မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ)
انّ البیت اذا کثر فیه تلاوةالقرآن کثر خیره واتّسع اهله واضاء لاهل السّماء کما تضی ء نجوم السّماء لاهل الدّنیا
ဧကန်မုချ မည်သည်အိမ်တွင်မဆိုကျမ်းတော်မြတ်ကုရ်အာန် အားများများ ဖတ်ရွတ်(သေလာဝသ်) ပြုမည်ဆိုလျှင် ထိုသူအတွက် ကောင်းမှု များများ ရရှိမည် ဖြစ်ပါသည်။ အိမ်သူအိမ်သားများ အတွက် ( စားနပ်ရိက္ခာ ) ပေါများမှုကို ဖြစ်စေပါသည်။ မိုးကောင်းကင်ရှိသူများ အတွက် မိုးကောင်းကင်မှ ကြယ်တာရာများ မြေပထဝီရှိသူများ အတွက် လင်းလက်တောက်ပစေသကဲ့သို့ လင်းလက် တောက် ပစေပါသည်။
ကာဖီးကျမ်း 2/610/1
မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ)
الا من تعلّم القرآن وعلّمه وعمل بما فیه فانا له سائق الی الجنّة ودلیل الی الجنّة
သတိရှိကြပါလေ။ မည်သူမဆို ကျမ်းတော်မြတ်ကုရ်အာန် သင်ယူမည်။ ပြီးနောက် ၎င်း (ကျမ်းတော် မြတ်ကုရ်အာန်) ကိုသင်ကြားပို့ချပေးမည်။ ကျမ်းတော်မြတ်ကုရ်အာန်တွင်ပါသမျှ အပေါ် လက်တွေ့ ကျင့်သုံးမည် ဆိုလျှင် ကျွန်ုပ် သည် ၎င်းကို ဂျန္နသ် (သုခဘုံ) ဖက်သို့ ခေါ်ဆောင်သွား မည့်သူ၊ လမ်းပြမည့်သူ ဖြစ်ပါသည်။
ကန်ဇိုလ်အမါလ်ကျမ်း 1/531/2375
မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ)
یا بنّی لا تغفل عن قراء ة القرآن فانّ القرآن یحیی القلب وینهی عن الفحشاء والمنکر والبغی
အိုသားတော် … ကျမ်းတော်မြတ်ကုရ်အာန် အား သေလာဝသ် ပြုရန် ဂရုမစိုက်သလို မပြုပါနှင့် (မမေ့ပါနှင့်) ၊အကြောင်းမှာ ကျမ်းတော်မြတ်ကုရ်အာန် သည် နှလုံးသားအား ရှင်သန်စေပါသည်။ အဓမ္မမှု ၊မကောင်းမှုများ နှင့် ရက်စက်ဖိနှိပ်မှု ကို လည်း တားမြစ်ပေးပါသည်။
ကန်ဇိုလ်အမါလ်ကျမ်း 2/291/ 2375
မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ)
ان اردتم عیش السّعداء وموت الشهداء والنّجاة یوم الحسرة والظّلّ یوم الحرور والهدی یوم الضّلالة فادرسواالقرآن فانّه کلام الرحمان وحرز من الشّیطان ورجحان فی المیزان
အကယ်၍ အသင်အနေဖြင့် အောင်မြင်သူများ၏ ဘဝ ၊ ရှဟီးဒ်များ၏သေခြင်း ၊ ကေယာမသ် နေ့တွင် လွတ်မြောက်မှု ၊ ပူလောင်နေသည့်နေ့ အတွက်အရိပ် ၊ လမ်းလွဲလမ်းမှား သည့်နေ့ အတွက် လမ်းမှန် ကိုလိုချင်လျှင် ကျမ်းတော်မြတ်ကုရ်အာန် ကို သင်ယူ ဆည်းပူးပါလေ။ အကြောင်း မှာ ဤကျမ်းတော်မြတ်သည် ရဲဟ်မန် ၏ စကားရပ် ဖြစ်ပါသည်။ ရှိုင်တွန် နှင့်ရင်ဆိုင်ဖို့ ဒိုင် ဖြစ်ပြီး၊ မီးဇာန် (ကောင်းမှုမကောင်းကို ချိန်သည် ချိန်ခွင်) အတွင် (ကောင်းမှု) အလေးသာမှု ကို ဖြစ်စေ ပါ တယ်။
ဂျာမေအိုလ်အခ်ဗါရ် ကျမ်း 41
မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ)
اصدق القول وابلغ الموعظة واحسن القصص کتاب الله
အမှန်တကာ အမှန်ဆုံး စကား ၊ ပြေပြစ် ချောမော တကာပြေပြစ်ချောမောဆုံး ဆုံးမစကား ၊ အလှတကာ အလှဆုံး ဖြစ်ရပ်မှန် မှာ အလ္လာဟ် ၏ စာအုပ် (ကျမ်းတော်မြတ်ကုရ်အာန်) ဖြစ်ပါသည်။
ဗေဟာရွလ်အန်နဝါရ် ကျမ်း 77/116/8
============
251 / end
မဟာတမန်တော်မြတ် ကြီး (ဆွ) ၏ ကျမ်းတော်မြတ် ကုရ်အာန် ဆိုင်ရာ ဟဒီးစ်တော် ၅ ပါးကို ကျမ်းတော်မြတ် ကုရ်အာန် (၁) အမည် ဖြင့် အဗ်နာ ချ
၉ ဩဂုတ် ၂၀၁၇ - ၁၈:၂၆
News ID: 847217

မဟာတမန်တော်မြတ် ကြီး (ဆွ) ၏ ကျမ်းတော်မြတ် ကုရ်အာန် ဆိုင်ရာ ဟဒီးစ်တော် ၅ ပါးကို ကျမ်းတော်မြတ် ကုရ်အာန် (၁) အမည် ဖြင့် အဗ်နာ ချစ်ပရိတ်သတ်ကြီး အတွက် တင်ပြလိုက် ပါ တယ်။