အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရတ် တရားရုံး တစ်ခု မှ ရာနှင့်ချီ သည့် ထရိန်နင် ဆင်းနေသည့် စစ်သားများကို သတ်ဖြတ်ခဲ့သည့် စွဲချက် ဖြင့် အကြမ်းဖက် အစွန်းရောက် ၂၇ ဦး အား သေဒဏ် ချမှတ် ခဲ့ပါတယ်။
ဤ အကြမ်းဖက် အစွန်းရောက် ၂၇ ဦး သည် လွန်ခဲ့သည့် ၃ နှစ်အရင် က ရာနှင့်ချီ သည့် ထရိန်နင် ဆင်းနေသည့် အီရတ် စစ်သားလူငယ်များကို အစုလိုက် အုပ်လုပ် သတ်ဖြတ်ခဲ့သည့် ရာဇဝင်မှု ကြီး တွင် ပါဝင်ခဲ့သူများ ဖြစ်ကြပါတယ်။
IS အစ္စလာမ်ခုတုံးလုပ် အကြမ်းဖက် အစွန်းရောက်အဖွဲ့ မှ ၂၀၁၄ ခုနှစ်တွင် သက်ရီးသ် အဲအကယ်ဒမီကို တိုက်ခိုက်ခဲ့ပါတယ်။ ထိုအချိန် စစ်ထဲဝင်လူငယ်ပေါင်း ၁၇၀၀ ကို သတ်ဖြတ် ခဲ့ကြောင်း IS အစ္စလာမ်ခုတုံးလုပ် အကြမ်းဖက် အစွန်းရောက်အဖွဲ့ မှ ဝန်ခံ တာဝန်ယူခဲ့ပါတယ်။
လူအခွင့်အရေး အဖွဲ့ ၏ထုတ်ပြန်ကြေငြာချက်အရ အီရတ် စစ်သားလူငယ်များကို အစုလိုက် အုပ်လုပ် သတ်ဖြတ်ခဲ့သည့် ရာဇဝင်မှု ကြီး တွင် အသတ်ခံရသူ လူငယ် စစ်သားများ၏ အရေ အတွက် မှာ ၈၀၀ နီးပါးခန့် ရှိကြောင်း သိရှိခဲ့ရပါတယ်။
ပြီးခဲ့သည့် နှစ် ၂၀၁၆ခုနှစ် တွင်လည်း ဤ ရာဇဝတ်မှု တွင်ပါဝင်ခဲ့သည့် ရာဇဝတ် သားကောင် အကြမ်း ဖက် သမား ၃၆ ဦး ကို သေဒစ်ပေးချမှတ်၍ အပြစ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
===========
251 / End
၉ ဩဂုတ် ၂၀၁၇ - ၁၃:၄၄
News ID: 847158
အီရတ် တရားရုံး တစ်ခု မှ ရာနှင့်ချီ သည့် ထရိန်နင် ဆင်းနေသည့် စစ်သားများကို သတ်ဖြတ်ခဲ့သည့် စွဲချက် ဖြင့် အကြမ်းဖက် အစွန်းရောက် ၂၇ ဦး အား သေဒဏ် ချမှတ် ခဲ့ပါတယ်။