၂၁ ဩဂုတ် ၂၀၁၇ - ၁၈:၃၁
ကယားပြည်နယ်ဒီချုပ်အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌကို ဖယ်ရှားပြီးဥက္ကဋ္ဌအသစ်ခန့်အပ်ထားဟု ဦးဝင်းထိန်ပြော ဆေးရုံတက်အနားယူစေခြင်းသည် ပါတီက အရေး

ကယားပြည်နယ် ဒီချုပ်အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဒေါက်တာခင်စည်သူကို ဖယ်ရှား ပြီး ဥက္ကဋ္ဌအသစ်ခန့်အပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုအလုပ်အမှုဆောင်အ ဖွဲ့အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်း ထိန်က ပြောသည်။ ဩဂုတ် ၂၀ ရက်ကနေပြည် တော်စည်ပင်ဧည့်ရိပ်သာရှိ ယူနီ စန်စားသောက်ဆိုင်တွင် ပြုလုပ် သော ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့အစည်းအဝေးအပြီး၌ ၎င်းက မီဒီယာများအား ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကယားပြည်နယ် ဒီချုပ်အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဒေါက်တာခင်စည်သူကို ဖယ်ရှား ပြီး ဥက္ကဋ္ဌအသစ်ခန့်အပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုအလုပ်အမှုဆောင်အ ဖွဲ့အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်း ထိန်က ပြောသည်။

ဩဂုတ် ၂၀ ရက်ကနေပြည် တော်စည်ပင်ဧည့်ရိပ်သာရှိ ယူနီ စန်စားသောက်ဆိုင်တွင် ပြုလုပ် သော ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့အစည်းအဝေးအပြီး၌ ၎င်းက မီဒီယာများအား ပြောကြားသည်။

‘‘ဦးဉာဏ်ဝင်းဦးဆောင်တဲ့ ကော်မတီကနေ သွားစစ်တဲ့အခါ မှာ ကြားဖြတ်ရွေးကောက်ပွဲကိုယ် စားလှယ်တစ်ယောက်စာရင်းပေး ဖို့ ပျက်ကွက်တာသူ့မှာတာဝန်ရှိ တယ်။ ဒါကြောင့် ဥက္ကဋ္ဌရာထူးက နေဖယ်ရှားလိုက်ပြီး ဥက္ကဋ္ဌအသစ် က ဦးသောင်းဌေး။ သူက ကယား ပြည်နယ်EC (အလုပ်အမှုဆောင်) ဖြစ်နေတာကြာလှပြီ။ မဲနဲ့ရွေး လိုက်တာ’’ ဟုဦးဝင်းထိန်က ပြော သည်။

ပြည်နယ်ဒီချုပ် ဒုဥက္ကဋ္ဌ အဖြစ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူကို ခန့်အပ်တာ ၀န်ပေးအပ်မည်ဖြစ်ကြောင်း ဦး ၀င်းထိန်က ဆက်လက်ပြောကြား သည်။

‘‘NLD ရဲ့ ပါတီစည်းကမ်းအ ရ လုပ်ထုံးလုပ်နည်းအရ စီအီးစီ ဆုံးဖြတ်ပြီးမှ ဥက္ကဋ္ဌကိုမဲပေးရွေး ရမယ်လို့ ထင်တယ်။ အဲဒီလို မဟုတ်တာကိုတော့ သိပ်ဘ၀င် မကျဘူးပေါ့နော်။ ကျွန်မနေရာမှာ ဘယ်သူလာလာ ဘယ်သူဖြစ်ဖြစ် ကျွန်မကပြဿနာမရှိပါဘူး။ သူ တို့က အပြစ်လို့ယူဆပြီးတော့ အပြစ်ပေးထားတယ်ဆိုတော့ရှင်း တာပေါ့နော်’’ ဟု ဥက္ကဋ္ဌနေရာ ဖယ်ရှားခံရသူ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူက ပြောသည်။

ကယားပြည်နယ်သို့ ဥက္ကဋ္ဌ နေရာရွေးချယ်ရာတွင် ပါတီ၏ ဗဟိုစီအီးစီက စာအနေဖြင့် အ ကြောင်းကြားစေလိုကြောင်း၊ ထို့ အပြင် စီအီးစီ၏ သဘောထားဖြင့် လာရောက်ရွေးချယ်စေကြောင်း၊ သို့သော် စာထုတ်ပြန်ခြင်းမရှိဘဲ ယခုကဲ့သို့ လုပ်ဆောင်ခြင်းကို မ နှစ်သက်ကြောင်း ဒေါက်တာ ခင်စည်သူက ပြောသည်။

‘‘ဒါက ပါတီရဲ့ပုံရိပ်ကို ကျ စေတယ်လို့ကျွန်မမြင်ပါတယ်။ အဓိကကတော့ လုပ်ထုံးလုပ်နည်း တကယ့်သံမဏိစည်းမျဉ်းတွေရှိ ပါတယ်။ အဲဒီအတိုင်းကို ကျွန်မ က လုပ်စေချင်တာပါ’’ ဟု ၎င်းက ပြောသည်။

ထို့အပြင် ဦးဝင်းထိန်ဆေးရုံ တက်ခြင်းကိစ္စသည် ပါတီကအင် တာဗျူးများမဖြေစေလိုသည့် သ ဘောဖြင့် ဆေးရုံတက်ခိုင်းခြင်း ဖြစ်သည်ဆိုသည့် သတင်းများ ထွက်ပေါ်ခြင်းအပေါ်လည်း ဦး ၀င်းထိန်က ငြင်းဆိုခဲ့သည်။

‘‘ကျွန်တော်လွန်ခဲ့တဲ့ ပထမ လွှတ်တော်မှာတုန်းက ရှမ်းပြည် သွားတယ်။ ကယားပြည်သွား တယ်။ အခေါက်ခေါက်အခါခါ သွားတယ်။ တစ်ခါတည်းမေ့လဲ သွားပြီးတော့ ဆေးရုံတက်ရ တယ်။ ဟိုတစ်လောကလည်း အဲ ဒီလိုပဲလေ။ ပူတာအိုသွားတယ်။ မွန်ပြည်နယ်သွားတယ်။ ကယား သွားတယ်ဆိုတော့ ပြန်သွားသတိ ရတယ် တူတယ်။ အဲဒါကို ဒေါ် အောင်ဆန်းစုကြည်က ကိုဝင်း ထိန်ဆေးရုံတက်ဆိုရင်းနဲ့ တက် လိုက်တာ။ ပါတီကအက်ရှင်ယူ တာမရှိပါဘူး’’ ဟု ၎င်းက ပြော သည်။

ထို့အပြင် ပြီးခဲ့သည့်လပိုင်း ကလည်း တောင်ကြီးနှင့်ချောင်းဆုံ မြို့တို့ရှိ ဒီချုပ်အလုပ်အမှုဆောင် များကို တာဝန်မှရပ်စဲခြင်းနှင့်ယာ ယီရပ်စဲခြင်းများပြုလုပ်သည့်အ ပေါ် ပြန်လည်စိစစ်ရန် အဖွဲ့ဖွဲ့ ထားပြီး အရေးမယူရသေးကြောင်း ၎င်းက ပြောကြားထားသည်။

=====================
251/ End