၆ ဇူလိုင် ၂၀၁၇ - ၁၆:၁၇
မောင်တောဒေသခံများ အကြမ်းဖက် အန္တရာယ်ကြောင့် အကြောက်တရားဖြင့် နေထိုင်ရဟုဆို

အကြမ်းဖက်ဘင်္ဂါ လီများ၏အန္တရာယ်ကို စိုးရိမ် ကြောက်လန့်နေရခြင်းကြောင့် မောင်တောဒေသခံတိုင်းရင်းသား များသည် လွတ်လပ်စွာ လုပ်ကိုင် စားသောက်ခွင့်မရဘဲ အကြောက် တရားဖြင့် သွားလာနေထိုင်နေရ ကြောင်း ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးထံတင်ပြခဲ့ကြသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကြမ်းဖက်ဘင်္ဂါ လီများ၏အန္တရာယ်ကို စိုးရိမ် ကြောက်လန့်နေရခြင်းကြောင့် မောင်တောဒေသခံတိုင်းရင်းသား များသည် လွတ်လပ်စွာ လုပ်ကိုင် စားသောက်ခွင့်မရဘဲ အကြောက် တရားဖြင့် သွားလာနေထိုင်နေရ ကြောင်း ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးထံတင်ပြခဲ့ကြသည်။

မောင်တော နယ်စပ်ဒေသ သို့ နှစ်ရက်ကြာရောက်ရှိလာ သော ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr.Filippo Grandi ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့နှင့် အောင်ဇေယျရွာ သားများ ဇူလိုင် ၄ ရက်က တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။

‘‘အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို ကြောက်နေရတာ ကြောင့် အပြင်ထွက်ပြီး အလုပ်လုပ်လို့ အဆင်မပြေတဲ့အကြောင်းကို တင်ပြခဲ့ပါတယ်။ ကုလဒုက္ခသည်မင်းကြီးကတော့ ဒုက္ခရောက် နေချိန်တွေမှာ ကူညီပေးဖို့ပြောခဲ့ပါတယ်’’ ဟု အောင်ဇေယျကျေးရွာမှ ရပ်မိရပ်ဖဦးဇော်ဇော်ဦးက ပြောသည်။ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၄ ရက်က အောင်ဇေယျ တိုင်းရင်းသားကျေးရွာနှင့် ကျီး ကန်းပြင်ဘင်္ဂါလီကျေးရွာသို့ သွား ရောက်ကာ ဘင်္ဂါလီဘာသာရေး ခေါင်းဆောင်အချို့နှင့်တွေ့ဆုံခဲ့ ပြီး ကုလအနေဖြင့် လိုအပ်သော အကူအညီများပေးရာ၌ နှစ်ဖက်အသိုင်းအ၀ိုင်းကို ကူညီပေးမည်ဟု ပြောကြားခဲ့သည်။

=====================
251/ End