، از نووى، جلد 9، صفحه 191

 

[21] المغنى ابن قدامه، جلد7، صفحه 572
[22] تفسير كبير فخر رازى، جلد 10، صفحه 49

 

 =====================

251 /End