အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အခွန်ရှောင်နေသူ များ၊ ပေါင်းစားပြီး ချမ်းသာနေသူ များကို စောင့်ကြည့်လေ့လာပြီး အခွန်ဆောင်စေခြင်းမျိုး ပြုလုပ် ကြရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ကို တိုက်တွန်းပြောကြားသည်။
ဇူလိုင် ၁၁ ရက် ပြည်ထောင် စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စု၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုဝန်ကြီး ဌာန အဖွဲ့အစည်းများ၏ ဒုတိယ ခြောက် လပတ်အခွန်ရငွေစာရင်း များအပေါ် ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ၏ လေ့လာစိစစ် တွေ့ရှိချက်များနှင့် သဘောထား မှတ်ချက် အစီရင်ခံစာနှင့်ပတ် သက်၍ ဝင်ရောက်ဆွေးနွေးရာ တွင် ဦးမျိုးဝင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘ကျွန်တော်တို့ အခွန်ရှောင် နေသူတွေ၊ ပေါင်းစားပြီး ချမ်းသာ နေတဲ့သူတွေ၊ ဘာလုပ်ငန်းမှ မပြ နိုင်ဘဲ ချမ်းသာနေသူတွေအပေါ် အခွန်ဆိုင်ရာ ကြီးကြပ်ခြစားမှု ဆိုင်ရာအဖွဲ့တွေနဲ့ စောင့်ကြည့် လေ့လာပြီး ဝင်ငွေရလမ်းမပြနိုင် ရင် အခွန်ဆောင်စေခြင်းဖြင့် ပြည် သူတွေရဲ့ အခွန်ဆောင်လိုစိတ်ကို လက်တွေ့အလုပ်နဲ့ ပြသသင့်ပါ တယ်’’ဟု မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈)မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြည်ထောင်စုလွှတ်တော်သို့ ပြော သည်။
အခွန်ဆိုင်ရာ ပြုပြင်ပြောင်း လဲရေးကို ဆောင်ရွက်နေသည့် အခါတွင် စနစ်ပြုပြင်ပြောင်းလဲ ရေးကို ဆောင်ရွက်နေသကဲ့သို့ အဖွဲ့အစည်းပြုပြင်ပြောင်းလဲရေး ကို ဆောင်ရွက်နေကြောင်း စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အထက်ပါဆွေးနွေးချက်နှင့် ပတ်သက်၍ ပြန်လည်ပြောကြား သည်။
‘‘အခွန်ဆောင်လိုသူထက် ရှောင်လိုသူကများနေတဲ့ကိစ္စများ မှာ အစိုးရ၊ လွှတ်တော်၊ ပြည်သူထဲ က လုပ်ငန်းရှင်များ၊ စားသုံးသူ များအားလုံး ပူးပေါင်းဆောင်ရွက် သွားကြခြင်းအားဖြင့် နိုင်ငံတော် အတွက် အခွန်ရငွေတိုးတက်ရရှိ ရေး၊ အခွန်ယဉ်ကျေးမှု တိုးတက် ထွန်းကားတဲ့ နိုင်ငံဖြစ်ရေးတို့ကို ဆောင်ရွက်သင့်ပါတယ်’’ဟု စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။
အခွန်ထမ်းဆောင်စေမည့် စနစ်သည် အဂတိတရားကင်းစင် စေရန် ဌာနအတွင်း ဆုပေး၊ ဒဏ်ပေးစနစ်ကို ကျင့်သုံးမည်ဖြစ် ကြောင်း ဦးမောင်မောင်ဝင်းက ပြောသည်။ ထို့အပြင် အခွန်ပြေစာမကပ်သည့် စားသောက်ဆိုင်များနှင့် အခြားရောင်းဝယ်သည့်ဆိုင်များကို အမြင့်ဆုံးဒဏ်ကြေး ကျပ် ၁၀ သိန်းအထိ ပေးဆောင်ရန် စီစဉ် နေကြောင်း ၎င်းက ပြောသည်။
‘‘ပြေစာမကပ်တဲ့ စား သောက်ဆိုင်နဲ့ အခြားရောင်းဝယ် တဲ့ ဆိုင်များမှာ ပြေစာမကပ်ဘူး ဆိုလို့ရှိရင် ကျွန်တော်တို့ သတင်း ပေးတဲ့စနစ်ကို လုပ်ထားပါတယ်။ သတင်းစနစ်မှာ သတင်းပေးခံရ တဲ့ဆိုင်ကို ဒဏ်ရိုက်ပါတယ်။ ဒဏ်ရိုက်တဲ့အခါမှာ ပထမအကြိမ်ဆို ရင် ငွေနှစ်သိန်းရိုက်ပါတယ်။ ဒုတိယအကြိမ် အတိုင်ခံရရင် ကျွန်တော်တို့ ငါးသိန်း၊ တတိယအကြိမ် အတိုင်ခံရရင် ခုနစ်သိန်း၊ စတုတ္ထအကြိမ် ၁၀ သိန်း စသည်ဖြင့် ကျွန်တော်တို့ ရိုက်ဖို့စီစဉ်ထားပါတယ်။ အဲဒီလို ရိုက်ပြီးရင်တော့ တရားဥပဒေအရ ဆက်လက်ပြီးအရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်’’ဟု ၎င်းက ဆက်ပြောသည်။
ပြည်ထောင်စု၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုဝန် ကြီးဌာန အဖွဲ့အစည်းများ၏ ဒုတိ ယခြောက်လပတ် အခွန်ရငွေစာ ရင်းများအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာ စိစစ်တွေ့ရှိချက်များနှင့် သဘော ထားမှတ်ချက် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်က အ တည်ပြုခဲ့သည်။
=====================
251/ End
လုပ်ငန်းမပြနိုင်ဘဲ ချမ်းသာနေသူများအပေါ်စောင့်ကြည့်လေ့လာပြီး အခွန်ဆောင်လာစေရန် အစိုးရကို လွှတ်တော်အမတ် တိုက်တွန်း
၁၄ ဇူလိုင် ၂၀၁၇ - ၁၉:၁၆
News ID: 842263
အခွန်ရှောင်နေသူ များ၊ ပေါင်းစားပြီး ချမ်းသာနေသူ များကို စောင့်ကြည့်လေ့လာပြီး အခွန်ဆောင်စေခြင်းမျိုး ပြုလုပ် ကြရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ကို တိုက်တွန်းပြောကြားသည်။ ဇူလိုင် ၁၁ ရက် ပြည်ထောင် စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စု၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုဝန်ကြီး ဌာန အဖွဲ့အစည်းများ၏ ဒုတိယ ခြောက် လပတ်အခွန်ရငွေစာရင်း များအပေါ် ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ၏ လေ့လာစိစစ် တွေ့ရှိချက်များနှင့် သဘောထား မှတ်ချက် အစီရင်ခံစာနှင့်ပတ် သက်၍ ဝင်ရောက်ဆွေးနွေးရာ တွင် ဦးမျိုးဝင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။