အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘာသာရေးလူနည်းစု များ ခွဲခြားဆက်ဆံခံနေရမှုများကို အစိုးရအဖွဲ့နှင့် အရပ်ဘက်အဖွဲ့ အစည်းတို့ ပူးပေါင်းဆောင်ရွက် ရန် လိုအပ်ကြောင်း လူ့အခွင့်အ ရေး ကာကွယ်စောင့်ရှောက်သူ များဖိုရမ်တွင် ဆွေးနွေးခဲ့သည်။
အစ္စလာမ်၊ ခရစ်ယာန်၊ဟိန္ဒူစသည့် ဘာသာရေးလူနည်းစုများ သည်လက်ရှိတွင် နည်းလမ်းတစ် ခုခုဖြင့် ခွဲခြားဆက်ဆံခံနေရခြင်း၊ ဖိနှိပ်ခံနေရခြင်းတို့မှ ကင်းလွတ် ကာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုရရှိလာစေရန် ရည်ရွယ်၍ ဆွေးနွေးပွဲဖိုရမ်ကို ဇူလိုင် ၂၇ရက်က ရန်ကုန်မြို့၌ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ဖိုရမ်(HRDF)ဖြစ်မြောက်ရေးအဖွဲ့ က ဦးဆောင်ကျင်းပခဲ့သည်။
လူနည်းစုဘာသာဝင်များ၏ လူ့အခွင့်အရေး အခြေခံဖြစ်သော လွတ်လပ်စွာ ကိုးကွယ်ယုံကြည် ပိုင်ခွင့်ရရှိစေရေး မည်သို့မြှင့်တင် ဆောင်ရွက်ရန်နှင့် နိုင်ငံသားအား လုံး တန်းတူအခွင့်အရေးရရှိစေ ရန် ဆောင်ရွက်ရာတွင် အရပ် ဘက်အဖွဲ့အစည်းများနှင့်အတူ အစိုးရအဖွဲ့ကပါ ပူးပေါင်းဆောင် ရွက်မှ ထိရောက်နိုင်မည်ဖြစ် ကြောင်း အဆိုပါဖိုရမ်ဖြစ်မြောက် ရေးအဖွဲ့တာဝန်ရှိသူဦးထူးကျော် ၀င်းက ပြောသည်။
‘‘လတ်တလောဖြစ်ရပ်ဆို ရင် ထီးချိုင့်ဒေသမှာ ခရစ်ယာန် ဘာသာဝင်တွေရဲ့ အိမ်ကိုခဲနဲ့ ပစ်ပေါက်တာမျိုး ဖြစ်ခဲ့တယ်။အစ္စလာမ် ဘာသာဝင်တွေဆိုရင် လည်းအလားတူပဲ။ ခွဲခြားဆက်ဆံခံနေရတာတွေရှိတယ်။အဓိက က နိုင်ငံတော်အစိုးရမှာ တာဝန်ရှိ တယ်။ ဖြေရှင်းဆောင်ရွက်ဖို့ အ ရပ်ဘက်အဖွဲ့အစည်းတွေက သူ့ နည်းသူ့ဟန်နဲ့ လုပ်နေကြပေမယ့် အာဏာရရှိပြီးဖြစ်တဲ့ အစိုးရ လောက်ထိရောက်မှုမရှိဘူး’’ ဟု ၎င်းကပြောသည်။
ယင်းဖိုရမ်ကို ၂၀၁၄ ဇူလိုင် ကစတင်ကာ လစဉ်စတုတ္ထပတ် တွင် ပြုလုပ်လေ့ရှိပြီး လူ့အခွင့် အရေးလှုပ်ရှားဆောင်ရွက်သူများ ကို ဖိတ်ကြားကာဆွေးနွေးခဲ့သည်။
ဘာသာရေးလူနည်းစုများ ၏ အခွင့်အရေးနှင့်ပတ်သက်၍ ဖိုရမ်တွင် ပါဝင်ဆွေးနွေးခဲ့သည့် ရွှေဝါရောင်ဆရာတော် အရှင် ဩဘာသက ‘‘မြန်မာနိုင်ငံထဲမှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးအားလုံး စိတ်ဝမ်းမကွဲဘဲ ညီညီညွတ်ညွတ် နဲ့ ဖြစ်လာမယ့်ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီး ဖြေရှင်း တတ်ဖို့ အရေးကြီးပါတယ်။ ဒါမှ ဘာသာရေးပဋိပက္ခတွေ မဖြစ်မှာ’’ ဟု မိန့်ကြားသည်။
ထို့အပြင် အစ္စလာမ်ဘာသာ ၀င်များ၏ ဗလီကျောင်းအတွင်း ၀င်ရောက်ဖျက်ဆီးခြင်း၊ စေတီ ပုထိုးများတည်ဆောက်ခြင်းနှင့် ခရစ်ယာန်ဘာသာဝင်များ၏ ဘု ရားကျောင်းများအတွင်း အလား တူ ပုံစံများပြုလုပ်နေခြင်းသည် ဘာသာရေးပဋိပက္ခကိုဖြစ်ပွားစေ ရန် အစပျိုးခြင်းဖြစ်၍ လူ့အခွင့်အရေး ခွဲခြားဆက်ဆံခံနေရခြင်းကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်သင့်ကြောင်း ယင်းဖိုရမ်တွင်ပါဝင်ဆွေးနွေးခဲ့သည့် လူငယ်နှင့် လူမှုသဟဇာတဖြစ်ရေးစင်တာမှ ကိုသက်ဆွေဝင်းက ဆိုသည်။
လူ့အခွင့်အရေးအခြေခံအ ချက်အလက်များကို လူထုသိရှိမှု နည်းပါးနေခြင်းကြောင့် လူထုအ ကြား ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိ နိုင်မည့် အသိပညာပေးလုပ်ငန်း များ ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
လစဉ်ပြုလုပ်သည့် လူ့အခွင့် အရေးကာကွယ်စောင့်ရှောက်သူ များဖိုရမ်အပြင် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်မည့် ဖိုရမ်တစ်ခုဖြစ်မြောက်ရန်လည်း ကြိုးစားဆောင်ရွက်နေကြောင်း HRDF အဖွဲ့မှ သတင်းရရှိသည်။
=====================
251/ End
၂၉ ဇူလိုင် ၂၀၁၇ - ၁၈:၀၂
News ID: 844915
ဘာသာရေးလူနည်းစု များ ခွဲခြားဆက်ဆံခံနေရမှုများကို အစိုးရအဖွဲ့နှင့် အရပ်ဘက်အဖွဲ့ အစည်းတို့ ပူးပေါင်းဆောင်ရွက် ရန် လိုအပ်ကြောင်း လူ့အခွင့်အ ရေး ကာကွယ်စောင့်ရှောက်သူ များဖိုရမ်တွင် ဆွေးနွေးခဲ့သည်။ အစ္စလာမ်၊ ခရစ်ယာန်၊ဟိန္ဒူစသည့် ဘာသာရေးလူနည်းစုများ သည်လက်ရှိတွင် နည်းလမ်းတစ် ခုခုဖြင့် ခွဲခြားဆက်ဆံခံနေရခြင်း၊ ဖိနှိပ်ခံနေရခြင်းတို့မှ ကင်းလွတ် ကာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုရရှိလာစေရန် ရည်ရွယ်၍ ဆွေးနွေးပွဲဖိုရမ်ကို ဇူလိုင် ၂၇ရက်က ရန်ကုန်မြို့၌ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ဖိုရမ်(HRDF)ဖြစ်မြောက်ရေးအဖွဲ့ က ဦးဆောင်ကျင်းပခဲ့သည်။