အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရွှေဘိုစက်မှုဇုန်ရှိ ကေတီ ဗီစားသောက်ဆိုင်တစ်ဆိုင်တွင် ဖုန်းအားသွင်းရာမှ ဝိုင်ယာရှော့ခ် ဖြစ်ကာ မီးလောင်ကျွမ်းမှု သြဂုတ် ၃ ရက်က ဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင် ခေတ္တမီးသတ်ဦးစီးမှူး ဦးညီ ညီဇော်က ပြောသည်။
‘‘ကေတီဗီစားသောက်ခန်း ထဲက အပေါ်မျက်နှာကြက်ရေမြုပ် တွေ မီးလောင်သွားတယ်’’ဟု ဦးညီညီဇော်က ပြောသည်။
ရွှေဘိုမြို့နယ် မီးသတ်စခန်း ၏အရှေ့ဘက် နှစ်မိုင်ခန့်အကွာ ရွှေဘိုစက်မှုဇုန်ရှိ ကေတီဗီစားသောက်ဆိုင်၏အလျား ပေ ၂၀၊ အနံ ၁၅ ပေရှိ သွပ်မိုး၊ သုံးထပ်သားကာ စားသောက်ခန်းအတွင်း မီးလောင်မှုဖြစ်ပွားသဖြင့် စား သောက်ခန်းအတွင်း ရေမြုပ်မျက် နှာကြက်များ တန်ဖိုးကျပ်တစ် သိန်းငါးသောင်းခန့် ပျက်စီးဆုံးရှုံး ခဲ့သည်။ မီးလောင်မှုဖြစ်ပွားရာသို့ ရွှေဘိုခရိုင် ခေတ္တမီးသတ်ဦးစီးမှူးဦးဆောင်၍ မီးသတ်ယာဉ် ခြောက်စီး၊ ရေသယ်ယာဉ်တစ်စီး နှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ဝိုင်းဝန်းငြှိမ်း သတ်ခဲ့သဖြင့် ကြာမြင့်ချိန် ၁၅ မိနစ်ခန့်တွင် လုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှတ် တမ်းများအရ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်၍ မီးပေါ့ဆစွာ သုံးစွဲခဲ့သော အသက်(၃၄)နှစ်အရွယ် ကေတီဗီ စားသောက်ဆိုင်ပိုင်ရှင်ကို ရွှေဘိုမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်စစ် ဆေးနေသည်။
=====================
251/ End
ရွှေဘိုစက်မှုဇုန်ရှိ ကေတီဗီစားသောက်ဆိုင် တစ်ဆိုင်တွင် ဖုန်းအားသွင်းရာမှ ဝိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင်မှုဖြစ်ပွား
၄ ဩဂုတ် ၂၀၁၇ - ၁၆:၀၈
News ID: 846155
ရွှေဘိုစက်မှုဇုန်ရှိ ကေတီ ဗီစားသောက်ဆိုင်တစ်ဆိုင်တွင် ဖုန်းအားသွင်းရာမှ ဝိုင်ယာရှော့ခ် ဖြစ်ကာ မီးလောင်ကျွမ်းမှု သြဂုတ် ၃ ရက်က ဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင် ခေတ္တမီးသတ်ဦးစီးမှူး ဦးညီ ညီဇော်က ပြောသည်။