၃၀ ဇူလိုင် ၂၀၁၇ - ၁၈:၀၇
ပြည်မြို့ ကျောင်းပြင်ပမူလတန်း ပညာရေး အခြေစိုက်စခန်းများ ၌ ကျောင်းသား/ သူ ၁၂၅ ဦး အပ်နှံပြီးဖြစ်

ပြည်၊ ဇူလိုင် ၃၀ ။ ။ ယခု ၂၀၁၇-၁၈ ပညာသင်နှစ်အတွက် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့နယ်တွင် မူလတန်းပြင်ပ ပညာရေး အခြေစိုက်စခန်း ၇ ခုဖွင့်လှစ်နိုင်ခဲ့ရာ ကျောင်းအပ်နှံသူ ကျောင်းသား/သူ ၁၂၅ ဦး ရှိပြီဖြစ်ကြောင်း ပြည်မြို့နယ် ကျောင်းပြင်ပမူလတန်းပညာရေး ကြီးကြပ်ရေးမှူး ဦးကိုမြင့် က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပြည်၊ ဇူလိုင် ၃၀ ။         ။ ယခု ၂၀၁၇-၁၈ ပညာသင်နှစ်အတွက် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့နယ်တွင် မူလတန်းပြင်ပ ပညာရေး အခြေစိုက်စခန်း ၇ ခုဖွင့်လှစ်နိုင်ခဲ့ရာ ကျောင်းအပ်နှံသူ ကျောင်းသား/သူ ၁၂၅ ဦး ရှိပြီဖြစ်ကြောင်း ပြည်မြို့နယ် ကျောင်းပြင်ပမူလတန်းပညာရေး ကြီးကြပ်ရေးမှူး ဦးကိုမြင့် က ပြောသည်။

“ကျတော်တို့ ဘယ်အထိ တိုးချဲ့လက်ခံမလဲဆိုရင် ပထမနှစ်ဝက် ပထမပိုင်းကာလ မပြီးဆုံခင် စက်တင်ဘာ ၁၁ ရက်နေ့အထိ လက်ခံသွားမယ်”ဟု ပြည်မြို့နယ် ကျောင်းပြင်ပမူလတန်းပညာရေး ကြီးကြပ်ရေးမှူး ဦးကိုမြင့် က ပြောသည်။

ယခုနှစ်ဖွင့်လှစ်ခဲ့သော အခြေစိုက်စခန်း (၇)ခုမှာ ထခွဲ တီတွဒ် ၊ လခွဲ ဇီးအုပ် ၊ အမက ရွာသာကုန်း ၊ ဇရစ်ချောင် ၊ တောင်ကုန်းကျေးရွာ ၊ ၀င်္ကဘာ ဘက ၊ ကံသာ ဘုန်းတော်ကြီးကျောင်းတို့ဖြစ်ပြီး ဆရာဆရာမ ၁၂ ဦးဖြင့် ပညာသင်ကြားပေးမည် ဖြစ်သည်။ ဇူလိုင် ၃၀ ရက်တွင် ကံသာ အခြေစိုက်စခန်းကို ဖွင့်လှစ်ခဲ့သည်။

အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်ကျောင်းများတွင် မတက်နိုင်သူ  အသက်၁၀နှစ် မှ ၁၄နှစ်ကြား ကလေးငယ်များကို ကျောင်းပြင်ပ ပညာရေးအခြေစိုက်စခန်းများဖွင့်လှစ်ပြီး တစ်နေ့ ၂ နာရီခွဲ နှုန်းဖြင့် သင်ကြားပေးခြင်းဖြစ်သည်။

ပုံမှန်ကျောင်းများတွင် ငါးနှစ်သင်ယူရမည့်သ င်ခန်းစာများကို တန်းညှိ အစီအစဉ်အဖြစ် Level(1)၊ Level(2)ခွဲ၍ နှစ်နှစ်အပြတ် သင်ကြားပေးပြီး သင်ခန်းစာများကို အောင်မြင်သွားပါက အစိုးရကျောင်းများတွင် ပဉ္စမတန်းမှ စတက်နိုင်မည်ဖြစ်သည်။

၎င်းကျောင်းများကို ၂၀၀၈- ၂၀၀၉ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ -၂၀၁၇ ပညာသင်နှစ် အပြီးအထိ ပြည်မြို့မှ Level(2) အောင်မြင်သူ ကျောင်းသား ၉၁၀ ဦး ရှိခဲ့သည်။

=====================
251/ End