အဲဟ်လေ့ဘိ
၁၄ ဩဂုတ် ၂၀၁၇ - ၁၉:၂၁
News ID: 848292
စစ်တွေ၊ သြဂုတ် ၁၅ ရက်။ ။ ရခိုင်မြောက်ပိုင်း မောင်တောဒေသက လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းဖို့ ပြည်ထောင်စု အစိုးရကနေ အင်တိုက် အားတိုက် ဆောင်ရွက်နေပြီး အဲဒီဒေသက ရခိုင်တိုင်းရင်းသားတွေ ကိုပါ ပြည်သူ့စစ်အသွင်သဏ္ဍန် စစ်သင်တန်းပေး၊ လက်နက်တွေ တပ်ဆင်ပေးသွားဖို့ စီစဉ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (စစ်တွေမြို့နယ် ဥက္ကဋ္ဌ) ဦးစံရွှေကျော်က ပြောပါတယ်။