အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာဖဂန် နစ္စတန် နိုင်ငံ ဟရာသ်မြို့ ရှိ ရှီအာဗလီ အနီးတွင် ဗုံးပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ရာ အယောက် ၃၀ ထက်မနည်း သေဆုံးသွားကြောင်း ဆေးရုံး တစ်ရုံး မှ အသိပေးပြောကြားခဲ့ပါတယ်။
ဒေသဆိုင်ရာ သတင်းဌာနများ၏ အထောက်အထား အကိုးအကားများ အရ ဤပေါက်ကွဲမှု တွင် ၈ ဦး ဒဏ်ရာရခဲ့ကြောင်း အတိပြုထုတ်ပြန်ထားကြောင်း သိရ ပါတယ်။ အချို့ သတင်းဌာနများ၏ အထောက် အထား အကိုးအကားများ အရ ဒဏ်ရ ရှိသူများ နှင့် သေဆုံးသူများ ၏ အရေအတွက်မှာ တိုးပွား နိုင်ကြောင်း လည်း သိရှိရပါတယ်။
ဆေးရုံး၏ သတင်း ပေးချက်အရ သေဆုံး သွားသူများ အားလုံးသည် နမာဇ်ဝတ်ပြုနေချိန် တွင် ရှိနေပြီး အကြမ်းဖက်သမား တစ်ဦးမှ အသေခံ ဗုံးခွဲခဲ့ခြင်းကြောင်း ရှဟီးဒ် ဖြစ်ခဲ့ရကြောင်း သိရှိရ ပါ တယ်။
ဟရာသ်မြို့ရဲဌာန၏ ပြောရေးဆိုခွင့်ရှိသူ အဗ်ဒွလ္လာဟ် ဝလီ ဇါဒေဟ် မှ - ဤပေါက်ကွဲမှု ဖြစ်စဉ်တွင် အသေခံ ဗုံးခွဲသူမှာ တစ်ဦးတည်း မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်ထိ မည်သူ တစ်ဦးတစ်ယောက်မှ ဖြစ်စေ ၊ အဖွဲ့အစည်း တစ်ခုခု မှ ဖြစ်စေ မိမိတို့ ပြုလုပ်ကြောင်း မဝန်ခံ သေး ကြောင်း လည်း သတင်း ရရှိပါတယ်။
အာဖဂန်နစ္စတန် ဟရာသ်မြို့ ၏ ဗကရ်အာဗါဒ် အဝိုင်း ရှိ ဂျဝါဒီယာ အမည်ရှိ ရှီအာမွတ်စလင်မ် ဗလီ တွင် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့မှ လက်ရှိ အခြေအချိန်ထိ အဆိုပါ ဖြစ်ရပ်၍ ပတ်သက်ပြီး အသေးစိတ်ကို မထုတ်ပြန်သေးကြောင်း သိရပါတယ်။








